မင်္ဂလါပါ အားလုံးကိုကြိုဆိုပါတယ်။ ဥရောပရောက် မြန်မာများအတွက် ကဏ္ဍအစုံအလင်ကို တက်နိုင်သမျှ တင်ဆက်သွားမှာဖြစ်ပါတယ် ပညာရေး/စီးပွာရေး/နည်းပညာနဲ့ မာတီမီဒီယာ တိုဆွေးနွေးရာ ဘလော့တစ်ခုအဖြစ် ရည်၇ွယ်ပါတယ်။ကျေးဇူးတင်ပါသည်။
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Saturday, July 19, 2014

မြန်မာ အိမ်ဖော် ကြော်ငြာပုံ စင်္ကာပူ အစိုးရ သတိပေး

 myanmar-maids-singapore-305

စင်္ကာပူနိုင်ငံမှာ အိမ်ဖော်အလုပ် လုပ်ကိုင်ဖို့ သွားရောက်ခဲ့ ကြတဲ့ မြန်မာ အပါအဝင် တောင်အာရှနိုင်ငံတွေက အိမ်ဖော် အလုပ်သမတွေကို သိက္ခာမဲ့ တဲ့ပုံစံနဲ့ ရောင်း အားမြှင့်ကြော်ငြာနေတာတွေ အမြန်ဆုံးရပ်တန့်ကြဖို့၊ အိမ်ဖော် လုပ်ငန်းကုမ္ပဏီတွေကို စင်္ကာပူအစိုးရက မနေ့ က သတိပေးလိုက်ပါတယ်။
စင်္ကာပူရဲ့ လူစည်ကားရာ ဈေးရုံကြီးတွေမှာ နိုင်ငံခြား အိမ်ဖော်တွေကို ရောင်းကုန်ပစ္စည်းတွေသဖွယ် သဘော ထားပြီး၊ ကြော်ငြာရောင်းချနေတာတွေဟာ စာနာစိတ် ကင်းမဲ့တဲ့ မတော်မတရား လုပ်ရပ်တွေဖြစ်ကြောင်း လူ အင်အား ဝန်ကြီးဌာနက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လက စင်္ကာပူ ကုန်တိုက်ကြီးတစ်ခုမှာ အိမ်ဖော်လုပ်ငန်းကုမ္ပဏီတွေက နိုင်ငံခြားအိမ်ဖော်တွေကို ကလေးပြုစုနေဟန်၊ အဝတ်တွေလျှော်ဖွပ် မီးပူတိုက်နေဟန်၊ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ပြုစုနေဟန် စတဲ့ လူကိုယ်တိုင် သရုပ်ပြကြော်ငြာခိုင်းပြီး အရောင်းမြှင့်တင်ရေးလုပ်ခဲ့ပါတယ်။
အဲသလို အရောင်းမြှင့်တင်ရာမှာ မိမိတို့ ကုမ္ပဏီက အိမ်ဖော်တွ ဘယ်လောက်ဈေးချိုကြောင်း၊ အရောင်းမြှင့် လျှော့ဈေး အနေနဲ့ ဘယ်လောက် ရာခိုင်နှုန်း ဈေးချထားကြောင်း၊ သုံးပြီးလို့ ကျေနပ်မှု မရှိရင် အချိန်မရွေး လဲလှယ်နိုင်ကြောင်း စတဲ့ ကြော်ငြာတွေ နဲ့အတူ ရောင်းချခဲ့ပါတယ်။
အဲဒီလုပ်တာတွေဟာ လူတွေကို ကုန်ပစ္စည်းသဖွယ် သဘောထားရာရောက်တဲ့အတွက် သိက္ခာမဲ့တဲ့ အပြု အမူ ဖြစ်ကြောင်း စင်္ကာပူ လူအင်အားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပြီး၊ မိမိတို့ ဝန်ကြီးဌာနအနေနဲ့ မဖွယ်မရာ လုပ်ရပ် ကျူးလွန်သူတွေကို လုပ်ငန်းလိုင်စင် ရုတ်သိမ်းတဲ့အထိ လုပ်ပိုင်ခွင့်ရှိကြောင်း သတိပေးလိုက်ပါတယ်။
စင်္ကာပူမှာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ထိုင်း၊ အိန္ဒိယ စတဲ့ နိုင်ငံတွေကနေ အိမ်ဖော် အလုပ် လာရောက်လုပ်ကိုင်နေကြသူ အမျိုးသမီး ဦးရေ နှစ်သိန်း တစ်သောင်းကျော်ရှိတယ်လို့ သိရပါတယ်။

