မင်္ဂလါပါ အားလုံးကိုကြိုဆိုပါတယ်။ ဥရောပရောက် မြန်မာများအတွက် ကဏ္ဍအစုံအလင်ကို တက်နိုင်သမျှ တင်ဆက်သွားမှာဖြစ်ပါတယ် ပညာရေး/စီးပွာရေး/နည်းပညာနဲ့ မာတီမီဒီယာ တိုဆွေးနွေးရာ ဘလော့တစ်ခုအဖြစ် ရည်၇ွယ်ပါတယ်။ကျေးဇူးတင်ပါသည်။

Sunday, July 25, 2010

ချစ်သူ

SonyStyle Magazine မှာ SONY NEX-3 / NEX-5 ကင်မရာကို မြင်ပြီး ကတည်းက SONY NEX camera တွေကို သဘောကျမိတာနဲ့ အင်တာနက်ထဲ လိုက်ရှာ ဖတ်မိပြီး ကျတော် သဘောကျမိတာပါ… ကျတော်ကိုယ်တိုင် ဝယ်ယူဖို့ မတတ်နိုင်တာနဲ့ ကုမ္ပဏီမှာ အသုံးပြုဖို့ ဝယ်ယူခွင့်တင်ပြီး ဝယ်လိုက်တာပါ… တကယ် ဝယ်ယူခွင့်လည်းပြုရော ရန်ကုန် SONY Expo 2010 မှာ ပြခဲ့တယ်ဆိုတဲ့ ဒီကင်မရာတွေကို Sony Showroom ကို မေးကြည့်တော့ မတင်သေးပါဘူး… ပွဲအတွက် နမူနာ သွင်းလာတာတဲ့… တကယ် မထွက်သေးဘူးလို့ showroom က ပြောပါတယ်… ရန်ကုန် Sony Showroom အထိ ဖုန်းဆက်မေးတာ ကျတော့်မှာ အရူး ၁-ယောက်လို ဖြစ်လို့… ဒါနဲ့ ဟိုဟို ဒီဒီ လိုက်မေးထားရင်းနဲ့ ကံကောင်းစွာနဲ့ Technoland ကို SONY NEX-3 ကင်မရာ 16mm f/2.8 lens ရောက်လာနဲ့ ဝယ်ဖြစ်သွားတာပါ… အင်တာနက်ထဲမှာ SONY NEX-3 ကင်မရာကို 16mm f/2.8 Lens နဲ့ဆို USD550 ဝန်းကျင်ခန့်ရှိပြီး 18-55mm f/3.5-5.6 OSS  lens နဲ့ဆို USD600 ဝန်းကျင်ဈေး ရှိပါတယ်… စင်္ကာပူမှာ SONY NEX-3 + 16mm + 18-55mm ကို SGD1200 ဝန်းကျင်နဲ့ရောင်းပါတယ်… တတ်နိုင်ရင်တော့ lens ၂-ခုနဲ့ဟာ ဝယ်ရင် ပိုကိုက်တယ်လို့ ထင်ပါတယ်… 


ဒီ SONY NEX-3 ကင်မရာ ကျတော့် လက်ထဲရောက်တာ ၂-ရက်ပဲ ရှိသေးတယ်ဆိုတော့ သိပ်တော့ အထာမကျသေးပါဘူး… ဥပမာ - Manual Exposure မှာ Shutter Speed နဲ့ Aperture ပြောင်းရ ခက်တာမျိုးပေါ့… အင်တာနက်က ဖတ်ထားတာတွေရယ်၊ ကင်မရာဘူးထဲက ပါလာတဲ့ Handbook ထဲက ဖတ်ထားတာတွေရယ်၊ ကျတော် SONY NEX-3 ကင်မရာကိုင်ရင်း သိသလောက်လေးတွေကို ဥာဏ်မှီသလောက် ဝေမျှ ပါရစေ…

Olympus / Panasonic တို့ထုတ်လုပ် အောင်မြင်နေတဲ့ EVIL (Electronic Viewfinder Interchangeable) Micro Four-Thirds cameras လိုင်းထဲကို Sony Alpha NEX-3 နဲ့ NEX-5 ထုတ်လုပ်ပြီး ဝင်ရောက်ခဲ့တယ်… ဒီ NEX-3/NEX-5 ကင်မရာ အရွယ်အစားဟာ DSLR ကင်မရာတွေထက် ပိုသေးပြီး Point-n-shoot camera / Prosumer camera အရွယ်အစားထက် အနည်းငယ်ကြီးပါတယ်… Sony Alpha DSLR ကင်မရာ တွေမှာ အသုံးပြုတဲ့ APS-C sensor ကို သုံးထားတာ ဖြစ်တဲ့အတွက် DSLR တွေရဲ့ ပုံထွက်ကိုမှီပြီး ဓာတ်ပုံရိုက်တာအပြင် HD video ကိုပါ ရိုက်ကူးနိုင်ပါတယ်… ကျတော် လေ့လာမိသလောက်က NEX-3 နဲ့ NEX-5 ရဲ့ ပထမ ကွာခြားချက်ကတော့ NEX-3 ကို polycarbonate
နဲ့ပြုလုပ်ထားပြီး NEX-5 ကိုတော့ magnesium alloy နဲ့ပြုလုပ်ထားပါတယ်… ဒုတိယ ကွားခြားချက်ကတော့ NEX-3 က HD video ရိုက်ကူးရာမှာ 720p HD video ကို stereo sound နဲ့သာ ရိုက်ကူးနိုင်မှာ ဖြစ်ပြီး NEX-5 ကတော့ 1080i HD video ကို ရိုက်ကူးနိုင်ပါတယ်… တတိယ ကွာခြားချက်ကတော့ NEX-5 မှာ Wireless Remote Commander နဲ့ ရိုက်ကူးနိုင်ပေမယ့် NEX-3 မှာတော့ ဒီလုပ်ဆောင်ချက် မပါဝင်ပါဘူး…

SONY NEX-3 ကင်မရာကို အနက်ရောင်၊ အနီရောင်၊ ငွေရောင် ဆိုပြီး အရောင် ၃-ရောင်နဲ့ ထုတ်လုပ် ရောင်းချ နေပါတယ်… 14.2-magapixel ဓာတ်ပုံရိုက် ကူးပေးနိုင်တဲ့ Exmor™ APS HD CMOS sensor (23.4 X 15.6mm)  နဲ့ BIONZ image processor ကို အသုံးပြုထားပါတယ်… ဒီကင်မရာမှာ lens တွေ အလဲအလှယ်နဲ့ တပ်ဆင်နိုင်တဲ့ E-mount အမျိုးအစား ဖြစ်ပြီး Sony Alpha camera lens များကို တပ်ဆင်လိုပါက ကြားမှာ adapater ခံပြီး တပ်ဆင်နိုင်ပါတယ်… Alpha lens များအပြင် Nikon, Canon Lens များကိုလည်း သက်ဆိုင်ရာ lens adapater ခံပြီး တပ်ဆင် အသုံးပြုနိုင်ပါတယ်…

