မင်္ဂလါပါ အားလုံးကိုကြိုဆိုပါတယ်။ ဥရောပရောက် မြန်မာများအတွက် ကဏ္ဍအစုံအလင်ကို တက်နိုင်သမျှ တင်ဆက်သွားမှာဖြစ်ပါတယ် ပညာရေး/စီးပွာရေး/နည်းပညာနဲ့ မာတီမီဒီယာ တိုဆွေးနွေးရာ ဘလော့တစ်ခုအဖြစ် ရည်၇ွယ်ပါတယ်။ကျေးဇူးတင်ပါသည်။

Monday, October 1, 2012

ခေတ်မှီမော်တော်ယာဉ်များ၏ ချွတ်ယွင်းချက်ရှာဖွေသည့် စံနစ် OBD-II အကြောင်း တစ်စေ့တစ်စောင်း





မော်တော်ယာဉ်များတွင် တပ်ဆင်ပါရှိသော အင်ဂျင်အပါအ၀င် အစိတ်အပိုင်းများ၏ ချွတ်ယွင်းချက်များ ရှာဖွေစစ်ဆေး ဖော်ထုတ်ခြင်း နှင့် လုပ်ငန်းစဉ်အသေးစိတ်ကို ဖော်ပြပေးနိုင်သော OBD (Onboard Diagnostic System) စံနစ်ကို 1996 ခုနှစ်နောက်ပိုင်းထုတ် ယာဉ်များအားလုံးနီးပါးတွင် တပ်ဆင်အသုံးပြုလာကြပြီ ဖြစ်ပါသည်။
ကနဦးက အမေရိကန်ပြည်ထောင်စုတွင် မော်တော်ယာဉ်များ၏ မီးခိုးထုတ်လွှတ်မှုကို စစ်ဆေးတိုင်းတာ၍ မော်တော်ယာဉ်လိုင်စင် သက်တမ်းတိုးပေးမှုကို ထိန်းချုပ်နိုင်ရန် စတင်အသုံးပြုခဲ့သော်လည်း ယခု OBD-II စံနစ်အဖြစ် အဆင့်မြှင့်တင်ပြီးနောက်ပိုင်း ပို၍ရေပန်းစား အသုံးများ လာခဲ့ပါသည်။


OBD-II System သည် ပထမရှိနှင့်ပြီး OBD System ပေါ်တွင်အခြေခံသော်လည်း စွမ်းဆောင်ရည်များနှင့် စံသတ်မှတ်ချက် ကျယ်ပြန့်မှုတို့တွင် များစွာတိုးတက်လာခဲ့ပါသည်။ OBD-II စံသတ်မှတ်ချက်များတွင် ၎င်း၏ Connector Type နှင့် Connector အတွင်းပါရှိသည့် Pin များ၊ Signal ပေးပို့သော Electrical Protocol ပုံစံများနှင့် ဖတ်ယူရမည့် သတင်းအချက်အလက်ပုံစံ များပါဝင်သည်။ ၎င်းစံသတ်မှတ်ချက်များသည် မော်တော်ယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီများအားလုံးအတွက် အကျုံးဝင်သောကြောင့် သတ်မှတ်ထားသော Signal Protoccol တစ်ခုခြင်းစီအလိုက်ပြုလုပ်ထားသော OBD-II Scanner များဖြင့် သော်လည်းကောင်း Singnal Protocol အားလုံးအတွက်အသုံးပြုနိုင်သော Multi Protocol Sanner များဖြင့်သော်လည်းကောင်း OBD-II Connector မှတစ်ဆင့် Diagnostic Trouble Code (DTCs) များကိုဖတ်ရှုယူနိုင်ပါသည်။




            
ပုံ - OBD-II Connector ခေါင်း


Signal Protocol စံနစ်များကို အကြမ်းအားဖြင့်  1. SAE J1850 VPW (Variable Pulse Width Modulation) 2. SAE J1850 PWM (Pulse Width Modulation) 3. ISO 9141-2 4. KWP 2000 5. ISO 15765 (CAN BUS) ဟူ၍ ငါးမျိုးခွဲခြားနိုင်ပြီး အလွယ်မှတ်သားလိုပါက GM ကားများနှင့် Light Truck များသည် SAE J1850 VPW. Chrysler မှထုတ်လုပ်သောကားများ Europe မှထုတ်လုပ်သောကားများနှင့် အချို့သော Asia မှထုတ်လုပ်သောကားများသည် ISO 9141-2 သို့မဟုတ် KWP2000. Ford မှထုတ်လုပ်သောကားများသည် SAE J1850 PWM နှင့် 2008 ခုနှစ် နောက်ပိုင်းထုတ် မော်တော်ယာဉ်များသည် ISO 15765 CAN-Bus စံနစ် တို့ဖြစ်ကြသည်။ ၎င်း Signal Protocol စံနစ်များကို OBD-II Connector ခေါင်းအတွင်းရှိ Pin များကိုစစ်ဆေး ကြည့်ရှုခြင်းဖြင့်လည်း မည်သည့် Protocol ဖြစ်ကြောင်း ခွဲခြား ကြည့်ရှုနိုင်ပါသည်။ ခွဲခြားပုံမှာ J1850 VPW တွင် Pin 2,4,5,16 တို့တွင် Metal contact ရှိရပါမည်။ ISO 9141-2 နှင့် KWP 2000 တို့တွင် Pin 4,5,7,15,16 တို့၌၎င်း J1850 PWM တွင် Pin 2,4,5,10,16 တို့၌၎င်း ISO 15765 CAN Bus စံနစ်တွင် Pin 4,5,6,14,16 တို့၌၎င်း Metal Contact ရှိရပါမည်။ သတိပြုရန်မှာ OBD-II Compliant မဟုတ်သေးသော Pre-OBD-II စံနစ်များတွင် OBD-II Connector ခေါင်းပင်ဖြစ်သော်လည်း အထက်ဖော်ပြသည့်အတိုင်း Pin များနေရာတကျ မရှိသည်ကို တွေ့ရခြင်းနှင့် ရံဖန်ရံခါ ခေါင်းရော Pin position များပါတူညီပါလျက် OBD-II Compliant မဟုတ်သည့် စံနစ်များကို တွေ့နိုင်ခြင်းပင်ဖြစ်ပါသည်။




