မင်္ဂလါပါ အားလုံးကိုကြိုဆိုပါတယ်။ ဥရောပရောက် မြန်မာများအတွက် ကဏ္ဍအစုံအလင်ကို တက်နိုင်သမျှ တင်ဆက်သွားမှာဖြစ်ပါတယ် ပညာရေး/စီးပွာရေး/နည်းပညာနဲ့ မာတီမီဒီယာ တိုဆွေးနွေးရာ ဘလော့တစ်ခုအဖြစ် ရည်၇ွယ်ပါတယ်။ကျေးဇူးတင်ပါသည်။

Tuesday, August 21, 2012

Waso Pwe in Stjordal, Norway


နော်ဝေနိုင်ငံ ရှော်ဒယ်မြို့(Stjordal) ရတနာအောင်မြေ ကျောင်း ဖွင့်ပွဲနှင့် ဝါဆိုအလှူပွဲ
ချမ်းမြ၊ သြဂုတ် ၂၀၊ ၂၀၁၂
            နော်ဝေ နိုင်ငံ ရှော်ဒယ်မြို့ (Stlordal) မြို့တွင် သီတင်သုံးနေတော်မူသော ၂၀၀၇ ရွှေဝါရောင် သံဃာလှုပ်ရှားမှု တွင် ဦးစီးခေါင်းဆောင်ခဲ့သော ဆရာတော်ဦးထာဝရ၏ ကျောင်းသစ်ဖွင့်ပွဲ နှင့် ဝါဆိုသင်္ကန်းကပ်လှူပွဲ တို့ကို ၁၈-၈- ၂၀၁၂နေ့က ထိုမြို့ရှိ ရတနာအောင်မြေ ကျောင်း၌ ကျင်းပ ပြုလုပ်သည်။



ထိုကျောင်းသစ်ဖွင့်ပွဲ အကြိုည ဖြစ်သော ၁၇-၈-၂၀၁၂ ညနေက ရှော်ဒယ်မြို့ ထရန်ဟိုင်းမြို့တိုမှ ဓမ္မစကြာအဖွဲ့ အမျိုး သမီးများ၊ဆွီဒင်နိုင်ငံမြန်မာဗုဒ္ဓဘာသာအသင်းမှ ယောဂီများက စုပေါင်းပြီး ဓမ္မစကြာနှင့် မေတ္တာပို့ တိုကိုစုပေါင်းရွတ်ဆို၍ မြတ်စွာဘုရားအား ပူဇော်ကြသည်။ နောက်တနေ့မနက်၁၈- ၈- ၂၀၁၂ နေ့တွင် နယ်သာလန်နိုင်ငံ ဆွီဒင်နိုင်ငံတို့နှင့် နော်ဝေနိုင်ငံ ထရန်ဟိုင်း-အော်စလိုမြို့မှ ကြွရောက်လာသောပင့် သံဃာတော်တို့ကို အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။


နံနက်  ၉း၄၅မိနစ်တွင် ကျောင်းတိုက်အတွင် ပူဇော်ထားရှိသော ဗုဒ္ဓ ရုပ်ပွားတော်ကို သံဃာတော် တို့မှ အနေကဇာတင်ခြင်း ဗုဒ္ဓါဘိသေက မင်္ဂလာအခမ်းနားကိုပြုလုပ်ကြသည်။ အခမ်းအနားအပြီးတွင် ဆွီဒင် နိုင်ငံ တြိရတန ကျောင်းမှဆရာတော် ဦးနန္ဒသာရနှင့် နော်ဝေနိုင်ငံ အော်စလိုမြို့မှ ဆရာတော် ဦးဝိသုဒ္ဓတို့ သြဝါဒ စကားများ မြွက်ကြားတော်မူကြပြီး နယ်သာလန်နိုင်ငံ မေတ္တာဓမ္မဝိဟာရကျောင်းဆရာတော်ထံမှ ငါးပါးသီလ သရဏဂုံတို့ဆောက်တည်ကြပြီး ဝါဆိုသင်္ကန်းတို့ကို စုပေါင်းကပ်လှူကြသည်။ ထိုဝါဆိုသင်္ကန်းကပ်လှူပွဲသို့ နော်ဝေ နိုင်ငံ ရှော်ဒယ်မြို့၊ ထရန်ဟိုင်းမြို့၊ခရစ်စယန်စွန်းမြို့နှင့် ဆွီဒင်နိုင်ငံတို့မှ ဒကာ ဒကာမများက ကပ်လှူကြခြင်း ဖြစ်သည်။ဝါဆိုသင်္ကန်းကပ်လှူအပြီး အနုမောဒနာ တရာကို နယ်သာလန်နိုင်ငံ မေတ္တာဓမ္မဝိဟာရကျောင်းဆရာတော် ဦးဇဝနမှ ဟောကြားတော်မူသည်။


အချိန်ကြာမြင့်စွာကတည်းက ဗုဒ္ဓဘာသာ မြန်မာမိသားစုများ မျှော်လင့်တောင့်တခဲ့ရသော မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း မမျှော်လင့်ပဲ မိမိတို့မြို့၌ ဖြစ်ပေါ်လာခြင်းအတွက် ရှော်ဒယ်မြို့သူမြို့သားများပါမက အနီးနားရှိ အော်လီစွန်း၊ ခရစ်စယန်စွန်း၊ ထရန်ဟိုင်းမြို့များမှ မြန်မာ ဗုဒ္ဓဘာသာဝင်များ အထူးစိတ်အားထက်သန်နေကြသည်။ မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ဖြစ်ပေါ်လာခြင်းအတွက် မိမိတို့၏ ရင်သွေးငယ်များ အတွက်ယဉ်ကျေးလိမ္မာသင်တန်းများ ၊ လူကြီးများအတွက် ဘာသာရေး သင်းတန်းများ ကို ပြုလပ်နှိုင်တော့မည်ဟုလည်း ကြားသိရသည်။ မြန်မာတို့၏ယဉ်ကျေးမှုထုံထမ်းစဉ်လာများ မပျောက်ကွယ်ရေးအတွက် အဓိကကျသော ဌာနတစ်ခုအဖြစ် မြန်မာမိသားစုများကျေနပ်အားရနေကြခြင်းလည်းဖြစ်သည်။

ထို ရတနာအောင်မြေ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း အတွင်း နောင် အခါ စဉ်ဆက်မပြတ် ပြုလုပ်မည်ဖြစ်သော ဘာသာရေး ပွဲများအတွက် ပါဝင်ပူးပေါင်းဆောင်ရွက်ကြရန် က ထရန်ဟိုင်း၊ အော်လီစွန်း၊ ခရစ်စယန်စွန်းမြို့များပါမက ရှော်ဗစ် ၊အော်စလိုမြို့များမှ ဒကာ ဒကာမများ နှင့်ဆွီဒင် နီုင်ငံ မြန်မာဗုဒ္ဓဘာသာမိသားစုပါ စိတ်အားထက်သန်စွာရှိနေကြောင်းသိရှိရသည်။
 

No comments :

Post a Comment

The lady movie

LinkWithin

Related Posts Plugin for WordPress, Blogger...