မင်္ဂလါပါ အားလုံးကိုကြိုဆိုပါတယ်။ ဥရောပရောက် မြန်မာများအတွက် ကဏ္ဍအစုံအလင်ကို တက်နိုင်သမျှ တင်ဆက်သွားမှာဖြစ်ပါတယ် ပညာရေး/စီးပွာရေး/နည်းပညာနဲ့ မာတီမီဒီယာ တိုဆွေးနွေးရာ ဘလော့တစ်ခုအဖြစ် ရည်၇ွယ်ပါတယ်။ကျေးဇူးတင်ပါသည်။
Showing posts with label hacker and hacking. Show all posts
Showing posts with label hacker and hacking. Show all posts

Monday, June 24, 2013

ဟက်ကာများ၏လှို့ဝှက်ချက်ကိုဖော်ထုတ်ခြင်းနှင့်မျှဝေခြင်း




နေ့စဉ်နဲ့အမျှ ကြီးထွားလာတဲ့ Internet ထဲမှာ ကျွန်တော်နှင့် စာဖတ်သူတို့ဟာ
ကြီးမားကျယ်ပြောလှတဲ့ သတင်းအချက်အလက် ပင်လယ်ပြင်ကြီးထဲက
ရေပေါက်ငယ်လေးပမာပါပဲ။ ကိုယ်မသိတဲ့ကိစ္စက ကိုယ့်ကိုအမှုမပတ်နိုင်ဘူးလို့
ပြောကြပေမဲ့ အင်တာနက်နှင့်ပတ်သက်လာရင် ဒါကဆန့်ကျင်မှုတစ်ခုပါ။
အင်တာနက်ပေါ်မှာ သန်းပေါင်းများစွာသော ကွန်ပျုတာအသုံးပြုတွေဟာ
ဝင်လိုက်ထွက်လိုက်ရှိနေပါတယ်။ သတင်းအချက်အလက်တွေဟာ ရွာကနေ မြို့အကွာအဝေးကို
နှလုံးခုန်နှုန်းတစ်ချက်မှာ ပို့ပေးနေပါတယ်။

စာဖတ်သူလို သာမန်အသုံးပြုသူတွေ အတွက် မြန်ဆန်လှသော သတင်းအချက်အလက် လမ်းမကြီးပေါ်မှာ
အန္တရာယ်များလှပါပေတယ်။ ၃၀ မှ ၄၀ ရာခိုင်နှုန်း အသုံးပြုသူတွေဟာ
ကွန်ပျုတာတွေရဲ့ နောက်ကွယ်မှာ ဘာတွေအလုပ်လုပ်နေလဲဆိုတာ သတိမထားမိကြပါဘူး။
ကျန်တဲ့ အသုံးပြုသူတွေဟာ မိမိရဲ့ စနစ်ဟာ တိုက်ခိုက်ခြင်း၊
အသုံးပြုခံနေရခြင်းကို ရိုးသားစွာ ဂရုမစိုက်ခြင်း၊ သိရှိနိုင်သော အခြေခံအသိ
မရှိကြပါဘူး

Sunday, June 16, 2013

Identity theft, credit card fraud, online banking phishing scams, virus and backdoors, email

security 5 boot camp
Identity theft, credit card fraud, online banking phishing scams, virus and backdoors, email hoaxes, sex offenders lurking online, loss of confidential information and hackers are some of the threats you will face on a daily basis. Are you prepared to face them and defend yourself? If you are someone who banks online, pays utility bills online, shops online, have children chatting online, downloads shareware and games, communicates over email, subscribes to a broadband connection or someone who uses a computer system at work or home, then you need to have Security5 training to help you guard your information assets.

Wednesday, August 1, 2012

ဟက်ကာဖြစ်ချင်တယ်…

How to Become A Hacker

ဟက်ကာဖြစ်ချင်တယ်… ဟက်ကာဆိုတာဘာလဲ…ဒီမေးခွန်းက အရမ်းကိုတွေ့ရတာများပါတယ်…. ကျွှန်တော်လည်းသေချာမသိပါဘူး… လေ့လာကြည့်တဲ့အခါ နည်းပညာပိုင်းဆိုင်ရာမှာ ကျွှမ်းကျင်မှုရှိပြီးတော့ ပြသနာတွေကိုဖြေရှင်းရတာကိုနှစ်သက်တဲ့သူ ကန့်သတ်ချက်တွေကို ဖြတ်ကျော်နိုင်တဲ့သူတွေကိုခေါ်တာပဲဖြစ်ပါတယ်… ဟက်ကာဆိုတာ ကွန်ပျူတာလောကမှာပဲရှိတာ မဟုတ်ပါဘူး… တခြားသော Science ဒါမှမဟုတ် art တစ်ခုခုမှာ အမြင့်ဆုံးအခြေအနေအထိ ကျွှမ်းကျင်သူတွေကိုလည်း ဟက်ကာလို့ပြောလို့ရပါတယ်… ကျွှန်တော်ကတော့ ကွန်ပျူတာနဲ့ပဲပတ်သက်တာကိုပဲပြောမှာပါ သူတို့ကိုယ်သူတို့ ဟက်ကာပါလို့ပြောနေကြတဲ့သူတွေလည်းများစွာရှိပြန်ပါတယ် …ဒါပေမယ့် တကယ်တော့ မဟုတ်ကြပါဘူး.. အထူးသဖြင့်တောု့ ပျက်စီးရာပျက်စီးကြောင်းလုပ်ဆောင်ပြီး… ကွန်ပျူတာစနစ်တွေကိုချိုးဖြတ်ဝင်ရောက် အတားအဆီးတွေကိုကျော်လွန်နိုင်တယ်ဆိုပြီး လေကျယ်နေကြတဲ့ ဆယ်ကျော်သက်လူငယ်အများစုပါ….။တကယ့် ဟက်ကာ အစစ်တွေကတော့ သူတို့ကို ကရက်ကာ(crackers) လို့ခေါ်ကြပါတယ်… တကယ်တော့သူတို့က ဘာမှအထင်ကြီးစရာမရှိပါဘူး…။တကယ့် ဟက်ကာအစစ်တွေကတော့ အဲဒီကရက်ကာတွေဟာ ပျင်းရိတဲ့သူတွေ၊ တာဝန်မယူတတ်တဲ့သူတွေ၊ ဥာဏ်မကောင်းတဲ့သူတွေလို့ပဲ တွေးကြပါတယ်… security တွေကိုချိုးဖောက်ကျော်လွန်ပြီးဝင်ရောက်နိုင်ယုံနဲ့တော့ ဟက်ကာမဟုတ်ပါဘူး… ။ဒါပေမယ့် ၀မ်းနည်းစရာက စာရေးဆရာတွေ ဂျာနယ်လစ်တွေက ဟက်ကာဆိုတဲစာလုံးကိုသုံးပြီးတော့ပဲ အဲဒီခရက်ကာတွေအကြောင်းကိုတွင်တွင်ကြီး
ဖော်ပြနေတော့တာပါပဲ… အဲဒီအတွက်တော့ ဟက်ကာအစစ်တိုင်းက စိတ်ပျက်ကြရပါတယ်… သူတို့ကြားကအခြေခံခြားနားမှုကတော့ ကွန်ပျူတာ ပရော်ဖက်ရှင်နယ်အများစုနားလည် ထားကြသလိုပါပဲ… hackers build things, crackers break them
ပါပဲ….။

The lady movie

LinkWithin

Related Posts Plugin for WordPress, Blogger...