မင်္ဂလါပါ အားလုံးကိုကြိုဆိုပါတယ်။ ဥရောပရောက် မြန်မာများအတွက် ကဏ္ဍအစုံအလင်ကို တက်နိုင်သမျှ တင်ဆက်သွားမှာဖြစ်ပါတယ် ပညာရေး/စီးပွာရေး/နည်းပညာနဲ့ မာတီမီဒီယာ တိုဆွေးနွေးရာ ဘလော့တစ်ခုအဖြစ် ရည်၇ွယ်ပါတယ်။ကျေးဇူးတင်ပါသည်။

Friday, August 31, 2012

အမှတ်တရပါ...

Photo 
thank you...

လာပြန်ပြီ...Adobe Photoshop CS6 Extended v13.0 LS16 (32 and 64-Bit)


adobe photoshop cs6 

ip ပုန်းချင်တဲ့ သယ်ရင်းအတွက်

mask my ip
Mask My IP is an online protection tool that can prevent your surfing habits and your Internet activities from being tracked by hackers or other cyber criminals through your real IP address. It has a nicely designed user interface that makes it incredibly easy to hide your IP address.
ဒီမှာယူနော်

Thursday, August 30, 2012

နိုင်ငံတကာ လေကြောင်းလိုင်းသစ် ငါးလိုင်း အောက်တိုဘာတွင် စတင်ပျံသန်းမည်

From : ခေတ်လူငယ်မြန်မာနိုင်ငံနှင့် တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းနိုင်ရန် တင်ပြထားသည့် နိုင်ငံတကာလေကြောင်း လိုင်းသစ်များကို အောက်တိုဘာလမှ စတင်ကာ ပျံသန်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ အဆိုပါ လေကြောင်းလိုင်းများမှာ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ဟောင်ကောင်နှင့် ကာတာနိုင်ငံ လေကြောင်းလိုင်းများဖြစ်ကြောင်း သိရသည်။ “လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနကို လျှောက်ထားတဲ့ နိုင်ငံတကာ လေကြောင်းလိုင်းတွေကို စိစစ်ပြီး ခွင့်ပြုပေးလိုက်ပါပြီ” ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ တိုက်ရိုက်ပျံသန်းမည့် လေကြောင်းလိုင်းမှာ တရုတ်(တိုင်ပေ) အခြေစိုက် EVA Air Line လေကြောင်းလိုင်း၊ ကိုရီးယားလေကြောင်း (KAL)၊ ဂျပန်လေကြောင်းလိုင်းဖြစ်သည့် All Nippon Air Line လေကြောင်းလိုင်း၊ ကာတာလေကြောင်းလိုင်း ဖြစ်သည့် Quatar လေကြောင်းလိုင်း၊ ဟောင်ကောင်အခြေစိုက် Dragon Air Line လေကြောင်းလိုင်းများ ဖြစ်ကြောင်း သိရသည်။ အဆိုပါ လေကြောင်းလိုင်းများ အနေဖြင့် ပွင့်လင်းရာသီဖြစ်သည့် အောက်တိုဘာလမှ စတင်ကာ ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။ “အခုလက်ရှိမှာ စင်ကာပူအဲလိုင်းက ရန်ကုန်နဲ့ တိုက်ရိုက်ပျံသန်းဖို့အတွက် စုံစမ်းမေးမြန်းနေပါတယ်” ဟု ယင်းက ဆက်ပြောသည်။ ရန်ကုန်နှင့် တိုက်ရိုက်ပျံသန်းမည့် တရုတ်(တိုင်ပေ) လေကြောင်းလိုင်းမှာ တစ်ပတ်လျှင် သုံးရက် ပျံသန်းပေးမည်ဖြစ်ပြီး ကိုရီးယားလေကြောင်းလိုင်းမှာ ရန်ကုန်နှင့် ကိုရီးယား(အင်ချွန်း) တိုက်ရိုက်ပျံသန်းမည်ဖြစ်သည်။ “အရင်တုန်းက ဟောင်ကောင် Express လေကြောင်းလိုင်းက ၂၀၀၈ ခုနှစ်မှာ တိုက်ရိုက်ပျံသန်းခဲ့သေးတယ်။ အခုပျံသန်းမယ့် ဟောင်ကောင်လေကြောင်းလိုင်းကတော့ လောလောဆယ် ညပိုင်းမှာ ပျံသန်းဖို့များတယ်” ဟု ယင်းက ဆိုသည်။ အလားတူ ဂျပန်နိုင်ငံလေကြောင်းလိုင်း ဖြစ်သည့် All Nippon Air Line မှ ရန်ကုန်နှင့် ဂျပန်(နာတာလီ) လေဆိပ်ကို တိုက်ရိုက်ပျံသန်းမည်ဖြစ်ပြီး ကာတာလေကြောင်းလိုင်းမှ ရန်ကုန်-ကာတာ (ဒိုဟာ)ကို တိုက်ရိုက် ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ဂျာမနီနိုင်ငံမှ လေကြောင်းလိုင်းများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ လေကြောင်းလိုင်းများမှလည်း ရန်ကုန်နှင့် တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းရန် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ အဆိုပြုလွှာ တင်သွင်းထားကြောင်း သိရသည်။ လက်ရှိတွင် ရန်ကုန်နှင့် တိုက်ရိုက်ပျံသန်းလျက်ရှိသည့် နိုင်ငံတကာ လေကြောင်းလိုင်း ၁၄ လိုင်းရှိကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