ISO 200 ကနေ 12800 အထိ ပြောင်းလဲ ရိုက်ကူးနိုင်ရုံသာမက ISO ကို အလိုအလျောက် ချိန်ညှိပေးနိုင်တဲ့ Auto ISO စနစ်လည်း ပါဝင်ပါတယ်… Focus စနစ်မှာလည်း Auto Fous, Manaual Focus အပြင် DMF လို့ခေါ်တဲ့ Auto Focus ဖြတ်ပြီးတဲ့အချိန်မှာ focus စိတ်ကြိုက် ပြန်လည်ချိန်ညှိနိုင်တဲ့ စနစ်လည်း ပါဝင်ပါတယ်… 16mm လိုမျိုး တစ်လုံးထိုး Lens (Fixed Lens or Singale focus lens) တပ်ဆင် အသုံးပြုပါက အဝေးက အရာဝတ္တုများကို ဆွဲယူရိုက်ကူးနိုင်တဲ့ Precision Digital Zoom စနစ်ပါပါတယ်… ဒီ NEX ကင်မရာမှာ built-in flash မပါဝင်ဘဲ… ထပ်တပ်လို့ရတဲ့ flash လေးကို ကင်မရာနဲ့အတူ ဘူးထဲမှာ တစ်ခါတည်း ထည့်ပေးထားပါတယ်… ပြင်ပအလင်းပေါ် မူတည်ပြီး LCD brightness ကို အလိုအလျောက် ချိန်ညှိပေးတဲ့ စနစ်ပါဝင်ပြီး LCD ကို အထက်/အောက် ၂၅ဒီဂရီခန့် စောင်းနိုင်ပါတယ်… TV ပေါ်မှာ ဓာတ်ပုံ၊ ဗီဒီယိုများ ချိတ်ဆက်ကြည့်ရှုဖို့အတွက် HDMI port ပါဝင်ပြီး ကွန်ပျူတာနဲ့ ချိတ်ဆက်ဖို့ USB port ပါ ပါတယ်…

Sweep Panorama function ပါဝင်တဲ့အတွက် panorama ပုံများ ရိုက်ကူးရာမှာ shutter ခလုတ်ကို ၁-ချက် နှိပ်ပြီးတာနဲ့ မနှေး မမြန်လေး ရွှေ့လျား ရိုက်ကူးလိုက်တာနဲ့ အဆင်သင့် ပေါင်းစည်းပြီးသား panorama ပုံများကို ရရှိပါတယ်… firmware version 2 ဆိုပါက 3D Sweep Panorama funtion ထပ်တိုးလာမှာဖြစ်ပြီး ယင်း function နဲ့ရိုက်ကူးထားတဲ့ပုံများကို 3D TV များမှာ ပြန်လည် ကြည့်ရှုနိုင်ပါတယ်…

JPEG File format ရော RAW file format နဲ့ပါ ရိုက်ကူးနိုင်ပါတယ်… ဓာတ်ပုံ ration အနေနဲ့ 3:2 အပြင် 16:9 ပါ ပြောင်းလို့ရပါတယ်… ကင်မရာထဲမှာပင် Auto HDR ရိုက်ကူးပေးနိုင်တဲ့ လုပ်ဆောင်ချက်ပါဝင်လာပါတယ်…  ရိုက်ယူနေတဲ့  subjects ထဲက မျက်နှာတွေကိုရှာဖွေ စစ်ဆေးကာ focus, exposure, white balance စတာတွေကို အလိုအလျောက် ချိန်ညှိပေးနိုင်တဲ့ Face detection စနစ်၊ ကင်မရာဘက်ကို လှည့်ပြုံးပြလိုက်တာနဲ့ အလိုအလျောက်ရိုက်ကူး ပေးနိုင်တဲ့ Smile Shutter စနစ်တွေလည်းပါဝင်ပါတယ်…

ရိုက်ကူးနိုင်တဲ့ shoot mode တွေကတော့ Intelligent Auto, Program Auto, Aperture Priority, Shutter Priority, Manual Exposure, 3D Sweep Panorama (ဒီလုပ်ဆောင်ချက်က firmware version 2 မှာမှ စပါပါတယ်), Sweep Panorama, Anti Motion Blur, Scene Selection mode တွေပါဝင်ပါတယ်… ဓာတ်ပုံရိုက်ကူးရာမှာ normal mode မှာ 2.3fps နဲ့ရိုက်ကူးနိုင်ပြီး speed priority mode မှာဆိုရင်တော့ 7fps အထိ ရိုက်ကူးနိုင်ပါတယ်... ဓာတ်ပုံ၊ ဗီဒီယိုများ သိမ်းဆည်းဖို့အတွက် MS Duo Pro, SD, SDHC, SDXC memory card တွေ ထည့်သွင်း အသုံးပြုနိုင်ပါတယ်…

အားနည်းချက်အနေနဲ့ကတော့ lens ဖြုတ်လိုက်ရင် sensor ကို တိုက်ရိုက် ထိမိခိုက်မိနိုင် ပျက်စီးနိုင်ပါတယ်… lens အလဲအဖြုတ်လုပ်ရင်း sensor မှာ ဖုန်မှုန့်များ အလွယ်တကူ ကပ်နိုင်ပါတယ်… ကျတော့် ကိုင်နေတဲ့ Nikon D200 မှာ အသုံးများတဲ့ လုပ်ဆောင်ချက်တွေကို menu system ထဲဝင်စရာ မလိုဘဲ ခလုတ်များနဲ့ အလွယ်ကူ ပြောင်းနိုင်ပေမယ့် ဒီကင်မရာမှာတော့ ခလုတ်အနည်းငယ်သာ ပါဝင်တဲ့အတွက် တစ်ခုခ ပြောင်းချင်တိုင်း menu system ထဲဝင်ပြောင်းစရာလိုတဲ့ အတွက် အချိန်ပို ကုန်ပါတယ်… ဒါပေမယ့် DSLR ပုံထွက် မှီပြီး အလွယ်တကူ ပေါ့ပေါ့ပါးပါး သယ်လို့ရလို့ ကျတော်တော့ SONY NEX-3 camera ကို နှစ်သက်မိကြောင်းပါ…  


အောက်မှာ ပြထားတဲ့ ဓာတ်ပုံ ၂-ပုံက Sony NEX-3 နဲ့ရိုက်ထားတာပါ... ဓာတ်ပုံပေါ် ကလစ်ခေါက်ကြည့်ရင် ပုံကြီးကို ကြည့်နိုင်ပါတယ်...

SONY NEX-3 ISO200 16mm f/10 30sec
SONY NEX-3 ISO200 16mm f/7.1 30sec
Sony NEX-3 နဲ့စမ်းရိုက်ထားတဲ့ HD video ပါ...

more info:
အချစ်ဆိုတာ
ကျွန်တော့် အတွက်တော့
ရယူခြင်းလဲ မဟုတ်ဘူး
ပေးဆပ်ခြင်းလဲ မဟုတ်ဘူး
အချစ်ဆိုတာ---- ချစ်နေဖို့ပဲ ။

သူဟာ ကျွန်တော်နဲ့
ဝေးနေသည် ဖြစ်စေ
နီးနေသည် ဖြစ်စေ
ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ်
အမြဲထာဝရ ချစ်နေမှာပါ ။

Wednesday, July 21, 2010

အလုပ်အကိုင်ရှာဖွေရေး

kl central hotel
မိန်းမ ယောက်ကျား ၅ယောက်
လစာ ၈၅၀
၂ ပတ် ၁ ရက်နား
၂၆ ရက် နေ..စါး.ငြိမ်း

puchong

(၁၉)ဇူလိုင်အမှတ်တရ

(၁၉)ဇူလိုင်အမှတ်တရ

အမျိုးသားတို့  သိထားသင့်လို့ 

၁) မနှိုင်းနဲ့

“သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက်ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လိုကြင်နာတတ်တယ်”လို့ ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တစ်ခြားမိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့်ရတာ မင်္ဂလာတစ်ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူးစကားတွေထက် ပိုတန်ဖိုးပါတယ်။

