မင်္ဂလါပါ အားလုံးကိုကြိုဆိုပါတယ်။ ဥရောပရောက် မြန်မာများအတွက် ကဏ္ဍအစုံအလင်ကို တက်နိုင်သမျှ တင်ဆက်သွားမှာဖြစ်ပါတယ် ပညာရေး/စီးပွာရေး/နည်းပညာနဲ့ မာတီမီဒီယာ တိုဆွေးနွေးရာ ဘလော့တစ်ခုအဖြစ် ရည်၇ွယ်ပါတယ်။ကျေးဇူးတင်ပါသည်။

Saturday, October 13, 2012

မြန်မာနိုင်ငံ မှတိုက်ရိုက်ထုတ်လွှင့်နေတဲ့ sky net ရဲ့ ထုတ်လွှင့်မှု့ 

Portable TVUPlayer 2.5.3.1 ML | 9.34 MB |
ဒီနေ့ ကျနော်တို့ မြန်မာလူမျိုးတိုင်းမေ့မရတဲ့ အာဇာနည်နေ့ မှာ ရပ်ဝေးမြေခြားတိုင်းတပါး ကိုအကြောင်း အမျိုးမျိုးကြောင့်ရောက်ရှိနေတဲ့ ကျနော်တို့ ရွှေနိုင်ငံသူ/ ရွှေနိုင်ငံသားများ အတွက် အွန်လိုင်းမှတဆင့် မြန်မာနိုင်ငံ မှတိုက်ရိုက်ထုတ်လွှင့်နေတဲ့ sky net ရဲ့ ထုတ်လွှင့်မှု့ အစီအစဉ်များကို ကြည့်ရှု့ နိုင်စေရန်နှင့် အခြား  ABC,CBN (Financial),CCTV,CNN,Cartoon Network, ESPN, HBO စသည်တို့ မှ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ Sports, music, news, movie, fun, Science, Cartoons, Networks, lifestyle, shopping tv  တို့ ကိုလဲကြည့်ရှု့ နိုင်မှာဖြစ်ပါတယ်. Portable လေးဖြစ်တဲ့အတွက် မိတ်ဆွေများ အတွက် အဆင်ပြေမယ်ထင်ပါတယ်.

ပြည်ပနိုင်ငံ(၂၀၀)ကျော်နှင့် ချိတ်ဆက် ငွေလွှဲနိုင်တော့မည်


 နိုင်ငံတကာရှိ နိုင်ငံပေါင်း ၂၀၀ ကျော်၌
 ငွေကြေးလွှဲပြောင်းဝန်ဆောင်မှုများ လုပ်
ကိုင်နေသည့် Western Union သည် မြန်
မာနိုင်ငံမှ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့်
 Myanmar Oriental Bank (မြန်မာအရှေ့ 
တိုင်းဘဏ်)နှင့် ပူးပေါင်း၍ ငွေလွှဲခြင်းဆိုင်ရာ
ဝန်ဆောင်မှုလုပ်ငန်းများ စတင်တော့မည် ဖြစ်သည်။

 ကနဦးသဘောတူညီချက်အနေဖြင့် စက်တင်ဘာလ (၁၁) ရက်နေ့၌ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြပြီး နောက် လုပ်ငန်းများကို စက်တင်ဘာလကုန်ပိုင်းက စတင်ကာ ပြည်ပမှ မြန်မာနိုင်ငံသို့ လွှဲငွေများကိုသာ လက်ခံဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။

