Pages

Sunday, September 14, 2014

ဆိတ်သားဆီပြန်ဟင်း BurmeseSteamedSweetMutton


ဆိတ်သားဆီပြန်ဟင်း

Ingredients
ဆိတ်သား ၂၀ ကျပ်သား၊
ငရုတ်ကောင်း တစ်ဇွန်း၊
ဆီ ၅ ကျပ်သား၊
ဇီယာ လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊
ကြက်သွန်ဖြူ ၅ ဥ၊
သစ်ကြံပိုး ၂ ဥ၊
ကြက်သွန်နီ ၅ ဥ၊
ကရဝေးရွက် ၂ ရွက်၊
ငရုတ်သီးပွ ၄ ထောင့်၊
ဆား၊ နနွင်း၊ ချင်း၊ အချိုမှုန့် အနည်းငယ်၊
သံပရာသီး ၁ လုံး၊
မဆလာ ၁ ဇွန်း၊၊
Directions ဆိတ်သားများကို နုပ်နုပ်စဉ်းပါ။ သံပရာရည်နှင့် နာနာနယ်ပါ။ ငရုတ်၊ ကြက်သွန်၊ ဂျင်း၊ ဇီယာ၊ သစ်ကြံပိုး၊ ငရုတ်ကောင်း၊ အားလုံးထောင်းပါ။ စဉ်းထားသောအသားနှင့် ထောင်းထားသော ငရုတ်ကြက်သွန် နည်းနည်း၊ မဆလာနည်းနည်းတို့ဖြင့် ရောနယ်ပြီး အလုံးကလေးများ လုံးထားပါ။ ဆီအိုးတည်ပြီး ၎င်းအသားလုံးကလေးများအား အနည်းငယ်အသားတင်းရုံ ကြော်ပါ။ ကရဝေးထောင်းထားသော အမွှေးအကြိုင်များထည့်ပြီး ဆီသတ်ပါ။ အနည်းငယ်ကြော်ထားသော ဆိတ်သားလုံးကလေးများထည့်၍ မွှေပါ။ ရေအနည်းငယ်ထည့်၍ အဖုံးအုပ်ပြီးထည့်ပါ။ ဆိတ်သားလုံးနူးနေလျှင် မဆလာဖြူး၍ ဆီကျန်ရေကျန်မီးဖိုမှ ချပါ။ စားသုံးနိုင်ပါသည်။

No comments:

Post a Comment