Sunday, August 26, 2012

May Thu Khine Kyaw Birthday .....10 years ...Ljusdal, Sweden

                                                 

Happy Birthday May Thu.........
Sweden @ Myanmar Network

young party in ljusdal





Avira Internet Security 2012 12.0.0.1127

avira internet security 

Flow Architect Studio 3D v1.7.0 Bilingual

flow architect studio
Flow Architect Studio 3D is a software package for design and presentation. It enables you to design and visualize in 3D, any scene you need for example: buildings, interiors, spaces or your products. Flow helps you to present your work to others with screenshots, movies and a 3D real-time virtual walk. Virtual walk is a real-time interactive presentation that can take a form of an application in a single executable file or an O4C file. A visualization in a form of an application can be shown to your clients or audience and shared through a website. An O4C file can be published on a web page with a use of a free O4C Web Browser Plugin or viewed with a free O4C Viewer.
download
Posted by maxdugan

Movies

Generation Um (2012) DVDRip


generation um
“Generation Um…” follows a day in the life of John and his two beautiful cohorts as they live life on the fringe, immersed in sex, drugs and indecision. As they navigate their daily routine of bars, crowds and New York City living, they embark on a path of self-discovery.
Posted by maxdugan

Thursday, August 23, 2012

Kaspersky 2012 Trial Reset V1.1C






          ဒါလေး ကလဲ အစ်ကိုတစ်ယောက်တောင်းထားတဲ့ ကောင်လေးပါ။ Kaspersky ကိုနှစ်နှစ်
ခြိုက်ခြိုက် အသုံးပြုတတ်တဲ့ သူတွေပါအသုံးပြုနိုင်အောင်  တင်ပေးလိုက်ပါတယ်။ သူကတော့
Version 2012 Trial ကို  Reset ပြန်လုပ်ပေးတဲ့ ကောင်လေးပါ။  လိုအပ်တယ်ဆိုရင်တော့ 
အောက်မှာအဆင်ပြေတဲ့ လင့်ခ်ကနေယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 155 KB    ပဲရှိပါတယ်။
အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Tuesday, August 21, 2012

Waso Pwe in Stjordal, Norway


နော်ဝေနိုင်ငံ ရှော်ဒယ်မြို့(Stjordal) ရတနာအောင်မြေ ကျောင်း ဖွင့်ပွဲနှင့် ဝါဆိုအလှူပွဲ
ချမ်းမြ၊ သြဂုတ် ၂၀၊ ၂၀၁၂
            နော်ဝေ နိုင်ငံ ရှော်ဒယ်မြို့ (Stlordal) မြို့တွင် သီတင်သုံးနေတော်မူသော ၂၀၀၇ ရွှေဝါရောင် သံဃာလှုပ်ရှားမှု တွင် ဦးစီးခေါင်းဆောင်ခဲ့သော ဆရာတော်ဦးထာဝရ၏ ကျောင်းသစ်ဖွင့်ပွဲ နှင့် ဝါဆိုသင်္ကန်းကပ်လှူပွဲ တို့ကို ၁၈-၈- ၂၀၁၂နေ့က ထိုမြို့ရှိ ရတနာအောင်မြေ ကျောင်း၌ ကျင်းပ ပြုလုပ်သည်။

Wednesday, August 15, 2012

မလုံခြုံသာ ဘ၀တွေနဲ့ ရပ်တည်နေရ အဝေးရောက် မြန်မာများ

သန်ခေါင်ယံ ချိန်ကို ကျော်လွန်လို့    နံနက်ချိန်ခါကို ရောက်ရှိနေပါပြီ ။ ခုချိန်ထိ တစ်ရေးမှ အိပ်လို့ မရနိုင်ခဲ့ပါဘူး ။
ညနေက အဖြစ်ပျက်လေးက တဒင်္ဂလေးဆိုပေမယ့် ကျွန်မအတွက် သိပ်ကို ခံပြင်းစရာကောင်းနေပါတယ် ။ ဘယ်သူကို
အပြစ်တင်ရမလဲ အဓိက မှားနေတာ ဘယ်သူတွေလဲ ဆိုတဲ့ မေးခွန်းတွေနဲ့ ချာချာလည်နေပါတော့တယ် ။ ကျွန်မ ခင်ပွန်းသည်
ရှိရာ မလေးရှား နိုင်ငံကို ရောက်ရှိနေပါတယ် ။ မနက်ဆို ခင်ပွန်းသည်က အလုပ်သွားရတာမို့ တနေကုန် ကျွန်မ တစ်ယောက်ထဲ
သာ အိမ်မှာ ကျန်နေခဲ့ရပါတယ် ။အမျိုးသားမပါဘဲလည်း ကျွန်မဘယ်ကိုမှ မသွားတတ်ပါဘူး ။ဒီနေ့တော့ ဗိုက်အရမ်းဆာတာနဲ့
တစ်ယောက်ထဲ တိုက်အောက်ကို ဆင်းလာခဲ့ပါတယ် ။ တိုက်အောက်က မလေး လင်မယားရောင်းတဲ့ ကြက်ကင်ဆိုင်လေးဆီကို

