Pages

Thursday, December 30, 2010

ချစ်သူတွေမဖြစ်လိုက်ရတဲ့ ချစ်သူများ

ချစ်သူတွေမဖြစ်လိုက်ရတဲ့ ချစ်သူများ

တိတိကျကျ ချစ်သူတွေမဟုတ်ကြပေမယ့်
အလင်းနက်နက် ညဉ့်ယံတွေထဲ
ကြယ်တွေကို ရေတွက်ခဲ့ဖူးကြတယ် ....
တိတိကျကျချစ်သူတွေမဟုတ်ကြပေမယ့်
စူးစူးရှရှ သီချင်းသံစဉ်တစ်ပုဒ်ကို
အတူတူ ဆိုညည်းခဲ့ကြဖူးတယ် ......
တိတိကျကျ ချစ်သူတွေမဟုတ်ကြပေမယ့်
အနာဂါတ်ကောင်းကင်ယံမှာ
မျှော်လင့်ချက်တွေကိုယ်စီပျိုးခဲ့ကြဖူးတယ် ...
တိတိကျကျ ချစ်သူတွေမဟုတ်ကြပေမယ့်
အလွမ်းတွေရဲ့ သိုဝှက်မှုကိုယ်စီအောက်
ငါတို့ မနက်တွေ လင်း ခဲ့ကြဖူးတယ်
တိတိကျကျ ချစ်သူတွေမဟုတ်ကြပေမယ့်
နားလည်မှုကိုယ်စီပေးလို့....
ငါတို့ကိုယ်စီရောင့်ရဲခဲ့ကြဖူးတယ်
လက်ချင်းလည်းမတွဲခဲ့ကြဘူး
အနမ်းတွေလည်းမဝေခဲ့ဘူး
ဒီဆောင်းဦးမှာ.....အေးချမ်းမှုကိုယ်စီနဲ့
ကမ္ဘာတစ်ဖက်ခြမ်းစီပေမယ့်လည်း
ငါတို့သွေးတွေနီးနေခဲ့တယ် .....
ပြန်မဆုံနိုင်ကြတော့ပေမယ့်လည်း...
ငါတို့ဟာ...ချစ်သူတွေမဖြစ်လိုက်ရတဲ့ ချစ်သူတွေပဲကွယ် ။

သက်တန့်ချို

( ချစ်သူလည်းမဟုတ် သူငယ်ချင်းလည်းမဟုတ် တစ်ချိန်တုန်းက ဆံနွယ်တွေအပေါ် နေရာင်ခြည်ကျတိုင်းရွှေအိုရောင်မီးတောက်မီးလျှံတွေ နဲ့ ကျွန်တော့်ရင်ထဲ ကဗျာပေါင်းမြောက်များစွာ ဖြစ်ပေါ်စေခဲ့တဲ့ " သူမ " အတွက် )

No comments:

Post a Comment