မင်္ဂလါပါ အားလုံးကိုကြိုဆိုပါတယ်။ ဥရောပရောက် မြန်မာများအတွက် ကဏ္ဍအစုံအလင်ကို တက်နိုင်သမျှ တင်ဆက်သွားမှာဖြစ်ပါတယ် ပညာရေး/စီးပွာရေး/နည်းပညာနဲ့ မာတီမီဒီယာ တိုဆွေးနွေးရာ ဘလော့တစ်ခုအဖြစ် ရည်၇ွယ်ပါတယ်။ကျေးဇူးတင်ပါသည်။
Showing posts with label မြန်မာ့သိုင်းပညာ. Show all posts
Showing posts with label မြန်မာ့သိုင်းပညာ. Show all posts

Monday, December 23, 2013

သိုင်းပြောင်းပြန် နှစ် ၅၀ ပြည်. ITBBA org (ရန်ကုန်)


သိုင်းပြောင်းပြန် ပညာစဉ်၊ သမားစဉ် ဂါရဝပြု အခမ်းအနား(မန္တလေး)

ကမ္ဘောဇနန်းတွင်း ခူးခါချန့် သိုင်းပြောင်းပြန် ပင်မနာယက ဆရာကြီး ဦးမောင်လေးနှင့် ဆရာကြီး ဦးအေးနိုင် (နန်းတော်ရှေ့) တို့အား ပညာစဉ်၊ သမားစဉ် ဂါရဝပြုခြင်း အခမ်းအနား

မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမြို့နယ် (၁၉) လမ်း နန်းရှေ့မုန်တိုင် ဓမ္မာရုံ၌ မြန်မာ့ရိုးရာ သိုင်းပြောင်းပြန် ပညာစဉ် တိမ်ကောပပျောက်သွားခြင်း မရှိစေရန်၊ လက်ဆင့်ကမ်း ထိန်းသိမ်းသည့် ပညာရှင်များ ပေါ်ပေါက်လာစေရန်၊ ပညာညီအစ်ကို အချင်းချင်း စည်းလုံး ညီညွတ်စေပြီး မြန်မာ့ရိုးရာ သိုင်းပညာရပ်များ ပြန့်ပွားအောင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ခူးခါချန့် ကမ္ဘောဇ နန်းတွင်းသိုင်းပြောင်းပြန် ပင်မနာယက ဆရာကြီး ဦးမောင်လေးနှင့် ဆရာကြီး ဦးအေးနိုင် (နန်းတော်ရှေ့) တို့အား ပညာစဉ်၊ သမားစဉ် ဂါရဝပြုခြင်း အခမ်းအနားကို ၁၃၇၅ တန်ဆောင်မုန်းလဆန်း ၁ ရက် (နိုဝင်ဘာလ-၃-ရက်၊ ၂၀၁၃) က ကျင်းပသည်။
Thaing Byaung Byan Show-Mandalay-3-Nov-2013
Thaing Byaung Byan Show-Mandalay-3-Nov-2013
မန္တလေးတိုင်း အတွင်းမှ သိုင်းပြောင်းပြန်ဆရာကြီးများနှင့် သိုင်းပြောင်းပြန်သမားများ သာမက ရန်ကုန်၊ မတ္တရာ၊ တံတားဦး၊ ပြင်ဦးလွင်နှင့် အနယ်နယ်အရပ်ရပ်မှ ဆရာကြီးများနှင့် သင်တန်းသားအဖွဲ့ဝင်များ အားလုံး တက်ရောက် ပူဇော်ခဲ့ကြပါသည်။

Sunday, December 15, 2013

သမိုင်းထဲက အမေ့လျော့ခံ အားကစား (သို့မဟုတ်) ဗန်တို





“မြန်မာ့သိုင်းပညာ သင်တန်းကျောင်း” ဆိုတဲ့ ဆိုင်းဘုတ်က ယိုင်နဲ့နေသလို ကျောင်းဝင်းထဲ မှာလည်း မြက်တွေက ခြေသလုံးမြုပ်မတတ်ရှည်လို့တောင် နေပါပြီ။ ရေညှိတွေဖုံးနေလို့ သိုင်းကသလို ဟန်ချက်ထိန်းပြီး လျှောက်နေရတယ်။
အားကစားဝန်ကြီးဌာန လက်အောက်မှာ ရှိပေမယ့် ပုဂ္ဂလိကသူဌေးတဦး တည်ထောင်ထားတဲ့ ဒီကျောင်းရဲ့ ကျောင်းအုပ်က အသက် ၇၅ နှစ်အရွယ်  ဦးအောင်ဌေးပါ။
Myanmar Thaing Federation
Myanmar Thaing Federation
“ဖက်ဆစ်ကို တော်လှန်ခဲ့တာလည်း မြန်မာ့သိုင်းပဲ။ ဗြိတိသျှကို နှင်ထုတ်ခဲ့တာလည်း မြန်မာ့သိုင်းပဲ ဒါပေမယ့် ငါတို့လူမျိုးက ငါတို့သိုင်းကို မေ့ထားတယ်။ ဘာကြောင့်လဲ” လို့ ဆရာကြီးက ပြောရင်း သက်ပြင်းရှည်တချက် ချလိုက်ပါတယ်။

The lady movie

LinkWithin

Related Posts Plugin for WordPress, Blogger...