၂) လျှစ်လျှူမရှူနဲ့

မိန်းကလေးတွေရဲ့ ခံစားမှုအာရုံက လှုပ်ရှားလွယ်တယ်။ ကိုယ်ချစ်တဲ့လူနဲ့ ပတ်သက်လာရင် မကောင်းတဲ့ဖက် တွေးမြင်လွယ်တယ်။ သဝန်တို၊ အူတိုလွယ်တယ်။ ကိုယ်အခက်အခဲ ကြုံတဲ့အခါ သူ့ကို ဖွင့်ပြောတိုင်ပင်ပြီး မျှဝေခံစားမယ်။ သူဝမ်းနည်းအားငယ်တဲ့အခါ လက်ကို တင်းတင်းဆုပ်ကိုင်ပြီး အကြင်နာငွေ့တွေနဲ့ ကူညီအားပေးမယ်။ အလုပ်မသွားခင် ပုစဉ်းရေနား အနမ်းလေးနဲ့ နှုတ်ဆက်မယ်၊ အိမ်ရောက်ရင်လည်း ပြန်ရောက်ကြောင်း ပွေ့ဖက်နှုတ်ဆက်မယ်။ အဲဒီလိုကိုယ့်အတွက် အပန်းမကြီးတဲ့ နှုတ်ဆက်ခြင်းတွေ၊ အပြုအမှုတွေက မိန်းကလေးတွေအတွက် တစ်သက်လုံး တွေးတိုင်း ကြည်နူးစေနိုင်ပါတယ်။

၃) မျက်နှာထား မပြနဲ့

မိန်းကလေးတစ်ယောက်ကို ဒေါသမျက်နှာနဲ့ တင်းပြတတ်တဲ့ ယောက်ျားလောက် ကြည့်ရဆိုးတာ မရှိဘူး။ ကိုယ်က အပြင်မှာ မအားမလပ် စီးပွါးရှာနေသလို သူလည်း အိမ်မှုကိစ္စ၊ ကလေးတွေနဲ့ အလုပ်ရှုပ်နေတယ်ဆို သတိရပေးပါ။ နောက်ကနေ လိုအပ်သမျှ ဖြည့်ဆည်းပေးတဲ့ သူရှိလို့ အပြင်မှာ ကိုယ်စိတ်ချလက်ချ အလုပ်လုပ်နိုင်တယ်ဆိုတာ သတိရပေးပါ။ ကိုယ်အလုပ်က ပြန်ရောက်ရင် “ မိန်းမရေ.. ပင်ပန်းနေပြီလား” နဲ့ “ မပင်ပန်းပါဘူး.. အပြင်ထွက် အလုပ်လုပ်တဲ့ ယောက်ျားက ပိုပင်ပန်းတာ” ဆိုတဲ့ အပြန်အလှန် စကားပုံရိပ်တွေက လှပတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ လူကို ကြည်နူးစေပါတယ်။

၎) ပြိုင်ကြတယ်

ယောက်ျားတွေက အလုပ်ပြိုင်၊ ရာထူးပြိုင်သလို မိန်းကလေးတွေလည်း ကိုယ့်ယောက်ျား၊ ကိုယ့်ကလေးအကြောင်း ပြိုင်တတ်ကြတယ်။ ဒါကြောင့် လူတွေရှေ့မှာ မိန်းကလေးတွေကို မဟောက်၊ မအော်ဘဲ အကြင်နာတွေ၊ ဂရုစိုက်မှုတွေ ပေးပါ။ တစ်ခြားမိန်းကလေးတွေ မနာလိုဝန်တို ဖြစ်စေလောက်တဲ့ အချစ်ကို ရထားတဲ့ မင်းသမီးလို့ သူ့ကိုယ်သူ ထင်မြင်အောင် ကြင်နာပြပါ။ သူဟာထက်မြက်တဲ့ မိန်းကလေးဖြစ်ခဲ့ရင် ကိုယ့်အပေါင်းသင်းရှေ့မှာလည်း ကိုယ့်ဟာ မိန်းမကိုဂရုစိုက် ကြင်နာသူအဖြင့် သူမျက်နှာသာ ပြန်ပေးပါလိမ့်မယ်။

၅) ကြည့်တတ်တယ်

မိန်းမလှလေးတွေ မြင်ရင် ယောက်ျားလေးတွေ ကြည့်တတ်ကြသလို ယောက်ျားလေး ချောချောတွေကို မြင်ရင်လည်း မိန်းကလေးတွေ ကြည့်တတ်ပါတယ်။ ဒါကို သဝန်တို၊ စိတ်တိုနိုင်ပေမယ့် ချောတဲ့ ယောက်ျားကိုကြည့်တဲ့ မိန်းကလေးရဲ့အကြည့်က ချောတဲ့မိန်းကလေးကို ကြည့်တဲ့ ကိုယ့်အကြည့်ထက် ရိုးသားပါတယ်။ မိန်းကလေးတွေ ကြည့်တဲ့အကြည့်က လှတဲ့ပစ္စည်းတစ်ခု၊ ပန်းချီကားတစ်ချပ်ကို ကြည့်ရှုခံစား သလိုပဲ ယောက်ျားလေးတွေလို ကြည့်ပြီး စိတ်ကူးယဉ်တာတွေ မပါပါဘူး။

၆) မရိုက်နဲ့

မိန်းကလေးတစ်ယောက်ကို ရိုက်တတ်တဲ့ ယောက်ျားလောက် အောက်တန်းကျတာ မရှိဘူး။ သူ့ကိုတကယ်ချစ်ရင် အပြန်အလှန် လေးစားမှုဆိုတာ ရှိသင့်တယ်။ လက်မပါသင့်ဘူး။ သူ့ကို မချစ်တော့ရင် ကိုယ့်နှလုံးသားကို ပြန်မေးကြည့်ပါ။ သူ့ကိုပျော်အောင် ဆက်ထားနိုင်မလား? တကယ်လို့ မထားနိုင်ခဲ့ရင် ဆုပ်ကိုင်မထားပါနဲ့။ လက်လွတ်လိုက်ပါ၊ သူ လွတ်လပ်ပါစေ။

၇) နူးညံ့ပါ

မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ထက်မြက်နေပါစေ ယောက်ျားတစ်ဦးရဲ့ ဦးဆောင်ဆုံးဖြတ်မှုကို ပိုအလေးထားကြတယ်။ ဒါမှ ကိုယ့်အတွက် ဘေးကင်းလုံခြုံတယ်လို့ ထင်တတ်ကြတယ်။ မိန်းမတွေဟာ ယောက်ျားတွေရဲ့ နူးညံ့ သိမ်မွေ့တာကို မလွန်ဆန်နိုင်ဘူး။ တကယ်လို့ မိန်းမတစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့မှုက ယောက်ျားတစ်ယောက်ကို ရင်ဆိုင်ဖို့ လက်နက်ဖြစ်ခဲ့တယ်ဆိုရင် ယောက်ျားတစ်ယောက်ရဲ့ နူးညံ့မှုက မိန်းကလေးအတွက် အဏှမြူပဲဖြစ်တယ်။ ဒါပေမယ့် မိန်းကလေးတွေမှာ မွေးရာပါ မိခင်စိတ်ရှိတာကြောင့် တစ်ခါတလေ ကိုယ့်ကို ကလေးလေးတစ်ယောက်လို အစစအရာရာ စိုးရိမ်စိတ်တွေပိုပြီး ဗျစ်တောက်ဗျစ်တောက် လိုက်ပြောမယ်။ အလိုလိုက်တတ်သလို၊ ဟိုဟာမလုပ်နဲ့ ဒီလိုလုပ်လို့ လိုက်စွက်ဖက်မယ်။ ဒါတွေကို အပြစ်မမြင် ဗွေမယူ၊ ဒေါသမထွက်ဘဲ နူးညံ့ပေးပါ။ သူဟာ မိခင်စိတ်ရှိတဲ့ မိန်းမသားဖြစ်နေလို့ပါပဲ။

