မင်္ဂလါပါ အားလုံးကိုကြိုဆိုပါတယ်။ ဥရောပရောက် မြန်မာများအတွက် ကဏ္ဍအစုံအလင်ကို တက်နိုင်သမျှ တင်ဆက်သွားမှာဖြစ်ပါတယ် ပညာရေး/စီးပွာရေး/နည်းပညာနဲ့ မာတီမီဒီယာ တိုဆွေးနွေးရာ ဘလော့တစ်ခုအဖြစ် ရည်၇ွယ်ပါတယ်။ကျေးဇူးတင်ပါသည်။

Sunday, June 8, 2014

iOS 7.1.1 နှင့် IOS 8 Beta တင်ထားသော iDevice တွေအတွက် Myanmar Font


 iOS 7.1.1 နှင့် IOS 8 Beta တင်ထားသော iDevice တွေအတွက်   Myanmar  Font သွင်းနည်းကိုပြန်ရှယ်ပေးလိုက်ပါတယ်။Keyboard ကိုတော့ Application ထည်းမှာ မြန်မာလိုရေးနိုင်ပြီး copy/paste ဖြင့်အသုံးပြုနိုင်ပါတယ် ခင်ဗျ။။ဒီ Application လေးကို Burmese Keys လို.အမည်ပေးထားပါတယ်။Zawgyi profile ကို သွင်းပေးပြီး Facebook နှင့် အခြား Application တွေမှာ မြန်မာစာ ဖတ်လို့ရအောင်ကူညီပေးပါလိမ်မည်။

Burmese Keys ကို Install လုပ်ပြီး Appliction ထည်းသို့ဝင်ပါ။ အောက်နားတွင်ရှိသော Install Zawgyi One ကို နှိပ်ပြီး Zawgyi Profile ကိုသွင်းပါ ခင်ဗျ။

Multitasking Kill app ပြုလုပ်လျှင် zawgyi one profile ပြောက်ပါလိမ့်မည်။ မြန်မာစာပြောက်သွားလျှင် setting ထည်းမှာ သွင်းထားသော Zawgyi Profile ကို Remove လုပ်ပေးပါ။

Setting >General > Profile > zawgyi one ကို remove လုပ်ပါ။

Remove လုပ်ပြီးလျှင် မိမိ တို့အသုံးပြုချင်သော Application တွေကို ဝင်လိုက်ပါ ပြီးရင် ထို Application တွေကို  မ Kill ရပါပြီးလျှင် Burmese Keys Application ထည်းကိုထပ်ဝင်ပြီး ပြန်လည်သွင်းယူရမည်ဖြစ်ပါသည်။
 
 
Download

Cover Letter , CV နဲ့ Recommendation

Cover Letter တစ်ခုကို အတိုဆုံး၊ အရှင်းဆုံးနဲ့ ကိုယ့်အရည်အချင်းတွေဟာ ကိုယ်လျှောက်မယ့် အလုပ်နဲ့ အံဝင်ခွင့်ကျ ဖြစ်တယ်ဆိုတာကို အလုပ်ခေါ်တဲ့ အလုပ်ရှင် သိသာ၊ မြင်သာသွားအောင် ရေးပါ။ Oline ပေါ်မှာ ကိုးကားဖို့ Website တွေရှိပါတယ်။

Cover Letter တွေ ကြည့်ဖို့ Web Site အချို့ကိုလည်း အောက်မှာ ထည့်ပေးလိုက်ပါတယ်၊ နည်းနည်း လေ့လာကိုးကားလို့ ရတာပေါ့။ ပြီးတော့ ကျွန်တော့်ရဲ့ CV နဲ့ Recommendation တွေကိုလည်း Sample အဖြစ်နဲ့ Download Link ထည့်ပေးလိုက်ပါတယ်။
http://www.csuchico.edu/plc/coverltr-ex.html
http://www.quintcareers.com/cover_letter_samples.html
http://www.careercc.com/resumpr.shtml#Specific%20Cover%20Letter

