မင်္ဂလါပါ အားလုံးကိုကြိုဆိုပါတယ်။ ဥရောပရောက် မြန်မာများအတွက် ကဏ္ဍအစုံအလင်ကို တက်နိုင်သမျှ တင်ဆက်သွားမှာဖြစ်ပါတယ် ပညာရေး/စီးပွာရေး/နည်းပညာနဲ့ မာတီမီဒီယာ တိုဆွေးနွေးရာ ဘလော့တစ်ခုအဖြစ် ရည်၇ွယ်ပါတယ်။ကျေးဇူးတင်ပါသည်။

Sunday, June 16, 2013

ညီလေး အတွက်ဆုတောင်း

မင်္ဂလာပါလို့နူတ်ခွန်းဆက်သအပ်ပါသည်။
ဒီကမ္ဘာလောကကြီးထဲမှာလူပေါင်းများစွာ၊မိသားစုပေါင်းများစွာ၊ဘာသာစကား၊ကိုးကွယ်ယုံကြည်မူတွေ
များစွာရှိကြပါတယ်။ဒီအထဲမှာမှကျွန်တော်တို့ကမတူညီဖြတ်သန်းလာတဲ့ကာလတစ်လျှောက်ပျော်ရွှင်ခြင်း၊ခွဲခွာခြင်း၊
ရင်ဖွင့်စရာများနဲ့ကျွန်တော်တို့အတွက်ပေါင်းကူးတံတားလေးလိုဖြစ်ခဲ့ပါတယ်။ဒီလိုမတူညီတဲ့ဘဝအခြေအနေမှာ
ကျွန်တော်တို့အားလုံးမှာတူညီတဲ့အရာတစ်ခုကတော့အသက်ဓါတ်ပါပဲ။ဘယ်တစ်ဦးတစ်ယောက်ရဲ့အသက်မှ
တစ်ခြားတစ်ဦးတစ်ယောက်ထက်တန်ဖိုးမရှိပါဘူး..အားလုံးကတူတူပါပဲ။ဒီအသက်ရာပြည့်နေထိုင်နိုင်ဖို့က
ကျန်းမာရေးကအဓိကကြပါတယ်။ထို့အတူကျွန်တော်တို့ရဲ့လူဘဝမှာနောက်အဓိကကျတဲ့အရာတစ်ခုကမေတ္တာတရားပါပဲ။
ကျွန်တော်တို့ညီလေးဇင်သူခန်.SkySmithတစ်ယောက်ကျန်းမာရေးမကောင်းနေပါသဖြင့်ကျွန်တော်တို့အနေနဲ့လက်ရှိလုပ်နိုင်
တာကအားပေးစကားပြောကြားပေးခြင်းနဲ့ဆုတောင်းမေတ္တာပို့သခြင်းပါပဲ။လက်ရှိဒီကမ္ဘာလောကကြီးမှာ
အစွမ်းထက်ဆုံးလက်နက်ကမေတ္တာတရားပါပဲ။ဒါကြောင့်ကျွန်တော်တို့တွေ Sky အတွက်
ကျန်းမာပျော်ရွှင်စေပြီးရောဂါအမြန်ပျောက်ကင်းပါလို့ဆုတောင်းမေတ္တာပို့သကြရအောင်နော်...


.

ခံစားနေရတဲ့ ဝေဒနာ
အမြန်ပျောက်ကင်း တောက်ပတဲ့
အလင်းတွေနဲ့အတူ
ကံကြမ္မာလှိုင်းကြမ်းတွေ
ကျော်လွှားဖြတ်သန်းနိုင်ပါစေ
  Sky အခုခံစားနေရတဲ့
ဝေဒနာမှ အမြန်ဆုံး ကျန်းမာ
လောကကြီးအလယ်မှာ
ပန်းကလေးပမာ အမြဲတမ်း
စိတ်ရွှင်လန်းနိုင်ပါစေ
ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်........။

ဆွီဒင်@မြန်မာကွန်ယက် ·

No comments :

Post a Comment

The lady movie

LinkWithin

Related Posts Plugin for WordPress, Blogger...