Pages

Sunday, September 14, 2014

ထောပတ်ထမင်း BurmeseSweetRice


ထောပတ်ထမင်း

Ingredients
(လူ ၁၀ ဦးစာ)
ပေါ်ဆန်းမွှေး (ဆန်ဟောင်း) - နို့ဆီဗူး ၆ လုံး
ထောပတ် - ၁၀ကျပ်သား
ဆီ - ၂ ကျပ်ခွဲသား
သစ်ကြံပိုးခေါက် (၂” အရွယ်) - ၂ ခေါက်
ကရဝေးရွက် - ၃ ရွက်
လေးညှင်းပွင့် - ၆ ပွင့်
ဖာလာစေ့ - ၆ စေ့
သကြား - ၂ ကျပ်ခွဲသား
ဆား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ရေနွေး - နို့ဆီဗူး ၈ လုံး
သီဟိုစေ့ - ၂ ကျပ်သား
စပျစ်သီးခြောက် - ၂ ကျပ်သား
Directions
ဆန်ကိုရေဖြင့် ၂ကြိမ်ခန့် လျင်မြန်စွာဆေးပြီး ရေစစ်ထားပါ။ ထမင်းချက်မည့်အိုးတွင် ထောပတ်နှင့် ဆီကိုအပူပေးပါ။ အငွေ့ထွက်လျှင် သစ်ကြံပိုးခေါက်၊ ကရဝေးရွက်၊ လေးညှင်းပွင့်၊ ဖာလာစေ့ ထည့်၍ဆီသတ်ပါ။ ထို့နောက် ဆန်၊ ဆား၊ သကြားထည့်ပြီး အပေါ်ယံတွင် ရေမြုပ်ရုံထည့်၍တည်ပါ။ ရေခန်းစပြုလျှင် သီဟိုစေ့ နှင့် စပျစ်သီးခြောက်များ ဖြူးထည့်ပြီး နှံ့အောင် ခပ်ဖွဖွမွှေပေးပါ။ ထို့နောက် အဖုံးပိတ်ထားပြီး အောက်မီးရှိန် လျှော့ပါ။ အငွေ့ထွက်လာလျှင် အဖုံးဖွင့်ပြီး အသာအယာမွှေကာ အထက်အောက်လှန်ပါ။ အိုးကိုဖိုပေါ်တွင် အိုးနားပတ်လည်အစွန်း မီးရှိန်မျှတစွာရရန် အကြိမ်ကြိမ်လှည့်ပေးပါ။ ခေတ္တလှည့်ပေးပြီးလျှင် ထမင်းနပ်ပြီဖြစ်ပါသည်။

No comments:

Post a Comment