အိုင်တီမောင်မောင်

အမျိုးသမီးများ၏ ရယ်စရာကောင်းသော အလေ့အထလေးများ

၁။ ကျွန်မတို့တွေက နိုးစက်ကိုလိုတာထက် (၁၀) မိနစ်ကြိုပေးတတ်ကြတာတောင်ဘယ်လိုပဲဖြစ်ဖြစ် အိပ်ပျော်သွားမြဲပါပဲ။
၂။ မျက်တောင်ကော့တိုင်းပါးစပ်ဟထားကြတယ်။ ပါးစပ်ပိတ်ဖို့ ကြိုးစားပြန်တော့လည်းမျက်တောင်ကော့ဆေးတွေ စွန်းထင်းကုန်ပါတယ်။
၃။ ကျွန်မတို့ရဲ့ ကြီးမားလှတဲ့ လက်ကိုင်အိပ်ထဲကို ဖုန်းကိုပစ်ထည့်တတ်ကြပါတယ်။ အဲဒါနဲ့ ဖုန်းမြည်လာတဲ့အခါဖုန်းကိုရှာမတွေ့လို့ ကမန်းကတန်းဖြစ်တတ်ကြတယ်။

Sunday, April 13, 2014


ပိတောက်ဆိုတာနွေရဲ့အရှင်သခင်ပါ။ဒါပေမယ့်..နွေဟာပူလောင်မှု့နဲ့လောကကိုဖမ်းစားပါတယ်၊ပိတောက်ကတော့
နွေရဲ့ပူလောင်မှု့ထဲမှသူ့ရဲ့အ၀ါရောင်ပြုံးရယ်သံများနဲ့လောကကိုအလှဆင်ပါတယ်။မြန်မာတွေဟာပိတောက်နဲ့နှစ်သစ်ကို
ဖွင့်လစ်ကြပါတယ်၊နောက်ပြီးတော့ပိတောက်ဟာသင်္ကြန်ရဲ့အရှင်သခင်ဆိုလည်းမမှားပါဘူး။ပိတောက်ဟာအနုပညာရဲ့လျှို့ဝှက်
ချက်တွေထဲကတစ်ခုဆိုလည်းမမှားပါဘူး။ပိတောက်ကတော့သူနေခဲ့ရတဲ့တစ်နှစ်ပတ်လုံးကိုအကျဉ်းခြုံးပြီးပြုံးပြရှာပါ
တယ်..


လူတွေအတွက်...ဒါမှမဟုတ်...နှစ်သစ်အတွက်..သူ့မှာရှိတဲ့အားအင်နဲ့ပွင့်…ဆွီဒင်မြန်မာကွန်ရက်

Monday, January 13, 2014

ကိုယ်ပိုင်ရိုက်ချက်များ ..Malaysia အမှတ်တရ

  • ဓါတ်ပုံ ရိုက် ခြင်း၊ ခရီးထွက် ခြင်း ၊ တို့ ကို ၀ါသနာ ပါသူ ဖြစ်ပါ တယ်။ စာဖတ်သူ လည်း ကျွန်တော် နဲ့ ၀ါသနာ တူ ဖြစ် ပါ က ယခု ဖတ် နေ သော ကျွန်တော် ရဲ့ ဘလော့ စာမျက် နှာ များ သည် စာဖတ် သူ အား စိတ်ကျေနပ် မှု တစုံ တရာ ပေး နိုင် လိမ့် မယ် ထင် ပါ တယ်။ အချိန်ပေး ပြီး အလည် လာ သူ အားလုံး ကို လေးစား စွာ ကြိုဆို ပါ တယ်။ Malaysia အမှတ်တရ ကိုယ်ပိုင်လက်ရာလေးများကိုခံစားကြည်.ပါ