၈) မိသားစုဟာ ပထမ

ယောက်ျားတွေဟာ အလုပ်ကို တာဝန်ယူရတယ်။ အလုပ်အတွက် စာရိတ္တ ကောင်းရတယ်။ အလုပ်ထဲမှာ ပျော်ရွှင်အောင် နေတတ်ဖို့နဲ့ အလုပ်ရဲ့ ကျေးကျွန်မဖြစ်ဖို့ သိတတ်ရတယ်။ အလုပ်လုပ်တာဟာ မိသားစု ပျော်ရွှင်ဖို့အတွက်၊ မိသားစု စားဝတ်နေရေးအတွက်ဆိုရင် ကိုယ်ချစ်တဲ့သူနဲ့ ကိုယ့်သားသမီးတွေ ပျော်ရွှင်ဖို့ ကိုယ်နဲ့အတူနေခွင့် အချိန်ကို မကြာခဏပေးပါ။

၉) ယောက္ခမဆိုတာလည်း မိဘပဲ

မိန်းမကို တကယ်ချစ်ရင် သူ့မိဘတွေကိုလည်း ချစ်ပါ။ စိတ်ထဲမှာ ဒါကိုယ့်မိဘတွေပဲလို့ ထည့်ထားပါ။ ယောက္ခမတွေကို ကိုယ့်မိဘအရင်းလို သဘောထားနိုင်ရင် သူတို့ကလည်း ကိုယ့်ကို သားအရင်းလို သဘောထားကြပါလိမ့်မယ်။ လူတွေက အသက်ကြီး အိုမင်းလာရင် ကလေးလေးနဲ့ တူသွားတတ်သတဲ့။ ဒါကြောင့် တစ်နေ့တစ်ခြား အိုမင်းလာတဲ့ ယောက္ခမ၊ မိဘတွေကို ကလေးတစ်ယောက် သဘောထားပြီး ဂရုစိုက်ပါ၊ ပြုစုပါ။ သူတို့ပျော်ရွှင်အောင် ချော့မြူပါ။ ကိုယ်လဲ တစ်နေ့နေ့မှာ အိုမင်းလာနိုင်တဲ့အတွက် ကြည့်မှန်တစ်ချပ်ကို ပြုလုပ်နေသလိုပဲ ကိုယ့်သားသမီးတွေ အတုယူနိုင်ဖို့ လူအိုတွေကို ဘယ်လိုဂရုစိုက် လေးစားရမယ်ဆိုတာကို သူတို့ သိမြင်ပါစေ။ ဒါမှ နောင်တစ်ချိန်မှာ ကိုယ့်ကို သူတို့ပြန်လေးစားပါလိမ့်မယ်။

၁ဝ) သစ္စာ၊ ယုံကြည်ခြင်း၊ ခွင့်လွတ်ခြင်း၊ နားလည်ခြင်း

လူနှစ်ယောက် ပေါင်းစပ်ဖို့ ဒါတွေ လိုအပ်ပါတယ်။ ကိစ္စတိုင်းကို ဖွင့်ပြော တိုင်ပင်သင့်တယ်ဆိုပေမယ့် တစ်ခါတလေ မတတ်သာတဲ့အချိန်မှာ ချိုသာတဲ့ မုသားကိုလည်း သုံးနိုင်ပါတယ်။ ပြဿနာတစ်ခုခု ရင်ဆိုင်ရပြီဆိုရင် မိန်းကလေးကို အပြစ်မတင်ခင် ကိစ္စတစ်ခုရဲ့ အတိမ်၊ အနက်ကို ဝေဖန်ပိုင်းခြားတတ်ဖို့ လိုပြီး ရှုထောင့် အဖက်ဖက်ကနေ အရင်ကြည့်ရှုခံစားပေးပါ။ မိန်းကလေးဖက်ကနေ ဝင်ရောက်ခံစားတတ်ဖို့လည်း လိုပါလိမ့်မယ်။ ကိုယ်ဟာ သူ့ရဲ့အချစ်ရဆုံးဖြစ်တဲ့အတွက် သူ့ကိုနားလည်ပေးပါ။ အားပေးပါ။ ခွင့်လွတ်ပေးပါ။

email တစ်စောင်မှ ကူးယူသည်။ ..
ညက ကျွန်တော် ဆိုကရေးတီးအကြောင်းကို ဖတ်ခဲ့တယ်။ သူ့ပြောခဲ့ဖူးတဲ့ စကားလေးကို ကြိုက်လို့ပါ။
တစ်နေ့မှာ ဆိုကရေးတီးဟာ ပန်းခြံထဲကို စာအုပ်ဖတ်ဖို့သွားတုန်း လူငယ်လေးတစ်ယောက်ငိုနေလို့ သူကမေးလိုက်တယ်” ဘာလို့ငိုနေတာလဲ ကောင်လေးရေ”။ ဒီတော့ အဲ့ဒီ့ကောင်လေးကပြောပြတယ်။ “ကျွန်တော့်ရည်းစားကောင်မလေး တခြားတစ်ယောက်နဲ့ကြိုက်သွားလို့ သူအသဲကွဲပြီးငိုနေတာ”တဲ့။ “ကျွန်တော်တော့ တကယ်ကိုဆုံးရှုံးသွားပြီသိလား။ ကျွန်တော်ဝမ်းနည်းတယ်ဗျာ”တဲ့။
ဆိုကရေးတီးက ကောင်လေးပြောတဲ့စကားကိုနားထောင်ပြီးခဏစဉ်းစားလိုက်တယ်။ ပြီးတော့သူက ကောင်လေးကိုပြောပြလိုက်တာက “ကောင်လေးရေ မင်းကဆုံးရှုံးသွားတာမဟုတ်ဘူး။ မင်းကောင်မလေးကရှုံးသွားတာ” တဲ့။ ”ဘာလို့လဲဆိုတော့ မင်းက မင်းကိုမချစ်တဲ့သူကိုဘဲ ဆုံးရှုံးရတာလေ။ ဒါပေမယ့် မင်းကောင်မလေးကတော့ သူ့ကိုတကယ်ချစ်တဲ့သူ တစ်ယောက်ဆုံးရှုံးသွားတာ”တဲ့။ ဒါကြောင့် သူငယ်ချင်တို့လည်း ဒီလိုကိစ္စမျိုးကြုံလာရင် နှလုံးသွင်းနိုင်အောင်လို့ပါ။ အသည်းကွဲခြင်းတွေ ပပျောက်ပါစေလို့ ဆုတောင်းရင်း----------။
ကော့်မန့် လေးထားခဲ့မယ်

You need to be a member of ကျောက်ပန်းတောင်းအသင်း to add comments!

Join ကျောက်ပန်းတောင်းအသင်း

nupyaehlaing Comment by nupyaehlaing on April 6, 2010 at 6:27pm
ထွန်းထွန်းရဲ “မငိုပါနဲကလေးရယ်” သီချင်းဆိုပြ လိုက်ပေါ့။