Sunday, August 12, 2012

အနောက်တိုင်း ချစ်ရေးဆိုနည်းများ



အနောက်တိုင်းမှာ ကိုယ့်ချစ်သူကို လက်ထပ်ခွင့်ပန်တော့မယ်ဆိုရင် အမျိုးသားတွေဟာ တန်ဖိုးထားပြီး ထူးထူးခြားခြားဖြစ်အောင် ပြုလုပ်ပြီး လက်ထပ်ခွင့်ပန်လေ့ ရှိကြပါတယ်။ တချို့ကတော့ စေ့စပ်လက်စွပ်ကိုတောင် ထူးထူးခြားခြားလေး လုပ်ပြီးတော့မှ ချစ်ခွင့်ပန်ကြပါတယ်။ တွမ်ခရုစ်ဆိုရင် နာမည်ကျော် အီဖယ်မျှော်စင်မှာ ကေတီဟုမ်းကို ဒူးထောက်ပြီး စေ့စပ်လက်စွပ် ပေးခဲ့တာ ဖြစ်ပါတယ်။ တခြားသော ယောက်ျားတွေလည်း သူတို့တတ်နိုင်သမျှ ထူးခြားနိုင်သမျှ ထူးခြားဆန်းသစ်တဲ့ နည်းတွေနဲ့ သူတို့ချစ်သူတွေကို ချစ်ခွင့်၊ လက်ထပ်ခွင့် ပန်ကြပါတယ်။ ပရိသတ်ကြီးလည်း ကိုယ့်ချစ်သူကို အောက်က နည်းလေးတွေနဲ့ ချစ်ခွင့်ပန်မယ်ဆိုရင် ပန်လို့ရအောင်ဖော်ပြလိုက်ပါတယ်။

နှင်းဆီ
ကိုယ့်ချစ်သူကို စားသောက်ဆိုင်တစ်ခု ခေါ်သွားပြီး ကျွေးမွေးဧည့်ခံပါ။ စားသောက်ဆိုင်က ၀ိတ်တာနဲ့ ကြိုညှိထားပါ။ ကိုယ့်ချစ်သူလာတာနဲ့ ၀ိတ်တာကို ဘောက်စ်လေးတစ်ဘူး လာပေးခိုင်းဖို့ ကြိုပြောထားပါ။ ဘောက်စ်ထဲမှာ နှင်းဆီပန်းတွေ အမြောက်အများ ထည့်ထားပါ။ နှင်းဆီပန်းထဲမှာမှ လက်ထပ်လက်စွပ်လေး ထည့်ထားပေးပါ။ ချစ်သူက ဘူးဖွင့်လို့ နှင်းဆီပန်းတွေနဲ့အတူ လက်ထပ်လက်စွပ်လေးကို မြင်တဲ့အခါ လက်ထပ်ခွင့်ပန်လိုက်ပါ။ နောက်တစ်နည်းကတော့ ချစ်သူကို နှင်းဆီပန်းသုံးပွင့် ပေးပါ။ တစ်ပွင့်ကတော့ ကိုယ်ရဲ့အတိတ်အတွက် ပေးတာဖြစ်တယ်။ ဒုတိယတစ်ပွင့်ကတော့ ကိုယ်ရဲ့ပစ္စုပ္ပန်ကို ကိုယ်စားပြုပါတယ်။ တတိယတစ်ပွင့်ကတော့ ကိုယ့်ရဲ့အနာဂတ်အတွက် ကိုယ်စားပြုပါတယ် ဆိုပြီး ချစ်သူကို လက်ထပ်ခွင့်ပန်ပါ။ တတိယမြောက် နှင်းဆီကို ပေးတဲ့အချိန်မှာ ဒူးထောက်ပြီး ချစ်သူလက်ကို လက်စွပ်ဝတ်ပေးပြီး လက်ထပ်ခွင့်ပန်ချင်လည်း ပန်နိုင်ပါတယ်။

ပို့စာ

ချစ်သူကို စာတိုက်ကနေတစ်ဆင့် ဖြစ်စေ၊ အင်တာနက်မေးလ်ကနေ တစ်ဆင့်ဖြစ်စေ မနက်အစောကြီး မေးလ်ပို့လိုက်ပါ။ ချစ်သူဆီသွားပြီး မေးလ်စစ်ပြီးပြီလား မေးပါ။ မစစ်ရသေးရင် စစ်ဖို့ပြောပါ။ ဒါမှမဟုတ် စာတိုက်ကနေ ဆိုရင် စာတိုက်ကနေ ရောက်မယ့် အချိန်မတိုင်ခင် ချစ်သူဆီသွားပြီး စောင့်နေပါ။ စာတိုက်ကနေ ရောက်လာမယ့် အချိန်မှာ ကိုယ်က လက်ထက်လက်စွပ် အသင့်ကိုင်ပြီး ချစ်သူကို ချစ်ခွင့်ပန်ဖို့လုပ်ပါ။ နောက်တစ်နည်းကတော့ ချစ်သူကို စာတိုက်ကနေဖြစ်စေ၊ မြို့တွင်းပို့ဆောင်ရေး အေဂျင်စီတစ်ခုကနေ ဖြစ်စေ ဘူးအကြီးကြီး ပို့လိုက်ပါ။ ဘူးပေါ်မှာ “သေတ္တာထဲမှာပါတဲ့ လက်ဆောင်ဟာ တစ်ဘ၀စာအတွက်ပါ” ဆိုပြီး စာကပ်ထားပါ။ အထဲမှာ လက်ထပ်လက်စွပ်လေးထည့်ပြီး ချစ်သူဆီကို ပို့လိုက်ပါ။