Friday, January 3, 2014

2014 အတွက်နှစ်သစ် ဆုတောင်း


သူငယ်ချင်းများ အားလုံးအတွက်
လာမယ့်၂၀၁၄မှာပျော်ရွှင်ခြင်း
လိုတိုင်းတလို့ရကြပါစေ။
ချစ်သောသူနှင့်တွေ့ဆုံ၍
ပျော်ရွှင်ကြည်နူးသောဘဝ
ကိုပိုင် ဆိုင်ကြပါစေ။
အဖက်ဖက်ကပြည့်စုံမှုကို
ရရှိနိုင်ကြပါစေလို့ဆုတောင်း
မေတ္တာပို့သလိုက်ပါတယ်။
ပျော်ရွှင် စရာနှစ်သစ်ဖြစ်ပါစေ။

Tuesday, December 31, 2013

၂၇၅၃ ကြီမ်မြောက်ကရင်နှစ်သစ်ကူး

ခရစ်သက္ကရစ် 1.1.2014 ရက်နေ.မှာဆိုရင် ကျနော်တို.တိုင်းရင်းသား
တွေထဲက တိုင်းရင်သားလူမျိုးစုကြီးတစ်စုဖြစ်တဲ့ ကရင်တိုင်ရင်းသား
တွေရဲ. ၂၇၅၃ ကြီမ်မြောက်ကရင်နှစ်သစ်ကူးကို ကြိုဆိုလိုက်ပါစို. .....

ဖိုးခွား

Monday, December 23, 2013

သိထားဖို့ လိုသည့်**ပွဲကျောင်းသိုင်းပညာဆိုတာ ...**

ပွဲကျောင်းသိုင်းပညာဆိုတာနဲ့ မြန်မာတွေ တော်တော်များများသိထားကြတာက ပုဂံခေတ် အရည်းကြီးတွေရဲ့ပညာလို့မြင်ကြပါတယ်။ ပုဂံခေတ် ပန်းဦးဆက်သရတဲ့ အရည်းကြီးတွေ အကြောင်းကိုပဲ လူတွေ မျက်စိထဲမြင်ကြမှာပါ။ ထို သမိုင်းမှားအတွက် ပွဲကျောင်းသားတစ်ဦးဖြစ်တဲ့ ကျွန်တော်မှာ ရှင်းလင်းဖို့ တာဝန်ရှိလာပါတယ်။



ပုဂံခေတ်မှာ အရည်ကြီးဆိုတဲ့အကြောင်းအရာရှိခဲ့တယ်ဆိုတာကို ကျောက်စာ၊ မင်စာ၊ အုတ်ခွက်စာ အစရှိတဲ့ ငြင်းပယ်လို့မရတဲ့ သမိုင်းသက်သေမရှိပါဘူး။ ပုဂံတစ်မြို့လုံးမှာလည်း ဂါမ၀ါသီပွဲကျောင်း အဆောက်အဦးနဲ့တူတာ တစ်ခုမှ တူးဖော်လို့မရရှိသေးပါဘူး။ အဲဒါကြောင့် သမိုင်းပညာရှင်က ပုဂံခေတ်မှာ အရည်ကြီးဆိုတာမရှိပါဘူး ရှိရင် သက်သေပြပါလို့ ပြောခဲ့ပါတယ်။ သမိုင်း မှတ်တမ်းများ အရ အရည်းကြီးဆိုတာ မရှိသလို ပွဲကျောင်းသိုင်းပညာကို တကယ်သင်ယူ ဖူးသူ အားလုံးဟာ တကယ့် ပွဲကျောင်းပညာရပ်ဟာ စာအုပ်ထဲက စိတ်ကူးယဉ်ပွဲကျောင်းပညာလို မဟုတ်ဘူးဆိုတာ သဘောပေါက်သွားကြပါတယ်။ မီးလှုံ၊ ရေငုပ်၊ ဇယ်ခတ်၊ တုန်းခုံဆိုတာက သိုင်းကျင့်စဉ်ပါ။ ထိုကျင့်စဉ်တွေကို သဘောမပေါက်ဘဲ အရည်းကြီးကျင့်စဉ်လိုလို ရေးခဲ့ကြတာပါ။

သိုင်းပြောင်းပြန် နှစ် ၅၀ ပြည်. ITBBA org (ရန်ကုန်)