Wednesday, December 12, 2012

မြန်မာ့အရေးဆွေးနွေးပွဲတစ်ရပ် အီတလီမှာ ကျင်းပ


2012-12-09
အီတလီနိုင်ငံ Sarzana မြို့မှာ မနေ့က ကျင်းပ တဲ့ မြန်မာ့အရေးဆွေးနွေးပွဲတစ်ရပ်မှာ ဂျာမနီနိုင်ငံမှာ သီတင်းသုံးနေတဲ့ အရှင်သောပါက က မြန်မာနိုင်ငံ ရဲ့လက်ရှိအခြေအနေတွေအကြောင်း ဆွေးနွေးခဲ့ပါတယ်။

ဥရောပအခြေစိုက် ကရုဏာအဖွဲ့က ဦးစီးပြီးကျင်းပတဲ့ အဲဒီဆွေးနွေးပွဲမှာ ကြေးနီစီမံကိန်းသပိတ် အကြမ်းဖက်ခံရတာ၊ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာ၊ ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေရှိနေတာတွေနဲ့ ပတ်သက်ပြီး တင်ပြခဲ့တယ်လို့ အရှင်သောပါက က မိန့်ပါတယ်။

Saturday, October 13, 2012

မြန်မာနိုင်ငံ မှတိုက်ရိုက်ထုတ်လွှင့်နေတဲ့ sky net ရဲ့ ထုတ်လွှင့်မှု့ 

Portable TVUPlayer 2.5.3.1 ML | 9.34 MB |
ဒီနေ့ ကျနော်တို့ မြန်မာလူမျိုးတိုင်းမေ့မရတဲ့ အာဇာနည်နေ့ မှာ ရပ်ဝေးမြေခြားတိုင်းတပါး ကိုအကြောင်း အမျိုးမျိုးကြောင့်ရောက်ရှိနေတဲ့ ကျနော်တို့ ရွှေနိုင်ငံသူ/ ရွှေနိုင်ငံသားများ အတွက် အွန်လိုင်းမှတဆင့် မြန်မာနိုင်ငံ မှတိုက်ရိုက်ထုတ်လွှင့်နေတဲ့ sky net ရဲ့ ထုတ်လွှင့်မှု့ အစီအစဉ်များကို ကြည့်ရှု့ နိုင်စေရန်နှင့် အခြား  ABC,CBN (Financial),CCTV,CNN,Cartoon Network, ESPN, HBO စသည်တို့ မှ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ Sports, music, news, movie, fun, Science, Cartoons, Networks, lifestyle, shopping tv  တို့ ကိုလဲကြည့်ရှု့ နိုင်မှာဖြစ်ပါတယ်. Portable လေးဖြစ်တဲ့အတွက် မိတ်ဆွေများ အတွက် အဆင်ပြေမယ်ထင်ပါတယ်.

ပြည်ပနိုင်ငံ(၂၀၀)ကျော်နှင့် ချိတ်ဆက် ငွေလွှဲနိုင်တော့မည်


 နိုင်ငံတကာရှိ နိုင်ငံပေါင်း ၂၀၀ ကျော်၌
 ငွေကြေးလွှဲပြောင်းဝန်ဆောင်မှုများ လုပ်
ကိုင်နေသည့် Western Union သည် မြန်
မာနိုင်ငံမှ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့်
 Myanmar Oriental Bank (မြန်မာအရှေ့ 
တိုင်းဘဏ်)နှင့် ပူးပေါင်း၍ ငွေလွှဲခြင်းဆိုင်ရာ
ဝန်ဆောင်မှုလုပ်ငန်းများ စတင်တော့မည် ဖြစ်သည်။