ပုလင်းစာ

ချစ်သူနဲ့အတူ ကမ်းခြေတစ်ခုကို သွားပါ။ ကိုယ့်ဆီမှာ ချစ်သူမသိအောင် ပုလင်းတစ်ခုထဲမှာ လက်ထပ်လက်စွပ်လေး ထည့်ပြီး ချစ်သူနဲ့အတူ လမ်းလျှောက်ထွက်ပါ။ ညနေခင်း အချိန်ဖြစ်ဖြစ်၊ မနက်အစောကြီး ဖြစ်ဖြစ် လမ်းလျှောက်ထွက်ပါ။ လမ်းလျှောက်ထွက်နေရင်း ချစ်သူမသိအောင် တစ်နေရာရာမှာ ပုလင်းကို ချထားခဲ့ပါ။ ဒါမှမဟုတ် ချစ်သူနဲ့ လမ်းမလျှောက်ခင် ကြိုပြီးတော့ တစ်နေရာမှာ ပုလင်းကို ထားခဲ့ပါ။ ပြီးတော့မှ အမှတ်တမဲ့ တွေ့တဲ့ပုံစံလုပ်ပြီး ချစ်သူကို လက်ထပ်ခွင့်ပန်ပါ။

တိုင်းသိပြည်သိ

တကယ်လို့ ချစ်သူဟာ ရေဒီယိုနားထောင်ရတာ နှစ်ခြိုက်တတ်သူတစ်ယောက် ဖြစ်မယ်ဆိုရင် ချစ်သူကြိုက်တဲ့ အစီအစဉ်မလာခင်မှာ ရေဒီယိုဌာနကို သွားပြီး ချစ်သူကို လက်ထပ်ခွင့် တောင်းတဲ့အကြောင်း အသံလွှင့်ပေးပါလို့ ပြောပါ။ ပြီးတော့မှ ချစ်သူနဲ့အတူ ရေဒီယိုအစီအစဉ် နားထောင်ရင်း ချစ်သူကို လက်ထပ်ခွင့်ပန်ပါ။ နောက်တစ်နည်းကတော့ ကိုယ့်ချစ်သူ အမြဲဖတ်တဲ့ ဂျာနယ်၊ သတင်းစာထဲကနေ စာမျက်နှာပြည့် ကြော်ငြာပြီး ချစ်ခွင့်ပန်တာပဲ ဖြစ်ပါတယ်။ အစားအစာ အချစ်ကား၊ ဒရာမာ ကားတွေထဲမှာ မကြာခဏ ချစ်သူကို အစားအသောက်ထဲ ထည့်ပြီး လက်ထပ် လက်စွပ်လေး ထည့်ထားတတ်ကြပါတယ်။ ချစ်သူက အစာစားရင်းနဲ့ ၀ါးမိတော့မှ တွေ့ပြီး အံ့သြ၀မ်းသာ ဖြစ်တဲ့ပုံကို မကြာခဏ ရိုက်ကူးတတ်ကြပါတယ်။ အမှန်တော့ အစားအစာထဲထည့်တာ မတော်ရင် မျိုချမိနိုင်ပါတယ်။ မမျိုချမိရင်တောင် သွားနဲ့ကိုက်ပြီး သွားနာ၊ သွားကျင်နိုင်ပါတယ်။ ဒါကြောင့် ချစ်သူစားမယ့် အစားအစာထဲ ထည့်ပြီး လက်ထပ်ခွင့်ပန်ချင်တယ်ဆိုရင် ဘူးသေးလေး တစ်ဘူးထဲထည့်ပြီး ချစ်သူကိုကျွေးတာက ပိုပြီးတော့ ချစ်သူအတွက် အဆင်ပြေနိုင်ပါတယ်။

