Saturday, July 23, 2011
ဓာတ်ပုံသမားကောင်း တစ်ယောက်ဖြစ်လာအောင်.....
ဓာတ်ပုံသမားကောင်း တစ်ယောက်ဖြစ်လာအောင် ဘာတွေလိုအပ်သလဲဆို တာကို ဓာတ်ပုံဆရာက အခန်းဆက်ဆောင်းပါး တွေနဲ့ အွန်လိုင်းပေါ်မှာ ဖော်ပြထားပါတယ်။ အဲဒီဆောင်းပါးတွေကို ဖတ်ရှုလေ့လာခြင်းအားဖြင့် သင့်ရဲ့ဓာတ်ပုံရိုက်တဲ့နည်းစနစ်တွေ တိုးတက်လာပါလိမ့်မယ်။ 'ဟယ်. . . သိပ်မိုက်ပါလား'လို့ သူငယ်ချင်းတွေအံ့သြသင့်သွားစေတဲ့ ပုံမျိုးကို ရိုက်နိုင်ပါလိမ့်မယ်လို့ မူရင်း စာရေးသူကဆိုပါတယ်။ သင့်ရဲ့ဖန်တီးနိုင်စွမ်းကို အထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေကိုပြောပြမှာဖြစ်တယ် လို့လည်း သူကပြောပါတယ်။ သူ့ရဲ့ဆောင်းပါးတွေကို ဖတ်ပြီးရင်စာဖတ်သူတွေရဲ့ တုံ့ ပြန်ချက်တွေ၊ အကြံပြုချက်တွေနဲ့ ဝေဖန်ချက်တွေကို မျှော်လင့်နေကြောင်း လည်းပြောပါတယ်။ သူရဲ့အာဘော်ကို အတတ်နိုင်ဆုံးဆီလျော်အောင် ဘာသာပြန်ဆိုဖော်ပြပေးလိုက်ပါတယ်။
ကင်မရာနှင့်ဆက်စပ်ပစ္စည်းများ(Camera Equipment [Gear])
ပထမဆုံးပြောချင်တာက ကင်မရာအကြောင်းပါ၊ စာဖတ်သူအတော်များများက တစ်ချို့သောကင်မရာမော်ဒယ်တွေက ဓာတ်ပုံ ကောင်းကောင်းတွေရနိုင်ပါ့မလား၊ ဒါမှမဟုတ်ဓာတ်ပုံကောင်းတွေရနိုင်ဖို့ ကင်မရာ မှာပါသင့်တဲ့ Features တွေကိုအကြံပြုပေးပါလို့ မေးမြန်းတောင်းဆို လာကြတယ်။ 6 Mega Pixels နဲ့ရိုက်ရင်ရပြီလား ဒါမှမဟုတ် ပုံထွက် ကောင်းဖို့ 12 ဒါမှမဟုတ် 22 Mega Pixels နဲ့ ရိုက်ဖို့လိုအပ်ပါသလား၊ Manual Modes သုံးမျိုးလောက်နဲ့အဆင်ပြေပါ့မလား၊ ဒါမှမဟုတ် Menus တွေအများကြီးနဲ့ Setting တွေ အများကြီးပါတစ်မျိုးနဲ့ ရိုက်မှ ပုံထွက်ကောင်းမှာလား။ Point Shoot ကင်မရာနဲ့ ရိုက်ရင် ဓာတ်ပုံတွေကကောင်းပါ့မလား။ ဒါမှမဟုတ် SLR ကင်မရာနဲ့မှ ရိုက်နိုင်မှာလား၊ အတော်များများကဒီ လိုတွေးကြပါတယ်။ " Pro အဆင့် ကင်မရာမျိုးနဲ့သာ ငါရိုက်နိုင်မယ်ဆိုရင် ငါ့ပုံတွေက ပရော်ဖက်ရှင်နယ်ဓာတ်ပုံ ဆရာကြီး တွေရိုက်ထားတဲ့ပုံတွေလိုပဲ ကောင်းမှာ" ဒါအမှန်ပဲလား. . .။

Thursday, July 7, 2011
4u

Valentine's Day ဟာ
အချစ်ရဲ့  သင်္ကေတဖြစ်တဲ့နေ့ရက်တစ်ခု
ချစ်သူတွေ ပျော်မြူးကြတဲ့နေ့ရက်ပေါ့။
ကိုယ်တို့ကကော ဒီချစ်သူများနေ့မှာ
ဘယ်လို အကောင်အထည်ဖော်ကြမလဲ
Road Map တွေ ထပ်ဆွဲပြီး
လုပ်ရပ်တွေနဲ့ သက်သေထူကြစို့လား။
တစ်ကိုယ်ကောင်လုံး သွေးတွေ လည်ပတ်နေတယ်
အချစ်သွေးတွေလေ
လက်ဖျားခြေဖျား ဆံပင်ဖျားထိအောင်
မင်းလေး သိမ်းပိုက်နေရာယူထားပြီ
ကိုယ့်ရဲ့  ခန္ဓာကိုယ် ဘယ်နေရာကိုဘဲထိထိ
ကျန်တာ မတမိဘဲ မင်းလေးကို တနေမိတယ်။
....................
ချစ်သူတွေ အများကြီး မလိုချင်ပါဘူး
မင်းလေးတစ်ယောက်ဆို လုံလောက်ပြီ။
သံယောဇဉ်ကြိုးတွေ အများကြီး မညှိတွယ်ချင်ပါဘူး
ကြိုးတစ်ချောင်းထဲဆို ကျေနပ်ပြီ။
အလှအပတွေ အရမ်းမလိုပါဘူး
ရိုးသားနိုးကြားရင် အဆင်ပြေပြီ။
ချမ်းသာကြွယ်ဝဖို့ မလိုပါဘူး
မဆင်းရဲရင် ခရီးဆက်လို့ရပြီ။
..........................
ဘေးစကားတွေမယုံနဲ့
ကိုယ့်အသွေးအသားထဲမှာ မင်းဘဲရှိနေတယ်။
အချစ်သစ်တွေနဲ့ ပျော်နေမယ်မထင်နဲ့
အချစ်စစ်နဲ့ မင်းလေးကို ချစ်နေတာပါ။
ကိုယ့်ကို အထင်မလွဲလိုက်ပါနဲ့
ရင်ထဲမှာ မင်းလေးဘဲ နေရာယူထားတယ်။
အမုန်းစကားမဆိုလိုက်ပါနဲ့
ကိုယ့်နှလုံးသားလေးက မင်းလေးအတွက် သက်သက်ဘဲ။
Tuesday, July 5, 2011
Subscribe to:
Posts
(
Atom
)