                     


ပုံ - Hand held OBD-II Scanner 


သင်၏ကားတွင် OBD-II စံနစ်တပ်ဆင်ပါရှိကြောင်း အချက် ၂ချက်အားဖြင့် သိနိုင်ပါသည်။ ပထမတစ်ချက်မှာ အထက်ဖော်ပြပါ Connector ခေါင်းပါရှိခြင်းနှင့် ဒုတိယတစ်ချက်မှာ အင်ဂျင်ခန်းတွင် OBD-II Compliant ဟု Name Plate တွင်၎င်း Sticker တစ်ခုခုတွင်၎င်း ရေးသားပါရှိခြင်း ပင်ဖြစ်သည်။ OBD-II Connector သည် Driver ခုံနှင့် ၃ ပေအတွင်းတွင် ရှိပြီး ပုံမှန်အားဖြင့် မည်သည့်ပစ္စည်းမှ ဖြုတ်ရန်မလိုဘဲ တွေ့ရှိနိုင်ပါသည်။ ဒက်ရှ်ဘုတ်၏အောက်ဘက် ဆေးလိပ်ပြာခွက် နောက်ဘက်တွင် အများအားဖြင့် ရှိတတ်ပါသည်။





OBD-II Port မှတစ်ဆင့် DTCs, Real Time Data နှင့် Freeze Frame Data ဟူ၍သတင်းအချက်အလက် ၃ မျိုးရရှိနိုင်ပါသည်။ DTC (Diagnostic Trouble Codes) ဆိုသည်မှာ သင်၏မော်တော်ယာဉ်တွင် ဖြစ်ပေါ်နေသော ချွတ်ယွင်းချက်ကို Code အနေဖြင့်ဖော်ပြပေးခြင်းဖြစ်သည်။ ဥပမာ DTC P0302 သည် Cylinder 2 တွင် Misfire ဖြစ်ပေါ်မှုကို တွေ့ရသည် (cylinder 2 misfire detected) ဟူ၍ဖြစ်ပြီး ၎င်း Error ဖြစ်ပေါ်သည်နှင့် တစ်ပြိုင်နက် မော်တော်ယာဉ်၏ ဗဟိုထိန်းချုပ်စံနစ်မှ Check Engine မီးကိုလင်းစေမှာ ဖြစ်ပါသည်။ Real Time Data များသည် Sensor များမှ OBD Computer System သို့ အချိန်နှင့် တစ်ပြေးညီ တင်ပို့ပေးနေသော Raw Data များဖြစ်ပြီး မော်တော်ယာဉ် ပြင်ဆင်ရာတွင်၎င်း ယာဉ်ကြံခိုင်ရေး စစ်ဆေးရာတွင်၎င်း အသုံးဝင်ပါသည်။ Freeze Frame Data ဆိုသည်မှာ DTC ဖြစ်ပေါ်သည့်အချိန်တွင် မှတ်တမ်းတင်ထားသော Sensor အားလုံး၏ Real Time Data Snap shot Record ဖြစ်ပါသည်။ Auto Machine များသည် ၎င်း Data များကိုအသုံးပြု၍ မည်သည့်အကြောင်းကြောင့် Check Engine မီးလင်းရသည်ကို ရှာဖွေဖော်ပြပေးနိုင်ပါသည်။


ချွတ်ယွင်းချက်ကို ရှာဖွေပြင်ဆင်ပြီးသည့်အခါ ၎င်း OBD System ကို မူလအခြေအနေအတိုင်း ပြန်လည်ရရှိစေရန် DTC များကို ပြန်လည် Reset ပြုလုပ်ပေးရန်လိုအပ်ပြီး သို့မှသာ Check Engine Light စသည် Error Signal မီးများလည်း ပြန်လည်ငြိမ်းသွားခြင်း ရံဖန်ရံခါ OBD-II Computer System မှမော်တော်ယာဉ်၏ စွမ်းဆောင်ရည်များကို ထိန်းချုပ်ကန့်သတ်ထားခြင်း စသည်တို့ ပုံမှန်ပြန်ဖြစ်သွားကာ မော်တော်ယာဉ်အား မူလအတိုင်း စွမ်းဆောင်ရည်ပြည့် ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။




ကိုငယ် (မန္တလေး)

No comments :

Post a Comment

The lady movie

LinkWithin

Related Posts Plugin for WordPress, Blogger...