မင်္ဂလါပါ အားလုံးကိုကြိုဆိုပါတယ်။ ဥရောပရောက် မြန်မာများအတွက် ကဏ္ဍအစုံအလင်ကို တက်နိုင်သမျှ တင်ဆက်သွားမှာဖြစ်ပါတယ် ပညာရေး/စီးပွာရေး/နည်းပညာနဲ့ မာတီမီဒီယာ တိုဆွေးနွေးရာ ဘလော့တစ်ခုအဖြစ် ရည်၇ွယ်ပါတယ်။ကျေးဇူးတင်ပါသည်။

Sunday, July 19, 2015

လမြတ်ဝါဆို

မြန်မာလ (၁၂) လ ရှိသည့် အနက် ၀ါဆိုလသည် စတုတ္ထ မြောက်လဖြစ်သည်။ ၀ါဆိုလသည် မြန်မာနိုင်ငံ၏ နွေရာသီနှင့်မုတ်သုံရာသီ ကာလ အပိုင်းအခြားတွင်ဖြစ်ပြီး၊ အင်္ဂလိပ်လ ဇွန်၊ ဇူလိုင်လအတွင်းတွင် ကျရောက်လျှက်ရှိသည်။ (၁၂) လရာသီ ရှိသည့်အနက်မှ ၀ါဆိုလပြည့်နေ့သည် အရေးပါသော နေ့တစ်နေ့ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ အစိုးရ ရုံးပိတ်ရက် များတွင်လည်းပါဝင်သည်။

ဝါဆိုလ၏ ဆိုလိုရင်းမှာ ၀ါ သည်နေထိုင်ခြင်း ၊ ဆိုသည် ရွတ်ဆိုခြင်းဟု အနက်ဖွင့်ဆိုကြသည်။ မိုးတွင်း သုံးလပတ်လုံး ရဟန်းတော်များ သီတင်းသုံးရာ ကျောင်း၌ နေထိုင်ပါ မည်ဟု အဆိုပြုသောလကို ၀ါဆိုလ ဟုခေါ်ဆိုသည်။ တစ်နည်းအားဖြင့် ၀ါဆိုလကို ပုဂံခေတ်ဦးတွင် မယ်တာ ဟုရေးသား အသုံးပြုခဲ့ကြသည်။ ပုဂံခေတ် နှောင်းပိုင်းတွင် မယ်ာ မှ နွေတာဟု ပြောင်းလဲ ခေါ်ဆိုခဲ့ကြသည်။ မယ်တာဟူသော စကားလုံး၏ အဓိပ္ပါယ်မှာ မယ်သည် လယ်ယာ ၊ မိုး ၊ မြေ ကို ကိုယ်စားပြုပြီး ၊ တာ ဆိုသည်မှာ တိုင်းတာခြင်းဟု အနက်ဖွင့်ဆိုသည်။ ထို့ကြောင့် လယ်ယာမိုးမြေကို တိုင်းတာသောလ ဟုလည်း ဆိုနိုင်ပါသည်။ ၀ါဆို လ၏ ယေဘုယ နေထွက် ချိန်မှာ နံနက် ၄ နာရီ ၄၈ မိနစ်ဖြစ်ပြီး၊ နေ၀င်ချိန်မှာ ညနေ ၇ နာရီ ၁၂ မိနစ်ဖြစ်သည်။ ၁၂ လရာသီအ နက် ၀ါဆိုလသည် နေ့ တာ အရှည်ဆုံးလ ဖြစ်သည်။

ဝါဆိုလသည် မြန်မာလူမျိုးများ အတွက် ဘာသာရေးနှင့်ဆက်နွယ်သော အထွက်အမြတ်ထားရာလပင်ဖြစ်သည်။ ဘုရားအလောင်းတော်သည် တုသိတာ နတ်ပြည်မှ စုတေ၍ လူ့ပြည့်၌ပဋိသန္ဓေတည်သည်မှာ ၀ါဆိုလပြည့်နေ့ပင်ဖြစ်သည်။

Saturday, July 11, 2015

တမလွန်ဘ၀အကြောင်း


***တမလွန်ဘ၀အကြောင်း...

…မြတ်စွာဘုရားသည်သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်း၌သီတင်းသုံးနေတော်မူစဉ် မာလုကျပုတ္တ မည်သောရဟန်းတစ်ပါးသည်ဤသို့ အကြံဖြစ်သည်။ လောကသည် မြဲ၏ဟု၎င်း၊ မမြဲဟု၎င်း၊ လောကသည်အဆုံးရှိသည်ဟု၎င်း၊ အဆုံးမရှိဟု၎င်း၊ အသက်သည် ခန္ဓာကိုယ်နှင့် အတူတကွ ရှိသည်ဟု၎င်း၊ မရှိဟု၎င်း၊ သတ္တ၀ါတို့သည် သေသည့်အခြားမဲ့၌ ဘ၀တစ်ဖန်ပြန်၍ ဖြစ်သည်ဟု၎င်း၊ သတ္တ၀ါတို့သည် သေသည်အခြားမဲ့၌ ဘ၀တစ်ဖန်ပြန်၍မဖြစ်တော့ဟူ၍၄င်း၊ သတ္တ၀ါတို့သည် သေသည် အခြားမဲ့၌ ဖြစ်သည်လည်းမဟုတ်၊ မဖြစ်သည်လည်းမဟု တ်ဟူ၍၄င်း၊ မြတ်စွာဘုရားသည် ငါ့အား မဟောကြားပေ။

…မြတ်စွာဘုရားသည်ဤအကြောင်းအရာတို့ကို မသိပါကသူတော်ကောင်းပီသ စွာဝန်ခံပြောကြား ရမည်။ဤအကြောင်းအရာတို့ ကို ပြတ်သားစွာ မဟောကြားပါကဂေါတမဘုရား၏ သာသန ဘောင်တွင်မနေတော့ပဲ လူထွက်တော့မည်ဟု အကြံဖြစ်ပေါ်သည်။

…မာလုကျပုတ္တသည် သူအကြံဖြစ်သည့်အတိုင်း မြတ်စွာဘုရားထံသွား၍လျှောက်သည်။

The lady movie

LinkWithin

Related Posts Plugin for WordPress, Blogger...