Latest Activity


ရည်းစားစါ

ဘုရားရတနာ တရားရတနာ သံဃာရတနား ရတနာမြတ်သုံး အပါးကို အပာံအကျွန်ုပ်သည်
ရိုသေမြတ်နိုးလက်စုံမိုး၍ ဦးစွာပထမ ရှိခိုးကန်တော့ အပ်ပါသည်။ ထိုမှတဖန်
အကျွန်ပ်ရင်တွင်းမှ ၀ိညာဉ် နာမ်ရုပ် ဖဿ ပာူသော ပရိစ္စ
သမ္မုပ္မတ်စက်ဝိုင်းအား ကျော်လွန်၍ ရိုသေလေးမြတ်စွာ
စာရေးအစီအရင်ခံလိုက်ပါသည် ချစ်နှမ။ ချစ်နှမ၏ မျက်နှာကို မြင်ရသည့်နေ့မှစ၍
မောင့်မှာ နှမ၏ လှပသော ရူပါရုံကြောင့် အူတွေဘာတွေခုန်ကာ
မနေနိုင်မထိုင်နိုင် မျောက်မီးခဲကိုင်မိသလို ကျွမ်းပြန်နေရပါပြီ။
နှမအပေါ်တွင် မောင့်မှာမေတ္တာစိတ်များ တစ်နေ့ တစ်ခြား ပွားများလာကာ
အတ္တလန္တိတ်သမုဒ္ဒရာကြီးထဲက လှိုင်းတန်ပိုးများကဲ့သို့ တလုံးပြီး တလုံး
ထကြွလာပါတော့သည်။ နှမစိတ်ကြောင့် မောင့်မှာ အခွေ့ခံရပါပြီ။
မောင့်ကိုသနားရင်ချစ်ပါ။ နှမက ချစ်မယ်ဆိုရင် မောင်ကအုန်းသီးပေးမယ်။
နှမ၏မျက်နှာကလေးကို မြင်ရတိုင်းမောင့်စိတ်ထဲမှာ ဖရဏာ ပီတိ ဂွမ်းဆီထိသလို
အကြိမ်ကြိမ် ဖြစ်မိပါပြီ။ မောင့်မှာ နှမအတွက် ပင့်သက်ကို အနိုင်နိုင် ရှူ
နေရပါသည်။ သနားတော်မူပါ အိုချစ်နှမ။
မောင့်မှာ ကံမ္မ၀ဋ်စရ ကုသိုလ်ကံကြောင့် ဆိုက်ကားနင်းနေရသော်လည်း
မောင်တို့အမျိုးပာာ မညံ့ခဲ့ပါ။ မောင့်အမျိုးဟာ ကုန်းဘောင်အဆက်ပါ။
ဧရာဝတီမှာ သဘောင်္ကုန်းဘောင်ဆက်သော ခေါ်တောကုလားဟာ မောင့်ဦးလေးပါ။
မောင်တို့အမျိုးပာာ ဆိုရင် ယနေ့ယခု သြကာသလောကတိုင်အောင်
ဘုရားအထူးခံနေရဆဲပါ။ မောင့်ဘိုးအေဟာ ကျောင်းထိုင်ဆရာတော်ကြီး
ဦးသောဘိတပါ။ မောင်ဟာအင်္ဂလိပ်စာမတတ်သော်လ ည်း သပိတ်မှောက် ကျောင်းသား
အစစ်ပါ။ ဦးသောဘိတကျောင်းမှာ ဘုန်းကြီးကျောင်းသားလုပ်နေစဉ်အခါတုံးက
သူ့သပိတ်ကို သယ်ပေးရင်းက သပိတ်မှောက်ကျခဲ့တာပါ။ ဒါကြောင့် သုံးဆယ်ရှစ်ဖြာ
တစ်ရားတော်နဲ့အညီ လူတဖက်သားအား မေတ္တာတော် ပွားများ၍ ချိုသည်၊ ခါးသည်၊
အီ၂လီကို စာပြန်ပေးတော်မူပါ ချစ်နှမ
ချစ်နှမအတွက်
သောက ပဋိဒေ၀ ဒုက္ခဒေါမဏဿမီး
တောက်လောင်နေသူ.. ပုံ.. သာဂိ..ခတ္တ

။အရက်ဖြူဆိုင်
မှတ်ချက်။။။။သူငယ်ချင်း တယောက်ပေးပို.သောမေးလ်မှ ကူယူဖော်ပြပါသည်။။ရယ်နိုင်ကြပါစေ။။။

ကောင်လေး...ကောင်မလေး



ကောင်မလေး မနက်ကတည်းက ကောင်လေးရဲ့  မက်ဆေ့ခ်ျကို စောင့်နေခဲ့တယ်… ဖုန်းကို ပဲ ထုတ်ထုတ်ကြည့်နေမိလို့ လမ်းကူးတာတောင် ကားမကြည့်ပဲ ကူးဖြစ်ခဲ့တယ်… တော်သေးတာက ကားရှင်းနေလို့ပေါ့… ကောင်လေးမနေ့က
ပြောထားတာက ဒီနေ့ သူတို့ ကျောင်းဆင်းရင် တွေ့ကြမယ်တဲ့… ကောင်လေးက ဒီလို အမြဲပြောနေကျပါ…
ဒါပေမယ့် အမြဲ ပျက်ကွက်တာချည်းပဲ… ဒီတော့ ကောင်မလေးလဲ ဒီတစ်ခါသိပ်မမျှော်လင့်ရဲဘူး…

ကျောင်းခန်းထဲရောက်လို့ စာသင်နေချိန်မှာလည်း ကောင်လေးဆီက ဘာအဆက်အသွယ်မှ မရခဲ့ဘူး… ကောင်မလေးဘက်က စပြီးဆက်သွယ်လည်းရပါတယ်… ဒါပေမယ့် ကောင်မလေးက မာနတစ်ခွဲသားနဲ့ သူကြင်မှ ငါကြင်မယ်ဆိုတဲ့
အစားထဲကလေ… ဒီလိုနဲ့ နေ့လည်စာ စားတဲ့ အချိန်မှာလား ဘာအဆက်အသွယ်မှ မရခဲ့ဘူး…

ကောင်မလေး အရင်နေ့တွေဆိုရင် ကောင်လေးက စာဂျပိုးမှန်းသိတော့ ဒီလောက်အထိ ကောင်လေးရဲ့  အဆက်အသွယ်ကို မျှော်လေ့မရှိဘူး… ဒီနေ့ကတော့ သူတို့ နှစ်ယောက်ရဲ့  လပတ်လည်လေ… သူတို့က လတိုင်းလတိုင်း
တန်ဖိုးထားပြီး ကျင်းပလေ့ရှိတဲ့ နေ့တစ်နေ့ပေါ့… ကောင်မလေးဘက်က ပိုပြီး အလေးထားတယ်ဆိုရင်
ပိုမှန်မယ်… အဲဒီနေ့ ရောက်ရင် သူမကပဲ အမြဲတမ်း စစပြီး သတိပေးတာ … ဒါပေမယ့် ကြာလာတော့
မတရားဘူးထင်လာပြီး ကောင်လေး စပြောမှပဲ သူမပြောတော့မယ်ဆိုပြီး စိတ်ဆုံးဖြတ်ထားတယ်…

ကောင်လေးဆီက အဆက်အသွယ်ကို သူမထပ်မမျှော်တော့ဘူး… ပြီးတော့ မနေ့ကလည်း သူတို့ ကျောင်း အပြီးတွေ့ မယ်ဆိုပြီး ချိန်းထားတာ ကောင်လေးဘက်ကပဲ စပြီး ပျက်ကွက်ခဲ့တယ်ဆိုတော့ ဒီနေ့လည်း ဒီအချိုးပဲ လာလိမ့်မယ်လို့
ကောင်မလေးထင်ထားတယ်… တကယ်တော့လည်း သူမထင်ထားသလိုပါပဲ ညနေ ကျောင်းဆင်းခါနီး ကောင်လေးဆီက
မက်ဆေ့ခ်ျဝင်လာခဲ့တယ်… ဒီနေ့ လပတ်လည်နေ့မှန်းသူသိပါတယ်တဲ့ … ဒါပေမယ့်... သူဒီနေ့ ပရော်ဂျက်တွေနဲ့
ဒက်လိုင်း တွေနဲ့ ရှုပ်နေလို့ မနက်ဖြန်မှပဲ တွေ့တော့မယ်လို့ ကတိပေးပါတယ်တဲ့… အရမ်းချစ်ပါတယ်တဲ့…