 ကနဦးသဘောတူညီချက်အနေဖြင့် စက်တင်ဘာလ (၁၁) ရက်နေ့၌ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြပြီး နောက် လုပ်ငန်းများကို စက်တင်ဘာလကုန်ပိုင်းက စတင်ကာ ပြည်ပမှ မြန်မာနိုင်ငံသို့ လွှဲငွေများကိုသာ လက်ခံဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။

Miss Myanmar နန်းခင်ဇေယျာ ရဲ့ မေတ္တာရပ်ခံချက်

 အားပေးပံ့ပိုးကူညီကြသူများအား မေတ္တာရပ်ခံခြင်း

အခုဆိုရင် ညီမကို အစဉ်တစ်စိုက်စောင့်ရှောက်အားပေးပြီး vote လုပ်ပေးနေတဲ့ ညီမကိုပံ့ပိုးသူ ပရိတ်သတ်များဟာ လုံးဝ မမျှော်လင့်ထားအောင် များပြားလာပါတယ်။ ညီမကိုယ်တိုင်တောင်မှ ညီမကို ပံ့ပိုးအားပေးမည့် Supporter အင်အား ဒီလောက်ရလာမယ်လို့ မမျှော်လင့်ရဲခဲ့ပါဘူး။
အဲ့ဒီအတွက် ညီမအပေါ်မှာထားရှိကြတဲ့ အားလုံးရဲ့ပံ့ပိုးမှု နဲ့ မျှော်လင့်ချက်တွေအတွက် မဖော်ပြတတ်လောက်အောင် ကျေး ဇူးတင်ရှိသလို၊ အခုလို ညီမ ရေခြားမြေခြားမှာ ယှဉ်ပြိုင်နေချိန်မှာ ညီမတို့မြန်မာနိုင်ငံသားအားလုံးရဲ့ ကိုယ့်နိုင်ငံသားအခြင်းခြင်း စောင့်ရှောက်ကူညီမှု၊ အားပေးမှုနဲ့ ညီမအပေါ်မှာ နွေးထွေးမှုတွေရရှိတာကိုလည်း ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ပါဘူး။
ဒီနေ့မနက် အိပ်ရာနိုးတဲ့ အချိန်မှာ ညီမရဲ့ Vote အရည်အတွက်ကို ၀င်ကြည့်လိုက်တဲ့ အခါမှာ ဘယ်လိုမှ မမျှော်လင့်ထားတဲ့ အရည်အတွက်ကို ရရှိထားတဲ့ အတွက် မဖော်ပြတတ်အောင်ကို ၀မ်းသာဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံသားတွေရဲ့ ကိုယ့်လူမျိုးကိုယ်ချစ်တဲ့စိတ်နဲ့ အအိပ်ပျက်၊ အစားပျက်၊ အလုပ်ပျက်ခံပြီး ကိုယ့်နိုင်ငံသူတစ်ယောက်နိုင်ဖို့ အတွက် အင်တိုက်အားတိုက်ပံ့ပိုး အားပေးတတ်တဲ့စိတ်တွေကိုလည်း နိုင်ငံခြားသူ/နိုင်ငံခြားသား တွေကြားမှာ
ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြောပြလေ့ရှိပါတယ်။

Friday, September 28, 2012

ထိုင်းနိုင်ငံအတွက် မြန်မာစာ အရေးပါလာမှု..