Miss Myanmar နန်းခင်ဇေယျာ ရဲ့ မေတ္တာရပ်ခံချက်

 အားပေးပံ့ပိုးကူညီကြသူများအား မေတ္တာရပ်ခံခြင်း

အခုဆိုရင် ညီမကို အစဉ်တစ်စိုက်စောင့်ရှောက်အားပေးပြီး vote လုပ်ပေးနေတဲ့ ညီမကိုပံ့ပိုးသူ ပရိတ်သတ်များဟာ လုံးဝ မမျှော်လင့်ထားအောင် များပြားလာပါတယ်။ ညီမကိုယ်တိုင်တောင်မှ ညီမကို ပံ့ပိုးအားပေးမည့် Supporter အင်အား ဒီလောက်ရလာမယ်လို့ မမျှော်လင့်ရဲခဲ့ပါဘူး။
အဲ့ဒီအတွက် ညီမအပေါ်မှာထားရှိကြတဲ့ အားလုံးရဲ့ပံ့ပိုးမှု နဲ့ မျှော်လင့်ချက်တွေအတွက် မဖော်ပြတတ်လောက်အောင် ကျေး ဇူးတင်ရှိသလို၊ အခုလို ညီမ ရေခြားမြေခြားမှာ ယှဉ်ပြိုင်နေချိန်မှာ ညီမတို့မြန်မာနိုင်ငံသားအားလုံးရဲ့ ကိုယ့်နိုင်ငံသားအခြင်းခြင်း စောင့်ရှောက်ကူညီမှု၊ အားပေးမှုနဲ့ ညီမအပေါ်မှာ နွေးထွေးမှုတွေရရှိတာကိုလည်း ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ပါဘူး။
ဒီနေ့မနက် အိပ်ရာနိုးတဲ့ အချိန်မှာ ညီမရဲ့ Vote အရည်အတွက်ကို ၀င်ကြည့်လိုက်တဲ့ အခါမှာ ဘယ်လိုမှ မမျှော်လင့်ထားတဲ့ အရည်အတွက်ကို ရရှိထားတဲ့ အတွက် မဖော်ပြတတ်အောင်ကို ၀မ်းသာဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံသားတွေရဲ့ ကိုယ့်လူမျိုးကိုယ်ချစ်တဲ့စိတ်နဲ့ အအိပ်ပျက်၊ အစားပျက်၊ အလုပ်ပျက်ခံပြီး ကိုယ့်နိုင်ငံသူတစ်ယောက်နိုင်ဖို့ အတွက် အင်တိုက်အားတိုက်ပံ့ပိုး အားပေးတတ်တဲ့စိတ်တွေကိုလည်း နိုင်ငံခြားသူ/နိုင်ငံခြားသား တွေကြားမှာ
ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြောပြလေ့ရှိပါတယ်။

Thursday, October 11, 2012

 Stolen(2012) movie


ဘလော့မိတ်ဆွေများအတွက် ဒီနေ  လိုက်ရှာရင်း ဘလော့မိတ် ဆွေများလဲ အပျင်းပြေစိတ်အပမ်းပြေလို့ ၇အောင် Nicolas Cage ပါဝင်သရုပ်ဆောင်ထားတဲ့ ဘဏ်ဖေါက်ထွင်းကားဖြစ်ပါတယ်။ အရင်ကတော့စီးပွါးအတွက် တစ်ကြိမ်ခိုးလို့ ရဲ ကဖမ်းပြီး  ( ၈ ) နှစ် ပြစ်ဒဏ်ကျခံ ပြီးတဲ့နောက် ထောင်မှထွက်တဲ့နေ့ မှာဘဲ အပေါင်းပါမိတ်ဆွေသူခိုးတစ်ယောက်က မကြေနပ်ချက်တွေနဲ့   Nicolas ရဲ့ ကျန်ခဲ့တဲ့သမီးလေးကိုဓါးစာခံလုပ်ပြီး ၁၂ နာရီအတွင်း $ 10 million နဲ့ ရွေးခိုင်းလို့  ဒုတိယအကြိမ်ဘဏ်ထပ်ဖေါက်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ဒီဇာတ်မှာ မိဘမေတ္တာကို အဓိက ထားရိုက်ကူးထားတာဖြစ်ပါတယ်. သားသမီးအတွက် ဘယ်လောက်ဘဲအန္တာရယ်များနဲ့ ကြုံတွေ့  နေသော်လည်း အသက်စွန့် ကာကွယ်ပေးတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ အောက်မှာတိုက် ရိုက်ကြည့်လို့ ရပါတယ်။
 ဒီနေရာမှသွားပါ

ကျေးဇူးတင်ပါတယ်...

Monday, October 1, 2012

ခေတ်မှီမော်တော်ယာဉ်များ၏ ချွတ်ယွင်းချက်ရှာဖွေသည့် စံနစ် OBD-II အကြောင်း တစ်စေ့တစ်စောင်း





မော်တော်ယာဉ်များတွင် တပ်ဆင်ပါရှိသော အင်ဂျင်အပါအ၀င် အစိတ်အပိုင်းများ၏ ချွတ်ယွင်းချက်များ ရှာဖွေစစ်ဆေး ဖော်ထုတ်ခြင်း နှင့် လုပ်ငန်းစဉ်အသေးစိတ်ကို ဖော်ပြပေးနိုင်သော OBD (Onboard Diagnostic System) စံနစ်ကို 1996 ခုနှစ်နောက်ပိုင်းထုတ် ယာဉ်များအားလုံးနီးပါးတွင် တပ်ဆင်အသုံးပြုလာကြပြီ ဖြစ်ပါသည်။
ကနဦးက အမေရိကန်ပြည်ထောင်စုတွင် မော်တော်ယာဉ်များ၏ မီးခိုးထုတ်လွှတ်မှုကို စစ်ဆေးတိုင်းတာ၍ မော်တော်ယာဉ်လိုင်စင် သက်တမ်းတိုးပေးမှုကို ထိန်းချုပ်နိုင်ရန် စတင်အသုံးပြုခဲ့သော်လည်း ယခု OBD-II စံနစ်အဖြစ် အဆင့်မြှင့်တင်ပြီးနောက်ပိုင်း ပို၍ရေပန်းစား အသုံးများ လာခဲ့ပါသည်။

The lady movie

LinkWithin

Related Posts Plugin for WordPress, Blogger...