လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကပဲ
ကျမရဲ့အသက်ဟာ ၃၀ ပြည့်ခဲ့ပြီးပါပြီ။ အဲဒီအခါ ကျမရဲ့ website မှာ စာလာဖတ်နေကျ
ပရိသတ်တွေထဲက အသက် ၃၇ နှစ် နဲ့အထက်ရှိသူတွေကို သူတို့ရဲ့ အသက် ၃၀
နှစ်ပိုင်းကာလတွေမှာ ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံအရ နှောင်းလူတွေကို ဘယ်လို
အကြံညဏ်မျိုးပေးချင် သလဲ ဆိုတာကို email တစ်စောင်စီ ပို့ပြီး မေးဖြစ်ခဲ့ပါတယ် ..။
ရလဒ်ကတော့ အတော်လေးကို
ထိရောက်ကောင်းမွန်ပြီး အံ့မခန်းပါပဲ ..။ ပြန်စာပေါင်း ၆၀၀ ကျော်ရရှိခဲ့ပြီး အများစုက
စာမျက်နှာ တစ်မျက်နှာထက်မက ရှည်လျားတဲ့ အကြံညဏ်တွေ ပေးလာခဲ့ပါတယ် ..။
ပြန်စာတွေအားလုံးကို
သေချာဖတ်ပြီးတဲ့အခါ ကျမကို အံ့အားသင့်စေခဲ့တာက တချို့အကြံပေးချက်တွေက
ထပ်တူကျနေတာပါပဲ ..။ အကြံပေးချက် ၅ ခု ၆ ခုလောက်က email အစောင် ၁၀၀ လောက်မှာ
တစ်ပုံစံတည်း ထပ်ခါထပ်ခါ တွေ့နေရသလိုမျိုးပါ ..။ ဖြစ်နိုင်တာက အဲဒီလို အချို့
အကြံပေးချက်တွေဟာ ... သူတို့ရဲ့ နှစ် ၃၀ ပိုင်းမှာ တစ်ကယ့်ကို
တိုက်တိုက်ဆိုင်ဆိုင် ဖြစ်လာခဲ့လို့ ဖြစ်နိုင်ပါတယ် ...။
ဒီမှာတော့ ပြန်လည်လက်ခံရရှိတဲ့ email
အစောင် ၆၀၀ ထဲမှာ ယေဘူယျတွေ့ရတဲ့ အကြံပေးချက် ၁၀ မျိုးကို ဖော်ပြထားပါတယ် ..။