သိုင်းပြောင်းပြန် ပညာစဉ်၊ သမားစဉ် ဂါရဝပြု အခမ်းအနား(မန္တလေး)

ကမ္ဘောဇနန်းတွင်း ခူးခါချန့် သိုင်းပြောင်းပြန် ပင်မနာယက ဆရာကြီး ဦးမောင်လေးနှင့် ဆရာကြီး ဦးအေးနိုင် (နန်းတော်ရှေ့) တို့အား ပညာစဉ်၊ သမားစဉ် ဂါရဝပြုခြင်း အခမ်းအနား

မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမြို့နယ် (၁၉) လမ်း နန်းရှေ့မုန်တိုင် ဓမ္မာရုံ၌ မြန်မာ့ရိုးရာ သိုင်းပြောင်းပြန် ပညာစဉ် တိမ်ကောပပျောက်သွားခြင်း မရှိစေရန်၊ လက်ဆင့်ကမ်း ထိန်းသိမ်းသည့် ပညာရှင်များ ပေါ်ပေါက်လာစေရန်၊ ပညာညီအစ်ကို အချင်းချင်း စည်းလုံး ညီညွတ်စေပြီး မြန်မာ့ရိုးရာ သိုင်းပညာရပ်များ ပြန့်ပွားအောင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ခူးခါချန့် ကမ္ဘောဇ နန်းတွင်းသိုင်းပြောင်းပြန် ပင်မနာယက ဆရာကြီး ဦးမောင်လေးနှင့် ဆရာကြီး ဦးအေးနိုင် (နန်းတော်ရှေ့) တို့အား ပညာစဉ်၊ သမားစဉ် ဂါရဝပြုခြင်း အခမ်းအနားကို ၁၃၇၅ တန်ဆောင်မုန်းလဆန်း ၁ ရက် (နိုဝင်ဘာလ-၃-ရက်၊ ၂၀၁၃) က ကျင်းပသည်။
Thaing Byaung Byan Show-Mandalay-3-Nov-2013
Thaing Byaung Byan Show-Mandalay-3-Nov-2013
မန္တလေးတိုင်း အတွင်းမှ သိုင်းပြောင်းပြန်ဆရာကြီးများနှင့် သိုင်းပြောင်းပြန်သမားများ သာမက ရန်ကုန်၊ မတ္တရာ၊ တံတားဦး၊ ပြင်ဦးလွင်နှင့် အနယ်နယ်အရပ်ရပ်မှ ဆရာကြီးများနှင့် သင်တန်းသားအဖွဲ့ဝင်များ အားလုံး တက်ရောက် ပူဇော်ခဲ့ကြပါသည်။

Saturday, December 21, 2013

ကိုးရီးယားအစားအစာ နှစ်သက်သူများအတွက် ချက်ပြုတ်နည်းစာအုပ်


Portable device များတွင် Virus ကြောင့် hidden (သို့) invisible ဖြစ်သွားသော file/ folder များကို ပြန်လည်ရယူပုံ


                        USB Flash drive, Portable hard drive နဲ့ Memory card တွေထဲမှာရှိတဲ့ folder များဟာ virus ကြောင့် ပျောက်ကွယ်သွားခြင်း၊ hidden ဖြစ်ခါ folder icon လေးများ မှေးမှိန်နေခြင်း နဲ့ folder များဖွင့်မရတော့ပဲ executable file (.exe) များဖြစ်နေခြင်း တို့ ကြုံရတတ်ပါတယ်။ Portable ပစ္စည်းများဖြစ်သောကြောင့် စက်တစ်လုံးမှ အခြားစက်တစ်လုံးသို့ ပြောင်းလဲ အသုံးပြုရာမှ virus များ ပြန့်ပွားကူးစက် လာရခြင်းဖြစ်ပါတယ်။ ၄င်း portable device များမှ data များကို ပြန်လည်ရယူဖို့အကောင်းဆုံး နည်းလမ်းကတော့ ပထမဦးစွာ