ကောင်မလေးက ဒီလို ဖြစ်မယ်မှန်း အစကတည်းက ရိပ်မိနေပေမယ့်… ဒေါသတော့ဖြစ်မိတယ်… ကောင်လေးဆီဖုန်းကောက်ဆက်ပြီး ပြဿနာရှာလိုက်တယ်… ကောင်လေးကို အပြစ်တင်တယ်… ထွက်ပေါက် အမျိုးမျိုးရှာပြီး ဒေါသထွက်လိုက်တယ်…
သူမပြောချင်ရာပြော ဒေါသထွက်ချင်သလိုထွက်နေတာကို ကောင်လေးက မဟုတ်ပါဘူး… ဆိုတဲ့ စကားတစ်ခွန်းထဲနဲ့ပဲ
ဖြေရှင်းတယ်… ကောင်မလေး ပြောလို့ ၀လို့ ဖုန်းချလိုက်ပြီးမှ… ကောင်မလေး စိုးရိမ်မိတယ်…
ကောင်လေးဘက် က ဘယ်လောက်ပဲ ပျက်ကွက် ပျက်ကွက် သစ္စာမဖောက်သ၍ သူမ က ကောင်လေးကို မဆုံးရှုံးချင်ဘူးလေ…
ဒီတော့ သူမခုနက သူ့ကို အော်ဟစ်ကျိမ်းမောင်းခဲ့တာတွေကို ထေမိအောင် … အရမ်းချစ်ပါတယ်
ဆိုတဲ့ မက်ဆေ့ခ်ျလေးကို ကောင်လေးဆီပြန်ပို့ခဲ့တယ်…

ဒါပေမယ့် သူမက ကောင်လေးကို ဒေါသထွက်နေတုန်းပဲ… စိတ်လိုက်မာန်ပါလုပ်လို့ ဆုံးရှုံးမှာကြောက်လို့သာ အလျှော့ပေးချင်ယောင်ဆောင်ခဲ့တာ စိတ်ကတော့ဆိုးတုန်းပဲ… ဒါကြောင့် ကောင်လေးကို သူမဘက်ကစပြီး
အဆက်အသွယ် မလုပ်ဘူး… ကောင်လေးက အဆက်အသွယ်လုပ်မှပဲ စကားပြန်ပြောတယ်… ဒါပေမယ့် သူမဒီလိုလုပ်တာလည်း
အရာတော့ မရောက်ပါဘူး… ကောင်လေးက သိမှမသိပဲကိုး…

နောက်နေ့လည်း ကောင်မလေးဘက်ကစပြီး ကောင်လေးဒီနေ့ တွေ့မယ်လို့ ကတိပေးထားတဲ့ အကြောင်းတွေကို ဘာမှ အစမဖော်သလို မျှော်လည်း မမျှော်လင့်တော့ပဲ ကျောင်းက စောစောပြီးတဲ့ အတွက် ကျောင်းနားက ဘက်စ်ကားဂိတ်ကို
နေပူကျဲကျဲထဲ လမ်းလျှောက်လာခဲ့တယ်… ဒီအချိန်မှာ ကောင်လေးဆီက ဖုန်းဝင်လာတယ်… ဘယ်မှာလဲလို့
ကောင်လေးက မေးတော့ ကောင်မလေး ကျောင်းနားမှာပဲ ရှိတာသိတာနဲ့… အပြင်မှာ နေအရမ်းပူနေတယ်တဲ့…
ကျောင်းထဲပြန်သွားပြီး ကျောင်းမှာ စောင့်နေပါတဲ့…

ကောင်မလေးကလည်း အံ့သြသွားတယ်… ဘာလို့လဲဆိုတော့ ကောင်လေးက ကောင်မလေးရဲ့  ကျောင်းကို တော်ရုံတန်ရုံလာခဲတာကိုး… ကောင်လေးရဲ့  အိမ်နဲ့ သူမကျောင်းနဲ့ နဲနဲဝေးတာက တကြောင်း… စာဂျပိုးဆိုတော့ စာမလုပ်ရတဲ့
မိနစ် စက္ကန့်တိုင်းက အချိန်ကို ဖြုန်းတီးတာနဲ့တူတယ်လို့ မှတ်ယူထားတာက တကြောင်းကြောင့်
သိပ်မရောက်လာဖြစ်ဘူး… ဒီနေ့တော့ လာမယ်ဆိုတော့ သူပြောတဲ့အတိုင်း ကျောင်းထဲပြန်ဝင်ပြီး
အေးအေးဆေးဆေး ထိုင်စောင့်နေလိုက်တယ်…

နောက် တစ်နာရီလောက်နေတော့ ကောင်လေး ရောက်လာခဲ့တယ်… နေပူထဲမှာ ပြေးလာရတဲ့ ပုံပဲ ချွေးတရွှဲရွှဲနဲ့ ဟောဟဲဟောဟဲကို ဖြစ်လို့… လက်ထဲမှာလဲ ညစာပါလာတယ်ဆိုတော့ သူတို့ ကျောင်းမှာပဲနေဖြစ်မယ့်
သဘော… သူတို့ နှစ်ယောက် ချိန်းတွေ့ လိုက်ရင်လည်း ကောင်လေးရဲ့  ကျောင်း ဒါမှမဟုတ်… ကောင်လေး
အိမ်နားက လိုင်ဘရေရီ… လိုမျိုး စာလုပ်လို့ ရတဲ့ နေရာတွေမှာချည်းပဲလေ… ကောင်လေးက အမြဲစာလုပ်ချင်နေတာကိုး…
ကောင်မလေးကလဲ ရုပ်ရှင်ကြိုက်သမားဆိုတော့ အလိုက်သင့်ပဲကောင်လေး အလိုကိုလိုက်လိုက်တယ်…
သူစာလုပ်နေတုန်း သူမလဲ သူမလက်ပ်တော့ပ်ထဲက ရုပ်ရှင်တွေထိုင်ကြည့်နေလို့ ရတယ်လေ… ကောင်လေးကလဲ
သူမကို စာလုပ်ဖို့ပြောပါတယ်… သူမကိုက မလုပ်ချင်တာ…

ကောင်လေး ကောင်မလေးဘေးဝင်ထိုင်တော့ မေးတယ်… ဒီနေ့ ဘာနေ့လဲ သိလားတဲ့… ဒါနဲ့ကောင်မလေးက အဲဒါမနေ့တုန်းက ပြောရမယ့် စကားလို့ ပြောတော့… ကောင်လေးက… မဟုတ်ဘူးတဲ့ ဒီနေ့က မှတကယ့် အထိမ်းအမှတ်နေ့တဲ့…
ဒီလိုနဲ့ ကောင်မလေးနဲ့ ကောင်လေး စကား အခြေအတင် ရန်ဖြစ်ကြပါတော့တယ်…

အမှန်က ကောင်လေးက ကောင်မလေးကို စပြီး ရည်းစားစကားပြောတဲ့နေ့က ၁၄ရက်နေ့… ကောင်မလေးက ကောင်လေးက အဖြေပြန်ပေးတဲ့နေ့က ၁၃ရက်နေ့ သောကြာနေ့… ကောင်မလေးက ၁၃ရက်နေ့ကို နှစ်ပတ်လည်နေ့ / လပတ်လည်နေ့
အဖြစ်ထားတာ ကြိုက်တယ်… ဘာလို့လဲဆိုတော့ ကောင်မလေးက အဲဒီနေ့လေးကို ထူးထူးခြားခြားနေ့လေးလို့
ထင်လို့ အဲဒီနေ့က တချို့ လူတွေက နိမိတ်မကောင်းဘူး လို့ထင်တဲ့ Friday the 13th
လေ… ပြီးတော့ ကောင်မလေး အဖြေပေးလို့ သာ သူတို့ နှစ်ယောက်ရည်းစားဖြစ်ရတာဆိုပြီး ကောင်မလေးက
အဲဒီနေ့လေးကို သတ်မှတ်ချင်တာ…

