မူကြိုမှသည်
ဘွဲ့ရတဲ့အထိ ပညာလမ်းကြောင်းကို ပြန်လေ့လာကြည့်ရင် အလွန်ခက်ခဲ
ပင်ပန်းတယ်လို့ ထင်ရတယ်။ ဒီနေ့ ခေတ်ပညာရေးက မိဘရော၊ ကျောင်းသားပါ
အေးအေးသက်သာနေရတဲ့ခေတ်မဟုတ် ပါဘူး။ ပညာဆိုတာကို မရ ရအောင်ယူနေကြရတာကလည်း
ပညာဗဟုသုတ အသိဥာဏ်ပြည့်ဝပြီး ဘ၀မှာရပ်တည်နိုင်အောင် ဆိုတာထက်၊
အလုပ်အကိုင်ရအောင်ဆိုတဲ့ ဦးတည်ချက်ကများနေတာကလည်း ဘ၀င်မကျစရာပါ။
အစဉ်အလာပညာရေးရဲ့ လမ်းကြောင်းအဆုံးဟာ အလုပ်ဖြစ်နေပြီး၊ အလုပ်အကိုင်နဲ့
ဘ၀ရပ်တည်လို့ရသွားရင် ပညာဆိုတာ လမ်းဆုံးသွားတတ်ပါတယ်။ အလုပ်ရပြီးချိန်မှာမှ
ပညာ လမ်းကြောင်း ကို ပြန်သွားမယ်၊ ပညာပြန်သင်မယ်ဆိုတဲ့
စိတ်ကူးမျိုးတွေလည်း နည်းကြပါတယ်။ ပညာအခွင့်အလမ်းဆိုတာ ယူချင်ရင်ရနိုင်တဲ့၊
ယူချင်သူကို ပေးနိုင်တဲ့အနေအထားမျိုးကို ဖြစ်နေရလိမ့်မယ်။ ပညာရေးဆိုတာ
အချိန် မရွေး၊ နေရာမရွေး၊ အသက်အရွယ်မရွေး ရှာမှီးနိုင်အောင် စီစဉ်ထားရမယ်။
ပညာရေးကို
ဘွဲ့ရပြီးတာနဲ့ လမ်းဆုံးလို့ သဘောမထားချင်သူတွေအတွက်၊
အကြောင်းအမျိုးမျိုးကြောင့် ပညာဆုံးခန်းမတိုင်မီ အလုပ်ထွက်ပြီး
လုပ်နေရသူတွေအတွက် ပညာလမ်းကြောင်းဆက်စရာ နည်းလမ်းတွေ အများကြီးရှိပါတယ်။
ကိုယ့်ဘ၀အတွက်
ရှေ့ဆက်ရမယ့် တက်လမ်းတစ်ခုအနေနဲ့ဖြစ်စေ၊ အခွင့်အလမ်းတစ်ခုအနေနဲ့ဖြစ်စေ
အခမဲ့ သင်ကြားလေ့လာနိုင်တဲ့ ပညာလမ်းကြောင်းတွေရှိနေပါတယ်။ ခုခေတ်မှာ
တက္ကသိုလ် အတော်များများနဲ့ ပညာရေးအဖွဲ့အစည်းတွေက အခမဲ့ အွန်လိုင်းပညာရေး၊
သင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးလာကြတယ်။ အွန်လိုင်းပညာရေးဆိုတာ
ပြဌာန်းချက် သင်ခန်းစာတွေ၊ လေ့ကျင့်ခန်းတွေ၊ လမ်းညွှန်မှုတွေ၊ ဖတ်စာအုပ်
တွေနဲ့