မင်္ဂလါပါ အားလုံးကိုကြိုဆိုပါတယ်။ ဥရောပရောက် မြန်မာများအတွက် ကဏ္ဍအစုံအလင်ကို တက်နိုင်သမျှ တင်ဆက်သွားမှာဖြစ်ပါတယ် ပညာရေး/စီးပွာရေး/နည်းပညာနဲ့ မာတီမီဒီယာ တိုဆွေးနွေးရာ ဘလော့တစ်ခုအဖြစ် ရည်၇ွယ်ပါတယ်။ကျေးဇူးတင်ပါသည်။

Saturday, December 21, 2013

Portable device များတွင် Virus ကြောင့် hidden (သို့) invisible ဖြစ်သွားသော file/ folder များကို ပြန်လည်ရယူပုံ


                        USB Flash drive, Portable hard drive နဲ့ Memory card တွေထဲမှာရှိတဲ့ folder များဟာ virus ကြောင့် ပျောက်ကွယ်သွားခြင်း၊ hidden ဖြစ်ခါ folder icon လေးများ မှေးမှိန်နေခြင်း နဲ့ folder များဖွင့်မရတော့ပဲ executable file (.exe) များဖြစ်နေခြင်း တို့ ကြုံရတတ်ပါတယ်။ Portable ပစ္စည်းများဖြစ်သောကြောင့် စက်တစ်လုံးမှ အခြားစက်တစ်လုံးသို့ ပြောင်းလဲ အသုံးပြုရာမှ virus များ ပြန့်ပွားကူးစက် လာရခြင်းဖြစ်ပါတယ်။ ၄င်း portable device များမှ data များကို ပြန်လည်ရယူဖို့အကောင်းဆုံး နည်းလမ်းကတော့ ပထမဦးစွာ device ကို virus defination update ပြုလုပ်ထားသော Microsoft security essential နှင့် အရင်ဆုံး scan ဖတ်ပါ။ ပြီးတဲ့နောက် virus လို့ယူဆတဲ့ exe file/ folder အားလုံးကို ဖြတ်ထုတ်သွားပါလိမ့်မယ်။ အဲဒီနောက်တော့ Fixxy လို့ခေါ်တဲ့ software ကို download လုပ်ပြီးနောက် အောက်မှာ ပြထားတဲ့ပုံအဆင့်အဆင့် အတိုင်း မိမိ device ကိုရွေးချယ်ခါ ပြန်လည် recover ပြုလုပ်နိုင်ပါတယ်။
              
Fixxy 3 portable software ကို့ မူရင်း homepage မှ download လုပ်ရန်
Fixxy 3 portable software ကို Mediafire မှ download လုပ်ရန်


 Frxxy software ကို run ပြီး I Agree ကိုနှိပ်ပါ။
ပြီးလျှင် Advanced Pro Version ကို ရွေးချယ်ပါ။
Scan & Recover ကို နှိပ်ပါ။
၎င်းနောက် မိမိ၏ Portable device ကို ရွေးချယ်သတ်မှတ်ပေးပါ။
                           ပြီးလျှင် Click Me ကိုနှိပ်ခါ စတင် recover ပြုလုပ်နိုင်ပါပြီ။ Recover ပြုလုပ်ပြီးသွားလျှင် Virus ကြောင့် hidden / invisible ဖြစ်သွားတဲ့ file folder များအားလုံးကို မိမိရဲ့ device အတွင်းမှာ ပြန်လည်တွေ့ရှိရမှာဖြစ်ပါတယ်။ ထူခြားချက်ကတော့ device ထဲမှာရှိနေတဲ့ hidden/invisible စတဲ့ attribute တွေကို ပဲ hidden မှ unhidden ၊ invisible မှ visible ပြောင်းလဲပေးတဲ့အတွက် recover ပြုလုပ်ချိန် အလွန်လျှင်မြန်ခြင်းပဲဖြစ်ပါတယ်။                      

No comments :

Post a Comment

The lady movie

LinkWithin

Related Posts Plugin for WordPress, Blogger...