ဒါပေမယ့် ကောင်လေးကတော့ အဲဒီနေ့က ၁၃ ဖြစ်တဲ့အတွက် မယူသင့်ဘူးထင်ပြီး ၁၄ရက်နေ့ကိုပဲ သူတို့ နှစ်ယောက်ရဲ့  ချစ်သူများနေ့ အဖြစ်ထားချင်တာ… ပြီးတော့ သူက ချစ်တယ်ဆိုတဲ့ စကားစပြောလို့သာ သူတို့
နှစ်ယောက် ချစ်သူဖြစ်ဖို့ အကြောင်းဖန်လာတာဆိုပြီး ကတ်သီးကတ်သပ်ပြောတယ်… အင်း… ဒီပြဿနာကတော့
သူတို့ နှစ်ယောက် လတိုင်းလိုလို စကားများရတဲ့ အကြောင်းအရာတစ်ခုပေါ့လေ… ဘယ်သူမှန်လဲတော့
အခုထိ သေသေချာချာ မဆုံးဖြတ်ရသေးဘူး ဆိုပဲ… သူတို့ကို ကူညီလိုက်ကြပါဦးနော်…

ခင်မင်စွာဖြင့်

ယမမင်းလေးမှကူးယူဖေါ်ပြသည်။

Sunday, July 18, 2010

HIV ကာကွယ်ကုသဆေး

HIV ကာကွယ်ကုသဆေးဆိုတာ နောက်ဆုံးတော့ တကယ်ပေါ်လာခဲ့ပါပြီ

 

အေအိုင်ဒီအက်စ် ရောဂါကို ထိရောက်စွာ ကာကွယ်နိုင်စွမ်းရှိသည့်
ပဋိဇီဝပစ္စည်း(antibody) တစ်ခုကို ဓာတ်မတည့်ခြင်းနှင့်
ကူးစက်ရောဂါများဆိုင်ရာ အမေရိကန် အမျိုးသားတက္ကသိုလ် (National Institute of
Allergy and Infectious Diseases) မှ သုတေသီများက တွေ့ရှိခဲ့ကြသည်။

ထိုပဋိဇီဝပစ္စည်းကို တွေ့ရှိလိုက်ခြင်းသည် ကုရာနတ္ထိဆေးမရှိဖြစ်သော ခုခံအားကျဆင်းမှု
ကူးစက်ရောဂါကြီးအတွက် ထိရောက်သော ကာကွယ်ဆေးနှင့် ကုသဆေးများ
ပေါ်ပေါက်လာစေရန် သေချာသွားခဲ့ပြီဟု သုတေသီများက မှတ်ချက်ပြုကြသည်။ ထို
စွမ်းရည်မြင့်ပဋိဇီဝပစ္စည်း (Super Antibodies) ကို အခြေခံ၍ ထုတ်လုပ်သော
ကာကွယ်ဆေးသည် လူတိုင်း၏ ခန္ဓာကိုယ်တွင် အလားတူ
စွမ်းရည်မြင့်ပဋိဇီဝပစ္စည်းများ ထွက်ပေါ်လာစေကာ HIV ပိုး ကူစက်မှုကို
ခံနိုင်ရည်ရှိစေမည်ဟု မျှော်လင့်ထားကြောင့် အဆိုပါ ပညာရှင်များက
ပြောကြားခဲ့ကြသည်။

ရှေးယခင်ကတည်းက HIV ဗိုင်းရပ်စ်ကို သတ်နိုင်မည့် ပဋိဇီဝပစ္စည်းအမျိုးမျိုးကို ပညာရှင်များ ကြိုးစား ဖော်ဆောင်ခဲ့သော်လည်း
HIV ပိုးကို သတ်နိုင်သော ပဋိဇီဝပစ္စည်းများ ပေါ်ပေါက်လာခဲ့သော်လည်း
အဆိုပါပိုး၏ ဗီဇမျိုးစိတ် (Strain) ၂ ခုခန့်ကိုသာ ချေမှုန်းနိုင်မည်
ဖြစ်သောကြောင့် ရလဒ်များမှာ ကျေနပ်ဖွယ် မထူးခြားခဲ့ပါ။ လွန်ခဲ့သော
နှစ်အနည်းငယ် အတွင်းကမူ ဗီဇမျိုးစိတ်ပေါင်း မြောက်မြားစွာအထိ
ဖယ်ရှားသုတ်သင်နိုင်မည့် ပဋိဇီဝပစ္စည်းများ ပေါ်ပေါက်လာခဲ့ ပြန်သော်လည်း ထို
ပဋိဇီဝပစ္စည်းများ၏ အစွမ်းသည် ကာကွယ်နိုင်သော ဗီဇမျိုးစိတ် အရေအတွက် ၄၀%
လုံးဝမကျော်ခဲ့သဖြင့် ဆေးဝါးတစ်စုံတစ်ရာ ထုတ်လုပ်နိုင်ရန် မဖြစ်နိုင်သော
အနေအထား ရှိခဲ့သည်။

ယခုတွေ့ရှိရသော စွမ်းရည်မြင့် ပဋိဇီဝပစ္စည်း ၃ ခုကမူ HIV ဗိုင်းရပ်စ်အားလုံး၏ ၉၁% ဗီဇမျိုးစိတ်များကို
ဖျက်ဆီးဟန့်တားနိုင်ကြောင်း နှင့် အဆိုပါ ပဋိဇီဝ ပစ္စည်းများ၏ အသေးစိတ်
အကြောင်းအရာများကို ယခုလ ၉ ရက်နေ့ထုတ် Science ဂျာနယ်တွင်
ဖော်ပြပါရှိခဲ့သည်။ ယခုလေ့လာမှု၏ သုတေသီတစ်ဦး ဖြစ်သော ဒေါက်တာဂရေးနေဘယ်လ်က
အဆိုပါ ဆောင်းပါးတွင် “ပိုးကို ပြန်တိုက်နိုင်တဲ့ ပဋိဇီဝပစ္စည်း ဆိုတာဟာ
ပိုးဝင်ပြီး နောက်မှ ခန္ဓာကိုယ်က ထုတ်လို့ ရတာဖြစ်ပါတယ်။
ရောဂါတော်တော်များများမှာ ပဋိဇီဝပစ္စည်းက ပိုးကို နောက်ဆုံးမှာတော့
သတ်ပစ်လိုက်နိုင်တာပါပဲ။ ဒါပေမယ့် HIV ပိုးဟာ တခြားဗိုင်းရပ်စ်တွေနဲ့ မတူပဲ
ပြင်းထန်လွန်းတဲ့အတွက် သူက ခုခံအားစနစ် (Immune System) ထက် လက်ဦးမှု
ရယူကာ ခုခံအားစနစ်ကိုပါ ဖျက်ပစ်လိုက်တဲ့အတွက် သူ့ကူးစက်မှုဟာ ရာသက်ပန်
ဖြစ်သွားရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ HIV ဗိုင်းရပ်စ်အရင်
လက်ဦးမှု ရယူကာ ပဋိဇီဝပစ္စည်း အရင်ထုတ်နိုင်မယ့် ကာကွယ်ဆေးကို
ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ပြီး ကြိုးစားနေကြပါတယ်”
ရေးသားဖော်ပြထားသည်ကို တွေ့ရပါသည်။

လက်ရှိ ဗြိတိန်တစ်နိုင်ငံတည်းတွင်ပင် HIV ပိုးရှိပြီး AIDS ရောဂါအဖြစ်
ကူးပြောင်းနေသူ ၇၃,၀၀၀ ရှိနေပြီး ထိုလူများထဲမှ ၃၀%သည် ၄င်းတို့၌
ပိုးရှိမှန်းပင် မသိကြသေးကြဟု ကျန်းမာရေး ပါရဂူများက ခန့်မှန်းထားကြသည်။
ထို့ပြင် ယနေ့ကမ္ဘာပေါ်၌ လူပေါင်း ၃၃ သန်းတွင် HIV ပိုး ရှိနေကြပြီး
အဆိုပါပိုး စတင်ပေါ်ပေါက်လာခဲ့သော ၁၉၈၀ ပြည့်နှစ်များကတည်းမှ ယနေ့အထိ
လူပေါင်း ၂၅ သန်းကျော် AIDS ရောဂါကြောင့် သေဆုံးခဲ့ပြီး ဖြစ်ကြသည်။