♫★★★ကိုဇေကြက်ဖ★★★♫


မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုတွေ့ လုပ်လာပြီးနောက်ပိုင်းမှာ ထိုင်းနိုင်ငံမှာ မြန်မာ အကြောင်း စိတ်ဝင်စားမှု ကလဲ အရှိန် အဟုန်မြင့်တက်လာနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်နောက်ပိုင်း   မြန်မာ အပေါ် ထိုင်းနိုင်ငံရဲ့ စိတ်ဝင်စားမှုတွေပိုတိုးလာပါတယ်။

 မြန်မာနဲ့ ထိုင်း ဆက်ဆံရေးကိုလည်း ပိုပြီး ခိုင်မာ ချင်တာတွေလည်း တွေ့ရပါတယ်။ တဖက်ကလည်း မြန်မာအလုပ်သမားတွေကို အားထားပြီး အဓိက လည်ပတ်နေတဲ့ ထိုင်းစီးပွားရေး လုပ်ငန်းကြီးတွေ အတွက် မြန်မာရဲ့ပွင့်လင်း လာမှုကြောင့် မြန်မာ အလုပ်သမားတွေ   ပြည်တော်ပြန် သွားခဲ့ရင် ထိုင်းအတွက် လုပ်အားရှားပါမှု ပြဿနာ ရင်ဆိုင်လာရမှာကိုလည်း စိုးရိမ်ပူပန်မှုတွေလည်း တိုးလာပါတယ်။

Thursday, September 13, 2012

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ လွှတ်တော်အတည်ပြု


ပြည်ထောင်စုလွှတ်တော် စတုတ္တအကြိမ် လွှတ်တော် အစည်းအဝေး နောက်ဆုံးနေ့မှာတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေကြမ်းကို အတည်ပြုလိုက်ပါပြီ။
  • နိုင်ငံခြားရင်းနှီးမြူတ်နှံမူဆိုင်ရာ ဥပဒေမူကြမ်းအတည်ပြု
ပြည်ထောင်စုလွှတ်တော် စတုတ္တအကြိမ် လွှတ်တော်အစည်းအဝေး နောက်ဆုံးနေ့မှာတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေကြမ်းကို အတည်ပြုလိုက်ပါပြီ။ ဥပဒေထဲမှာတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်တဲ့နေရာမှာ အရင်တုန်းက ချမှတ်ထားတဲ့ ကန့်သတ်ချက် အတော်များများကို လျှော့ပေါ့ ပယ်ဖျက် ရေးဆွဲထားပါတယ်။ ပြောင်းလဲလာတဲ့ အခြေအနေတွေအရ ကိုက်ညီတဲ့ ဥပဒေတရပ်ဖြစ်ပေမယ့် နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေကို အပြည့်အ၀ ဆွဲဆောင်နိုင်ဖို့အတွက် လုပ်စရာတွေတော့ အများကြီး ကျန်သေးတယ်လို့ သုံးသပ်သူတွေက ပြောဆိုကြပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ စုံစမ်းမေးမြန်းထားတဲ့ ဦးစံမိုးဝေက တင်ဆက်ထားပါတယ်။