စားသောက်ဆိုင်

စားသောက်ဆိုင်မှာ ချစ်သူကိုခေါ်သွားပြီး ကိတ်မုန့်တစ်ခု ကျွေးပါ။ ကိတ်မုန့်ကို အထူး သီးသန့် အော်ဒါမှာပြီး လုပ်ခိုင်းထားပါ။ ကိတ်မုန့်ပေါ်မှာ `ကိုယ့်ကို လက်ထပ်ခွင့်ပြုပါ´ ဆိုတဲ့ စာသားလေး ထည့်ခိုင်းထားပါ။ ကိတ်မုန့်ကို ချောကလက်ကိတ်မုန့်ဆို ပိုပြီးတော့ ကောင်းပါတယ်။ နောက်တစ်နည်းကတော့ စားသောက်ဆိုင်ကို ခေါ်သွားပြီး ဘူးလေးတစ်ဘူး လက်ဆောင်ပေးပါ။ အဲဒီဘူးထဲမှာ ချစ်သူမဖြစ်ခင် စတွေ့တဲ့ အချိန်ကစပြီး ချစ်သူသက်တမ်းတစ်လျှောက် ဖြစ်ခဲ့တဲ့ အမှတ်တရတွေကို စုစည်းပြီး ရေးထားပါ။ ပြီးတော့ ပုံလေးတွေ ထည့်ထားပေးပါ။ အောက်ဆုံးမှာ လက်ထပ်လက်စွပ်လေးပါ ထည့်ပြီး လက်ထပ်ခွင့်ပန်ပါ။ ဒါမှမဟုတ် စာအုပ်တစ်အုပ်ထဲမှာ အမှတ်တရတွေအားလုံး စုစည်းပြီး ရေးထားပါ။ ပုံတွေပါ စာအုပ်ထဲမှာ ကပ်ထားပေးပါ။ စာအုပ်ရဲ့ နောက်ဆုံးမှာ လက်ထပ်လက်စွပ်လေးကို ကပ်ထားပြီး ချစ်ခွင့်ပန်ပါ။

ဒရာမာရိုက်ခြင်း

ချစ်သူကို တစ်နေရာခေါ်သွားပါ။ ရှုခင်းကောင်းတဲ့ နေရာပဲဖြစ်ဖြစ်၊ ချစ်သူကြိုက်တဲ့ နေရာပဲဖြစ်ဖြစ် ခေါ်သွားပါ။ လူရှင်းတဲ့ နေရာရောက်မှ ချစ်သူနဲ့ ဘေးခြင်းယှဉ်ရပ်ပြီး မိနစ်အတော်ကြာအောင် ရပ်နေပါ။ ပြီးတော့မှ ချစ်သူလက်ကိုဆွဲပြီး “ကိုယ်ဟာ မင်းအတွက်အသက်ရှင်သန်ခဲ့ရတာပါ။ ကိုယ့်ဘ၀ဟာ ပြီးပြည့်စုံဖို့ တစ်ဝက် လိုနေပါသေးတယ်။ ကိုယ်ဖြတ်သန်း ရှင်သန်ခဲ့ရတဲ့ ဘ၀လမ်းကို ရှေ့ဆက်ပြီး လျှောက်ဖို့အတွက် မင်းရှိမှ ပြီးပြည့်စုံလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကို မေတ္တာမိုးစွေလို့ လက်ထပ်ခွင့် ပြုပါလားကွယ်” ဆိုပြီး ခွင့်ပန်ပါ။ ဒီနည်းတွေဟာ အနောက်တိုင်းနည်းတွေ ဖြစ်ပေမယ့် ကိုယ်ရဲ့ချစ်သူနဲ့ ပတ်သက်ပြီးတော့လည်း လိုက်လျောညီထွေ အသုံးချနိုင်တဲ့ နည်းတွေဖြစ်တာကြောင့် ဖော်ပြလိုက်ရပါတယ်။ ချစ်သူအပေါင်း ပြုံးပန်းဝေလို့ မေတ္တာမိုးများ လှိုင်ကြပါစေသား။

နွေဦးအိမ်

Saturday, August 11, 2012

မိမိ ဓါတ်ပုံတွေကို Slide Show လုပ်ချင်သူများအတွက်

ဆော့ဝဲမြို့တော်မှ ပြန်လည်မျှဝေသည်


Free Ashampoo Slideshow Studio HD 2 with Crack Download
 Ashampoo က ထုတ်တဲ့ ဆော့ဝဲတွေကို ကျွန်တော်တော့ ကြိုက်တယ်ဗျ ဘာကြောင့်လဲဆိုတော့

သုံးရတာလဲ လွယ်တယ် ဒီဇိုင်းကလည်း လန်းတယ်လေ နောက်ပြီး ဆော့ဝဲတွေကလည် တကယ်

အကျိုးရှိတာတွေ ချည်းပဲ.. အခုဟာလေးက မိမိဓါတ်ပုံတွေကို Music လေးတွေနဲ့ 

Tansation ကောင်းကောင်းနဲ့ Slide Show လုပ်ချင်သူတွေ အတွက် အဆင်ပြေစေမှာပါ



Download Crack | Setup


လွှင့်ပစ်ခဲ့တဲ့ အတိတ် ......


လွတ်ကျသွားခဲ့တဲ့ အိပ်မက်တစ်ချို့မှာ
စိမ်းစိမ်းစိုစိုသစ်ပင်တွေပါတယ် ….။
ခြောက်သွေ့သွားချိန်ဆို အနံ့မရှိတော့တဲ့
ခရေမဟုတ်တဲ့.. ဇွန်ပန်းတစ်ချို့ပါသွားတယ်..။
အော်ရေးရှားပင်အောက်က ခုံတန်းလေးတစ်ခုလဲပါတယ် ….။
မိုးရေစက်တစ်ချို့အောက်က
အရောင်ရင့်ရင့် အပွင့်နုတ်နုတ်ထီးလှလှလေးတွေပါတယ် ….။