သူဟာ မြန်မာမလေးပါ(နိုင်ငံခြားကလူတွေ မြန်မာပြည်ရောက်လျှင် ဖြစ်လေ့ဖြစ်ထရှိသော မနှစ်မြို့မှုများကို ဆရာမနှင်းဝေငြိမ်းက ဝတ္ထုတို အတတ်ပညာဖြင့် ထိတို့ပြသွား)

  | |
Book shelfစာအုပ်အမျိုးအစား – ဝတ္ထုတိုပေါင်းချုပ်
စာအုပ်အမည် – သူဟာ မြန်မာမလေးပါ
စာရေးသူ – နှင်းဝေငြိမ်း
စာအုပ်တိုက် – မုဒိတာစာပေ
ထုတ်ဝေသည့်နှစ် – ပထမအကြိမ်၊ စက်တင်ဘာ၊ ၂၀၁၃
အုပ်ရေ – ၁၀၀၀
တန်ဖိုး – ၂၀၀၀ ကျပ်
ရသစာပေ ဆွံ့အရှားပါးလာပြီ၊ လူတွေ စာဖတ်အားနည်းလာပြီ၊ စာအုပ်တွေ ရောင်းအား ကျဆင်းလာပြီ ဆိုသည့် အသံများ ဆူညံနေသော ကာလတွင်ပင်

အပေါ့ပါးဆုံးနဲ့ အစွမ်းထက် နာမည်ကြီး Antivirus Program (SMADAV 2013 V.9.4.1 Full)




မင်းထွန်း: အကိုညီသူ ညီကို virus သတ်တဲ့ဆောဝဲး ကောင်းကောင်းလေး တင်ပေးပါလား Internet သုံးတာများတော့ ၂ / ၃ နာရီ ကြာရင် တအားလေတယ် ဝယ်လဲး မသုံးနိုင်လို့ အကိုကူညီပေပါနော် ။

တောင်းဆိုတဲ့ ညီလေးအတွက် သုံးကြည့်နော် အကိုတော့ကြိုက်တယ် စမ်းကြည့်လိုက်ပါ..ပေါ့ပေါ့လေးပဲနော်
ဒေါင်းရန်...  ဒီမှာ ဆိုတာကိုနှိပ်ပြီး ၀င်ရောက်ဒေါင်းယူပါဗျာ...

ရေနွေးကြမ်းကို မြန်မာတို့ ဘာကြောင့် သောက်ခဲ့ရသနည်း

 

ရေနွေးကြမ်းကို ကျွန်ုပ်တို့ မြန်မာလူမျိုးများ ငယ်စဉ်တည်း ကသောက်ခဲ့ကြသည်။ နေရာတိုင်း အိမ်တိုင်းမှာ ရေနွေးကြမ်းဝိုင် ရှိခဲ့သည်။ ဧည့်သည် လာလျှင် ရေနွေးကြမ်းအရင်ချ ပေးသည်။

ရေနွေးကြမ်းကို မြန်မာတို့ ဘာကြောင့် သောက်ခဲ့ရသနည်း။

လျှာ တွင်အရသာတွေ့သည်မှာ မွေးက တည်းက၊ လူမှန်းစသိကတည်းက အဖိုး၊ အဘတို့နှင့် သောက်ခဲ့ သော 'အခါးရည်' လည်းကောင်း၊ 'အဖန်ရည်' ဟုလည်းကောင်း ခေါ်ကြသည် ရေနွေးကြမ်းးကို သာကြိုက်ပါသည်။