Thursday, August 30, 2012

နိုင်ငံတကာ လေကြောင်းလိုင်းသစ် ငါးလိုင်း အောက်တိုဘာတွင် စတင်ပျံသန်းမည်

From : ခေတ်လူငယ်မြန်မာနိုင်ငံနှင့် တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းနိုင်ရန် တင်ပြထားသည့် နိုင်ငံတကာလေကြောင်း လိုင်းသစ်များကို အောက်တိုဘာလမှ စတင်ကာ ပျံသန်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ အဆိုပါ လေကြောင်းလိုင်းများမှာ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ဟောင်ကောင်နှင့် ကာတာနိုင်ငံ လေကြောင်းလိုင်းများဖြစ်ကြောင်း သိရသည်။ “လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနကို လျှောက်ထားတဲ့ နိုင်ငံတကာ လေကြောင်းလိုင်းတွေကို စိစစ်ပြီး ခွင့်ပြုပေးလိုက်ပါပြီ” ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ တိုက်ရိုက်ပျံသန်းမည့် လေကြောင်းလိုင်းမှာ တရုတ်(တိုင်ပေ) အခြေစိုက် EVA Air Line လေကြောင်းလိုင်း၊ ကိုရီးယားလေကြောင်း (KAL)၊ ဂျပန်လေကြောင်းလိုင်းဖြစ်သည့် All Nippon Air Line လေကြောင်းလိုင်း၊ ကာတာလေကြောင်းလိုင်း ဖြစ်သည့် Quatar လေကြောင်းလိုင်း၊ ဟောင်ကောင်အခြေစိုက် Dragon Air Line လေကြောင်းလိုင်းများ ဖြစ်ကြောင်း သိရသည်။ အဆိုပါ လေကြောင်းလိုင်းများ အနေဖြင့် ပွင့်လင်းရာသီဖြစ်သည့် အောက်တိုဘာလမှ စတင်ကာ ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။ “အခုလက်ရှိမှာ စင်ကာပူအဲလိုင်းက ရန်ကုန်နဲ့ တိုက်ရိုက်ပျံသန်းဖို့အတွက် စုံစမ်းမေးမြန်းနေပါတယ်” ဟု ယင်းက ဆက်ပြောသည်။ ရန်ကုန်နှင့် တိုက်ရိုက်ပျံသန်းမည့် တရုတ်(တိုင်ပေ) လေကြောင်းလိုင်းမှာ တစ်ပတ်လျှင် သုံးရက် ပျံသန်းပေးမည်ဖြစ်ပြီး ကိုရီးယားလေကြောင်းလိုင်းမှာ ရန်ကုန်နှင့် ကိုရီးယား(အင်ချွန်း) တိုက်ရိုက်ပျံသန်းမည်ဖြစ်သည်။ “အရင်တုန်းက ဟောင်ကောင် Express လေကြောင်းလိုင်းက ၂၀၀၈ ခုနှစ်မှာ တိုက်ရိုက်ပျံသန်းခဲ့သေးတယ်။ အခုပျံသန်းမယ့် ဟောင်ကောင်လေကြောင်းလိုင်းကတော့ လောလောဆယ် ညပိုင်းမှာ ပျံသန်းဖို့များတယ်” ဟု ယင်းက ဆိုသည်။ အလားတူ ဂျပန်နိုင်ငံလေကြောင်းလိုင်း ဖြစ်သည့် All Nippon Air Line မှ ရန်ကုန်နှင့် ဂျပန်(နာတာလီ) လေဆိပ်ကို တိုက်ရိုက်ပျံသန်းမည်ဖြစ်ပြီး ကာတာလေကြောင်းလိုင်းမှ ရန်ကုန်-ကာတာ (ဒိုဟာ)ကို တိုက်ရိုက် ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ဂျာမနီနိုင်ငံမှ လေကြောင်းလိုင်းများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ လေကြောင်းလိုင်းများမှလည်း ရန်ကုန်နှင့် တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းရန် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ အဆိုပြုလွှာ တင်သွင်းထားကြောင်း သိရသည်။ လက်ရှိတွင် ရန်ကုန်နှင့် တိုက်ရိုက်ပျံသန်းလျက်ရှိသည့် နိုင်ငံတကာ လေကြောင်းလိုင်း ၁၄ လိုင်းရှိကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

Tuesday, August 21, 2012

Waso Pwe in Stjordal, Norway


နော်ဝေနိုင်ငံ ရှော်ဒယ်မြို့(Stjordal) ရတနာအောင်မြေ ကျောင်း ဖွင့်ပွဲနှင့် ဝါဆိုအလှူပွဲ
ချမ်းမြ၊ သြဂုတ် ၂၀၊ ၂၀၁၂
            နော်ဝေ နိုင်ငံ ရှော်ဒယ်မြို့ (Stlordal) မြို့တွင် သီတင်သုံးနေတော်မူသော ၂၀၀၇ ရွှေဝါရောင် သံဃာလှုပ်ရှားမှု တွင် ဦးစီးခေါင်းဆောင်ခဲ့သော ဆရာတော်ဦးထာဝရ၏ ကျောင်းသစ်ဖွင့်ပွဲ နှင့် ဝါဆိုသင်္ကန်းကပ်လှူပွဲ တို့ကို ၁၈-၈- ၂၀၁၂နေ့က ထိုမြို့ရှိ ရတနာအောင်မြေ ကျောင်း၌ ကျင်းပ ပြုလုပ်သည်။

The lady movie

LinkWithin

Related Posts Plugin for WordPress, Blogger...