မင်္ဂလါပါ အားလုံးကိုကြိုဆိုပါတယ်။ ဥရောပရောက် မြန်မာများအတွက် ကဏ္ဍအစုံအလင်ကို တက်နိုင်သမျှ တင်ဆက်သွားမှာဖြစ်ပါတယ် ပညာရေး/စီးပွာရေး/နည်းပညာနဲ့ မာတီမီဒီယာ တိုဆွေးနွေးရာ ဘလော့တစ်ခုအဖြစ် ရည်၇ွယ်ပါတယ်။ကျေးဇူးတင်ပါသည်။

Sunday, June 16, 2013

ဆွီဒင်တရားပွဲ

ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်းတို့ ခင်ဗျား --
ဆွီဒင်နိုင်ငံရှိ တိရတနာ ဘုန်းကြီးကျောင်း၌ ၂၀၁၃ခုနှစ် ဂျူလိုင်လ၁၅ရက်နေ့မှ ၂၀ရက် နေ့ အတွင်း ပြုလုပ်ကျင်းပသွားမည့် ကျောင်းရေစက်ချပွဲကိုစည်ကားသိုက်မြိုက် စွာ ကျင်းပသွားနိုင်ရန် အလုပ်ဖြစ်မြောက်ရေး ဆပ်ကော်မတီအား အောက်ပါအတိုင်းဖွဲ့ စည်းလိုက်ကြပါသည်။
"ကျောင်းရှိဆရာတော် (၂)ပါးအား နာယကအဖြစ် အမှုးထား၍ ကိုခိုင်ထူးနှင့် ကိုချမ်းငြိမ်းတို့မှလုပ်ငန်း အားလုံး ဆက်စပ် လုပ်ကိုင်နိုင်ရန်နှင့် ပြန်ကြားရေးတာဝန်များ ယူသွားကြမည်ဖြစ်ပြီး၊ အခမ်းအနား ပြင်ဆင်မှုကို ကိုနိုင်ဖိုး၊ ကိုကျော်မင်း၊ သံဃာတော်များ ဆွမ်းကပ်ရန် ဒေါ်သိန်းရှင်၊ ဧည့်သည်များ စားသောက်ရေးအတွက် ကိုတိုးဝင်း၊ မှတ်တမ်း ဓါတ်ပုံနှင့် ဗီဒီယိုအား ကိုဇော်လင်းခိုင်၊ ငွေကြေးထိမ်းသိမ်းရေးကို ကိုဝမ်ဆွီ့ ၊ စရင်းကိုင်အဖြစ် ဒေါ်ခင်ကြွယ်သင်း၊ ဧည့်ခံကြိုဆိုရေးကို ကိုဇော်မျိုးလှိုင်၊ သန့် ရှင်းရေး နှင့် စည်းကမ်းထိမ်းသိမ်းရေးအား ကိုဝင်းမြင့်အောင်၊ ကိုသန်းလွင်တို့ မှ တာဝန် အသီးသီးဖြင့် လုပ် ဆောင်သွားကြ မည်ဖြစ်ပါသည်။
သဒ္ဓါကြည်လင် သူတော်ကောင်းများအနေဖြင့် အဖက်ဖက်မှ ပါဝင်အားဖြည့်လိုပါက ယ္ခုဖွဲ့ စည်းထားသော အလုပ်ဖြစ်မြောက်ရေးကော်မတီသို့  အကြောင်းကြား၍ အားဖြည့် ပါဝင်နိုင်ကြရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်း လိုက်ပါသည် ခင်ဗျား"
တိရတနာဘုန်းကြီးကျောင်

No comments :

Post a Comment

The lady movie

LinkWithin

Related Posts Plugin for WordPress, Blogger...