အပြောကျယ်တဲ့ …ရေကန်ကြီးတစ်ခုပါတယ် ….။
ကဗျာမဆန်တဲ့ တောင်တက်လမ်းတစ်ချို့ပါတယ် ….။
ရယ်သံတစ်ချို့တစ်ဝက်ပါတယ် …။
ကျောင်းသီချင်းတစ်ချို့ လည်းပါတယ်..။
ငါ့စိတ်ထဲကနေ နင့်ကိုအပြီးအပိုင်ထုတ်ပစ်ဖို့
ငါ့ရှေ့မှာ နင့်အကြောင်း စကားတစ်လုံးတောင် မဟတော့တဲ့
ဆိုးတူကောင်းဖက်သူငယ်ချင်းတွေပါတယ် ..။

ငါ့ကြောင့် နင်ကျခဲ့တဲ့ မျက်ရည်တစ်ချို့
နင်မသိတော့ပေမယ့် …တခါတခါ
ငါကျခဲ့တဲ့မျက်ရည်တစ်ချို့
အလွမ်းတွေကို စာမဖွဲ့ချင်တော့ဘူးလို့ စိတ်ကူးမိပေမယ့်
စိတ်ကူးတည့်တိုင်း ရေးမိတတ်တဲ့ အသည်းကွဲကဗျာတစ်ချို့........
ကမ္ဘာကြီးရဲ့တစ်ဘက်ဟိုအဝေးမှာ
ငါနင့်ကို မုန်းနေတယ် …………………………..။
မုန်းတယ်ဆိုကတည်းက မမေ့သေးလို့
မမေ့သေးတာကိုက ရှုံးနေပြီ … ဟုတ်တယ်..ငါရှုံးခဲ့တာဖြစ်မှာပါ …။
ဘ၀တစ်ခြားက နင် ..သိဖို့လည်းမလိုပါဘူးလေ …..။ 
by  snow may

Monday, August 6, 2012

Core i3,Core i5,Core i7 ကွာခြားချက်များ

Core i3,Core i5,Core i7 ကွာခြားချက်များ

ကျွန်တော်တို့ဆိုဒ်မှာ အများအားဖြင့် ကွန်ပျူတာနဲ့ ပက်သက်ရင် အခြေခံနဲ့ ဆိုင်တဲ့အကြောင်းအရာ၊ ၀င်းဒိုးနဲ့ဆိုင်တဲ့ အကြောင်းအ၇ာလေးတွေပဲ အများအားဖြင့် တင်လေ့ရှိပါတယ်။ အခုလည်း ကျတော်ပြန်လည် ဝေမျှလိုတာကတော့ Hard ware နဲ့ဆိုင်တဲ့ အကြောင်းအရာ သိသင့်တာလေးတွေကို အခြေခံကျကျ ရေးသားရှင်းပြထားပေးတဲ့ အကြောင်းအရာလေးတွေကို ကျတော်ဖတ်မိသလို ကျတော့်ဆိုဒ်ကို လာလည်တဲ့ သူငယ်ချင်းများလည်း လေ့လာမှတ်သားလို့ရအောင် တစ်ဆင့်ပြန်လည် ဝေမျှခြင်းဖြစ်ပါတယ်။ ဘယ်အရာမဆို အခြေခံခိုင်ခိုင်မာမာရှိမှ အောက်ခြေခိုင်ခံ့မှ တစ်ဆင့်ပီးတစ်ဆင့် တက်တဲ့အခါ အစစအရာရာ အဆင်ပြေမှာဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သဘောကျနှစ်သက်မိလို့ မှတ်စုအနေနဲ့ရော တစ်ဆင့်ပြန်လည် ဝေမျှလိုတဲ့ သဘောနဲ့ပါ တင်ပေးလိုက်ပါတယ်။ သိပြီးသား ကျွမ်းကျင်ပီးသား သူများအတွက် လုံးဝမရည်ရွယ်ပဲ မူကြိုအဆင့်များကိုသာ ရည်ရွယ်ပါသည်။ ဘာကြောင့်လဲဆိုတော့ ကျတော်လည်း မူကြိုအဆင့်မှ မတက်နိုင်သေးသောကြောင့်ပါ....:D
Core i3 , core i5 , core i7 အကြောင်းမပြောခင် core i series ထဲမှာ ပါဝင်တဲ့ သုံးထားတဲ့ နည်းပညာ အသုံး အနှုန်းနဲ့  Architecture , code name တွေ အရင်ပြောပြပါ့မယ် ဘာကြောင့်လဲဆိုတော့ အဲဒါကို သိထားပါမှ ကွဲပြားမှုလေးတွေ ပိုမိုပေါ်လွင်မှာဖြစ်ပါတယ်….

latest IT techonology


လိုအပ်ပါက စာရိုက်ရန်၊ ဖုန်းနံပါတ်နှိပ်ရန်၊ အဝေးထိန်းခလုတ်အဖြစ်သုံးရန် လိုအပ်သလို ခလုတ်များ ဖောင်းကြွထွက်လာနိုင်ပြီး အသုံးမလိုတော့ပါက ပုံမှန်အတိုင်း မျက်နှာပြင် ပြန်ပြားသွားသည့် ဖန်သားပြင်တစ်မျိုးကို စမ်းသပ် ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

အနာဂတ်တွင် ယင်းဖန်သား ပြင်စနစ်ကို စမတ်ဖုန်းနှင့်သင်ပုန်း ကွန်ပျူတာများတွင် အသုံးပြုသွားနိုင်မည်ဖြစ်သလို ဂီတတူရိယာအဖြစ်ပါ သုံးနိုင်မည်ဟု မျှော်လင့်ထားသည်။

အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်အခြေစိုက် Tactus ကုမ္ပဏီကဖန်တီးသည့် ယင်းဖန်သားပြင်မှာ ပုံမှန်ထိတွေ့ မျက်နှာပြင်များကဲ့သို့ပင် ထုထည်ထူထဲခြင်း မရှိဟုလည်း ဆိုသည်။ ယခုနည်းပညာသည် လက်ရှိသုံးစွဲနေသော ထိတွေ့မှုကို တုန်ခါမှုဖြင့် တုံ့ပြန်သည့် စနစ်ထက် များစွာ အဆင့်မြင့်ပြီး ပိုမိုအဆင်ပြေစေနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။

မျက်နှာပြင်ပေါ်မှ လိုအပ်သလို ဖောင်းကြွထွက်လာမည့် ပကတိ ခလုတ်များနှင့်မခြား ထိတွေ့ ခံစားနိုင်သည့် ခလုတ်များသည် မလိုသည့် အချိန်တွင် ဖန်သားပြင်တွင်းသို့ ပြန်ဝင်သွားပြီး ဖန်သားပြင်ကို ပုံမှန်အတိုင်း ပြန်ပြားနေစေမည့် စနစ်ကြောင့် ထိတွေ့မျက်နှာပြင်သုံး နည်းပညာနယ်ပယ်ကို တစ်ခေတ်ဆန်းစေခဲ့ပြီဟု Tactus ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
CRD..ahpyaukmyay

Saturday, August 4, 2012

မြန်မာစာလက်ကွက်ကျင့်ချင်လျှင်

မြန်မာစာလက်ကွက်ကျင့်ချင်လျှင်

မြန်မာစာ ရိုက်တာမြန်ချင်ရင် ဒေါင်းပြီး ကျင့် ပေါ့နော်...:P  :P  

Download Here


ကိုချင်းလေးဆိုဒ်မှ

တိရတနာမြန်မာဘုန်းတော်ကြီးကျောင်းနေရာ

" တိရတနာ ဘုန်းတော်ကြီးကျောင်း အတွက် ပရိဘောဂ လိုအပ်မှုများ ပါဝင်လှူဒါန်းနိုင်ကြ ပါကြောင်း နိုးဆော်လိုက်ရပါသည် "
စာချဆရာတော် ဦးစန္ဒိမာ၏ လေ့လာရေးခရီးစဉ် ၂၅ဇူလိုင် မှ ၂သြဂုတ်
Hallsberg, Gävle, Ljusdal, Hudiksvall, Ilsbo, Bjästa ............ read more

Thursday, August 2, 2012

IDM


လာပြန်ပြီင်္ Internet Download Manager 6.11 Build 8  New Version
လေးပါကျွန်တော်ထပ်ပြီင်္းတင်ပေးလိုက်ပါပြီင်္အမြဲတမ် Update လုပ်သွားမှာ
လိုချင်ရင်တော့အောက်မှာဒေါင်းလိုက်ပါ

WINDOW ကိုယ်တိုင်တင်နိုင်ရန်

ကွန်ပျူတာ WINDOW ကိုယ်တိုင်တင်နိုင်ရန်

ပထမဆုံးအနေ နဲ့ window ခွေတစ် ခွေရှိဖို့ တော့   window အမျိုးအစားများစွာ ရှိ ပါ တယ် ..(window me,window xp sp1 ,sp2,sp3 , linux ,window 7 နဲ့  နောက် ဆုံးခုထွက်တာ က window 8 ပါ..ဟိုးအ၇င်၂၀၀၂-၂၀၀၃ခုနစ် က ဆို window ကို  floppy disk နဲ့ တင် ကြ ရပါ တယ် ..ခုနောက် ပိုင်းမှာ  တော့ CD နဲ့  တင် ကြ ရပါ တယ် လွယ် ကု တာ ပေါ့ နော်.. window ကို ကိုနဲ့ လိုက် မဲ့ window  ခွေဝယ် ပြီးသိမ်းထားသင့် ပါ တယ်.. windowက လည်း တင် ချင်တိုင်းတင် မရဘူး window xp က တော့  ဘာ မှ မဖြစ်ပေ မဲ့  window 7က ကျ တော့  လို တယ် သူ့ တင် ဖို့ ဆို   အနိမ့်  ဆုံးအဆင့်   Processor pentium 4 speed 3400  ,RAM  1Gb   လောက် မှသုံးလို့ ကောင်းရုံပဲ ရှိ ပါ တယ်. အကောင်းဆုံးက Core 2 Duo  Processor  ,Ram 2gb  ရှိမယ် ဆို ရင် တော့ အကောင်းဆုံးပေါ့ .. အခုအသုံးအများဆုံးဖြစ်တဲ့  window sp3,sp2 ကို ကျွန် တော်ေ၇းသားသွားပ့ါမယ်....
 ၁။     ပထမဆုံးအနေ Window ခွေဖတ် အောင် Bios ထဲ မှာ  သွားပြင် ရပါ မယ်..အချို့ သော စက်တွေ မှာ  မပြင်ရသေးရင် ပြင် ရပါ မယ်.Motherboard အသစ် ဆို ရင် တော့ ပြင် ကြ ရပါ တယ်... window ခွေ မထည့် ခင် ကွန်ပျူတာ စဖွင့် တာနဲ့ Delete Key ကို နိပ် ပါ
Bios screenပေါ် လာ ပါ လိမ့် မယ် Bios  screen  မှာ Advanced  Bios features ထဲ ကို ၀င် ပါအဲ့ ဒီ ထဲ မှာ မှBoot devices select ထဲ ကို ၀င် ပါ boot devices ထဲ မှာ  1st ,2nd ,3th ဆို ပြီးတွေ့ ပါ လိမ့် မယ်.. first boot ကို CD Rom ရွေးပါ (+,-) နဲ့ ရွေးရပါ တယ်2nd  ,3th ကိုတော့ HDD ,Floppy ထားပါ..change   ပြီးသွားရင် တော့    (F10) key  ကို နိပ် ပါ  အဲ့  မှာ  (yes ,No) တောင်းပါ လိမ့် မယ်  (y) key ကို နိပ်  ပါ     Save လုပ် မှာ လား မေးခြင်းပါ ..   restart  ကျ သွား ပါ လိမ့် မယ် ..ပထမအဆင့် ပြီးဆုံးပါ ပြီ