ကမ္ဘာသစ် ဂြိုဟ်သစ်တွေ အကြောင်း




ဒီတပတ်တော့ သိပ္ပံပညာရှင်တွေ  ရှာဖွေနေကြတဲ့ ကမ္ဘာသစ် ဂြိုဟ်သစ်တွေ အကြောင်း Illinois ပြည်နယ် Spoon River ကောလိပ်က နက္ခတ္တဗေဒပါမောက္ခ ဒေါက်တာ ၀င်းသာထွေးက ပြောပြပေးမှာပါ။
"ပထမတော့ နေမိသားစုထဲမှာ ဂြိုဟ် ၉လုံး အပြင် တခြားဂြိုဟ်များ ရှိမလားလို့ ရှာပါတယ်။ အဲဒီအခါမှာ ဂြိုဟ်သိမ်ဂြိုဟ်မွှားလေးတွေ နေမိသားစုထဲမှာ တွေ့ပါတယ်။ ဒါပေမယ့်လို့ နေမိသားစု အပြင်ဘက်မှာ လူတွေနေနိုင်မလား သက်ရှိသတ္တ၀ါတွေ ရှင်သန် နေထိုင်နိုင်မလား ဆိုတဲ့ နေရာတွေကိုလည်း ကျွန်တော်တို့ ရှာကြတယ်"

Flash Sounds လုပ်နည်း စာအုပ်များ(old one


             Flash Sounds ပြုလုပ်နည်းစာအုပ်လေး တောင်းထားတာနဲ့ လိုအပ်တဲ့သူတွေရှိရင်လဲ
ရယူနိုင်အောင် တင်ပေးလိုက်ပါတယ်။ ကျွန်တော်ကတော့ အချိန်မရတာကတစ်ကြောင်း  ကြောင့်သီချင်းတစ်ပုဒ်တောင်မှ မလုပ်ဖြစ်ပါဘူး။ လေ့လာရင်း Flash
သီချင်းလေးတွေ လုပ်ချင်တဲ့သူတွေတော့ အောက်မှာ စာအုပ်လေးတွေကို ယူသွားပြီး စမ်းကြည့်
လိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။


Flash သီချင်းလုပ်နည်း စာအုပ် 

Flash Sounds လုပ်နည်း စာအုပ် 

ကာတွန်းဘဲဥ စာအုပ်များ


            မနေ့ညက လိုချင်တဲ့ စာအုပ်လေးတွေလိုက်ရှာရင်း ကာတွန်းဘဲဥ စာအုပ်လေးတွေတွေ့တာနဲ့
တစ်ခါတစ်လေ အပျင်းပြေဖတ်ချင်တဲ့သူတွေရှိရင် ဖတ်နိုင်အောင်တင်ပေးလိုက်ပါတယ်။ အောက်မှာ
စာအုပ်နာမည်လေးတွေကို ကလစ်ပြီးဖတ်လိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Sunday, December 15, 2013

သမိုင်းထဲက အမေ့လျော့ခံ အားကစား (သို့မဟုတ်) ဗန်တို





“မြန်မာ့သိုင်းပညာ သင်တန်းကျောင်း” ဆိုတဲ့ ဆိုင်းဘုတ်က ယိုင်နဲ့နေသလို ကျောင်းဝင်းထဲ မှာလည်း မြက်တွေက ခြေသလုံးမြုပ်မတတ်ရှည်လို့တောင် နေပါပြီ။ ရေညှိတွေဖုံးနေလို့ သိုင်းကသလို ဟန်ချက်ထိန်းပြီး လျှောက်နေရတယ်။
အားကစားဝန်ကြီးဌာန လက်အောက်မှာ ရှိပေမယ့် ပုဂ္ဂလိကသူဌေးတဦး တည်ထောင်ထားတဲ့ ဒီကျောင်းရဲ့ ကျောင်းအုပ်က အသက် ၇၅ နှစ်အရွယ်  ဦးအောင်ဌေးပါ။
Myanmar Thaing Federation
Myanmar Thaing Federation
“ဖက်ဆစ်ကို တော်လှန်ခဲ့တာလည်း မြန်မာ့သိုင်းပဲ။ ဗြိတိသျှကို နှင်ထုတ်ခဲ့တာလည်း မြန်မာ့သိုင်းပဲ ဒါပေမယ့် ငါတို့လူမျိုးက ငါတို့သိုင်းကို မေ့ထားတယ်။ ဘာကြောင့်လဲ” လို့ ဆရာကြီးက ပြောရင်း သက်ပြင်းရှည်တချက် ချလိုက်ပါတယ်။

The lady movie

LinkWithin

Related Posts Plugin for WordPress, Blogger...