AIDS ရောဂါ
တိုက်ဖျက်ရေး လုပ်ငန်းများအတွက် ရန်ပုံငွေ
ရှာဖွေပေးနေသူ နှစ်ဦး ဖြစ်သည့် ဘောလုံးအားကစားသမား ဒရော့ဘာနှင့်
ဂီတပညာရှင် ဘိုနို

လက်ရှိအခြေအနေတွင် AIDS ဝေဒနာသည်များသည် ကာကွယ်ဆေးရော ကုသဆေးပါ မရရှိနိုင်သေးဘဲ ရှုပ်ထွေးသော
ဓာတုဆေးဝါး အပြင်းစားများနှင့်သာ အသက်ဆက်နေရသည်သာ ဖြစ်ပြီး
ကမ္ဘာတစ်ဝန်းတွင်လည်း ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် ကြားမှ
ပိုးကူးစက်နှုန်းများ တစ်နှစ်ထက် တစ်နှစ် များပြား လာနေရာ ယခုတွေ့ရှိချက်မှ
ဆေးဝါး တစ်စုံတစ်ရာ ရရှိခဲ့လျှင်တော့ အထက်ပါ အရေအတွက်နှုန်းထားများကို
သေချာပေါက် လျှော့ချနိုင်မည် ဖြစ်ပါသည်။



HIV ပိုးသည်
တည်ဆောက်ပုံအားဖြင့် လူသား၏ ခုခံအားစနစ်မှ
တိုက်ထုတ်ရန် မှတ်သားနိုင်ခြင်းစွမ်း လုံးဝ မရှိသော သကြားဓာတ်ဖြင့်
ဖုံးအုပ်ကာကွယ်ထားသည့် ဆူးချွန်လေးများ ရှိပြီး သူ၏ မျိုးရိုးဗီဇကိုလည်း
အချိန်နှင့်အမျှ ပြောင်းလဲပစ်နိုင်စွမ်းရှိသလို ခုခံအားစနစ်ကိုလည်း
ထိရောက်စွာ ဖျက်ဆီးပစ်နိုင်စွမ်း ရှိခြင်း တို့ကြောင့် ၄င်းကို သတ်ရန်
ထွင်လိုက်သမျှ ဆေးများ၏ ပစ်မှတ်ကို လွဲချော်စေခဲ့သည်။

ထိုအကြောင်းအချက်များကြောင့်

၎င်းပိုးအတွက် ကာကွယ်ဆေး ဖော်စပ်နိုင်ရန်မှာ လုံးဝနီးပါး မဖြစ်နိုင်ဟု
ပညာရှင်အများစုက ထင်မြင်ယူဆခဲ့ကြသည်။ ပြီးခဲ့သော စက်တင်ဘာက
ထိုင်းနိုင်ငံအခြေစိုက် ကျန်းမာရေးသုတေသနအဖွဲ့ တစ်ခု၏ HIV ပိုးကူးစက်မှုကို
၃၀% အထိ တားဆီးနိုင်သည့် ဆေးဝါးပေါ်ထွက်လာသည်ဆိုသော သတင်းကို ကမ္ဘာတစ်ဝန်း
ကြားသိခဲ့ရသော်လည်း တကယ့်တကယ်တော့ သိပ္မံနည်းကျ စာရင်းဇယားတကျ
အစွမ်းမထက်ပါဟု ခွဲခြမ်းစိတ်ဖြာ လေ့လာချက်များအရ တွေ့ရှိခဲ့ရသည်။

ယခု ပဋိဇီဝဆေးကို တွေ့ရှိရခြင်းမှာ HIV ပိုး၏ ဗီဇမျိုးစိတ် တည်ဆောက်ပုံသည် မည်မျှပင် အချိန်နှင့်အမျှ
ပြောင်းလဲနေစေကာမူ လုံးဝမပြောင်းလဲဘဲ ကျန်နေတတ်သော အစိတ်အပိုင်းများကို
ဗြိတိန်သုတေသီများက တွေ့ရှိခဲ့ရာမှ အဆိုပါ မပြောင်းလဲသော ဗီဇမျိုးစိတ်
အပိုင်းများကို တိုက်ခိုက်ရန် စွမ်းရည်မြင့် ပဋိဇီဝပစ္စည်းကိုပါ
ထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်ပါသည်။

ထိုစွမ်းရည်မြင့် ပဋိဇီဝပစ္စည်းများ၏ ပိုးကို တိုက်ခိုက်ပုံသည် ခုခံအားစနစ်ခေါင်းဆောင် CD4
ဆဲလ်များ၏ တိုက်ခိုက်ပုံနှင့် တစ်စိတ်တစ်ပိုင်းအားဖြင့် တူညီမှုရှိပြီး
အစွမ်းထက်မြက်မှု ရှိလှကြောင်း သုတေသီများက ပြောကြားကြသည်။ အဆိုပါ ပဋိဇီဝ
ပစ္စည်းများသည် ဗိုင်းရပ်စ်၏ မပြောင်းလဲနိုင်သော မျိုးရိုးဗီဇ
အပိုင်းများကို တွယ်ကပ် တိုက်ခိုက်နိုင်ပြီး များပြားလှစွာသော
ဗီဇမျိုးကွဲများကို သုတ်သင်ဖယ်ရှားနိုင်ကြောင်း လေ့လာမှုကို ဦးဆောင်ခဲ့သူ
သုတေသီများထဲမှ တစ်ဦးဖြစ်သော ဒေါက်တာဂျွန်မက်စ်ကိုလာက ယခုလ ၉ ရက်နေ့က
ရှင်းလင်းပြောဆို သွားခဲ့သည်။


၎င်းတို့အဖွဲ့သည် အခြား စမ်းသပ်မှု တစ်ခု အနေဖြင့်လည်း အဆိုပါ ပဋိဇီဝပစ္စည်းက HIV ဗိုင်းရပ်စ်ကို တွယ်ကပ်သတ်ဖြတ် နိုင်ပုံကို x-ray
crystallography ခေါ် အိတ်စ်ရောင်ခြည်သုံး ပုံဖော်စက်ဖြင့်
အနုမြူအရွယ်အစားအထိ ရှုမြင်လေ့လာနိုင်ကြပြီး အဆိုပါ
တွေ့ရှိချက်အမျိုးမျိုးတို့သည် HIV နှင့် တကွ ကူးစက်ရောဂါများတိုက်ဖျက်ရေး
ဆေးပညာအတွက် ပညာအလင်းမွေးဖွားခြင်း (Renaissance) တစ်ခု ဖြစ်ခဲ့ပြီဟု
ဆိုနိုင်ခဲ့ပြီ ဖြစ်ပါသည်။



မေးပို့ရမှပြန်လည်ကူးယူဖော်ပြသည်ချောကလက်မြို့တော်ကပါ


Monday, July 12, 2010

ဆွီဒင်ရောက်မြန်မာညီအကို

ဆွီဒင်ရောက်မြန်မာညီအကိုများ၏သတင်းနှင့်
ဘာသာရေးပွဲတော်များအလုပ်အကိုင်နှင့်အရေး
ကြီးအချက်အလက်များကိုမျှဝေရန်
အတွက်လူမျိုးမရွေးဘာသာမရွေး
လေးစားစွာဖိတ်ခေါ်အပ်ပါသည်။
www.kmyo99@gmail.com

ဆွီဒင်@မြန်မာကွန်ယက်

The lady movie

LinkWithin

Related Posts Plugin for WordPress, Blogger...