Wednesday, August 1, 2012

ဟက်ကာဖြစ်ချင်တယ်…

How to Become A Hacker

ဟက်ကာဖြစ်ချင်တယ်… ဟက်ကာဆိုတာဘာလဲ…ဒီမေးခွန်းက အရမ်းကိုတွေ့ရတာများပါတယ်…. ကျွှန်တော်လည်းသေချာမသိပါဘူး… လေ့လာကြည့်တဲ့အခါ နည်းပညာပိုင်းဆိုင်ရာမှာ ကျွှမ်းကျင်မှုရှိပြီးတော့ ပြသနာတွေကိုဖြေရှင်းရတာကိုနှစ်သက်တဲ့သူ ကန့်သတ်ချက်တွေကို ဖြတ်ကျော်နိုင်တဲ့သူတွေကိုခေါ်တာပဲဖြစ်ပါတယ်… ဟက်ကာဆိုတာ ကွန်ပျူတာလောကမှာပဲရှိတာ မဟုတ်ပါဘူး… တခြားသော Science ဒါမှမဟုတ် art တစ်ခုခုမှာ အမြင့်ဆုံးအခြေအနေအထိ ကျွှမ်းကျင်သူတွေကိုလည်း ဟက်ကာလို့ပြောလို့ရပါတယ်… ကျွှန်တော်ကတော့ ကွန်ပျူတာနဲ့ပဲပတ်သက်တာကိုပဲပြောမှာပါ သူတို့ကိုယ်သူတို့ ဟက်ကာပါလို့ပြောနေကြတဲ့သူတွေလည်းများစွာရှိပြန်ပါတယ် …ဒါပေမယ့် တကယ်တော့ မဟုတ်ကြပါဘူး.. အထူးသဖြင့်တောု့ ပျက်စီးရာပျက်စီးကြောင်းလုပ်ဆောင်ပြီး… ကွန်ပျူတာစနစ်တွေကိုချိုးဖြတ်ဝင်ရောက် အတားအဆီးတွေကိုကျော်လွန်နိုင်တယ်ဆိုပြီး လေကျယ်နေကြတဲ့ ဆယ်ကျော်သက်လူငယ်အများစုပါ….။တကယ့် ဟက်ကာ အစစ်တွေကတော့ သူတို့ကို ကရက်ကာ(crackers) လို့ခေါ်ကြပါတယ်… တကယ်တော့သူတို့က ဘာမှအထင်ကြီးစရာမရှိပါဘူး…။တကယ့် ဟက်ကာအစစ်တွေကတော့ အဲဒီကရက်ကာတွေဟာ ပျင်းရိတဲ့သူတွေ၊ တာဝန်မယူတတ်တဲ့သူတွေ၊ ဥာဏ်မကောင်းတဲ့သူတွေလို့ပဲ တွေးကြပါတယ်… security တွေကိုချိုးဖောက်ကျော်လွန်ပြီးဝင်ရောက်နိုင်ယုံနဲ့တော့ ဟက်ကာမဟုတ်ပါဘူး… ။ဒါပေမယ့် ၀မ်းနည်းစရာက စာရေးဆရာတွေ ဂျာနယ်လစ်တွေက ဟက်ကာဆိုတဲစာလုံးကိုသုံးပြီးတော့ပဲ အဲဒီခရက်ကာတွေအကြောင်းကိုတွင်တွင်ကြီး
ဖော်ပြနေတော့တာပါပဲ… အဲဒီအတွက်တော့ ဟက်ကာအစစ်တိုင်းက စိတ်ပျက်ကြရပါတယ်… သူတို့ကြားကအခြေခံခြားနားမှုကတော့ ကွန်ပျူတာ ပရော်ဖက်ရှင်နယ်အများစုနားလည် ထားကြသလိုပါပဲ… hackers build things, crackers break them
ပါပဲ….။

The lady movie

LinkWithin

Related Posts Plugin for WordPress, Blogger...