မင်္ဂလါပါ အားလုံးကိုကြိုဆိုပါတယ်။ ဥရောပရောက် မြန်မာများအတွက် ကဏ္ဍအစုံအလင်ကို တက်နိုင်သမျှ တင်ဆက်သွားမှာဖြစ်ပါတယ် ပညာရေး/စီးပွာရေး/နည်းပညာနဲ့ မာတီမီဒီယာ တိုဆွေးနွေးရာ ဘလော့တစ်ခုအဖြစ် ရည်၇ွယ်ပါတယ်။ကျေးဇူးတင်ပါသည်။

Sunday, June 8, 2014

Hard Rock - သမိုင်း


1960 ခုနှစ် အလွန်က စတင်ဖြစ်တည်လာခဲ့တဲ့ Hard Rock Genre ဟာ များပြားလှစွာသော Rock အမျိုးအစားတွေထဲက တစ်ခုဖြစ်ပြီး 1960 ခုနှစ်တွေမှာ အရမ်းအောင်မြင်နေတဲ့ Garage Rock ,Blues Rock တို့ ကို အရင်းခံတယ် လို့ ပြောလို့ ရပါတယ် ..
Hard Rock ဂီတ မှာ အဓိကအားဖြင့် အသုံးပြုတာက distorted electric guitars ,bass guitar ,drums တွေအပြင် တစ်ခါတစ်လေ Keyboard ,Pianos တို့ ပါ တီးခတ်ပါတယ်.Hard Rock ဂီတ ဟာ 1970 ခုနှစ်တွေမှာ အရမ်းအောင်မြင်ခဲ့ပြီး Hard Rock သမိုင်းရဲ့ မူလအစ - အအောင်မြင်ဆုံးအချိန်တွေလို့ပြောလို့ ရပါတယ် ..
Led Zeppelin, The Who, Deep Purple, Aerosmith, AC/DC, Van Halen ,The Kinks တို့ ဟာ 70s 80s ဂီတရဲ့ အထွတ်အထိပ်နေရာ အထိ Hard Rock ဂီတ ကို ဆွဲပို့ ခဲ့ပါတယ်.
Glam Metal band တွေဖြစ်တဲ့ Def Leppard ,Bon Jovi , Guns N Roses တို့ ကလည်း 1980s မှာ အရမ်းအောင်မြင်လာခဲ့ပြီး Glam Metal ,Glam Rock ,Hard Rock တို့ ဟာ အဲဒီ့ခေတ် Band တွေရဲ့ အဓိက Genres တွေ ဖြစ်လာပါတယ်...

Hard Rock ဂီတဟာ စီးပွားရေးအရအပြင် အနုပညာအရပါ ဆယ်စုနှစ် နှစ်စု ကျော်ကြာ ဂီတ လောက ကို လွှမ်းမိုးထားခဲ့ရင်း 1980 နောက်ပိုင်းနဲ့ 1990 ခုနှစ်အကျော်တွေမှာ Grunge ဂီတနဲ့ British Pop ဂီတတို့ ရဲ့ တစ်ရှိန်ထိုး အောင်မြင်မှုမှာ Hard Rock ဂီတ ဟာ မှေးမှိန်ခဲ့ရပါတယ် ...( Grunge စအောင်မြင်လာတဲ့အချိန်ဖြစ်ပြီး Grunge ဂီတစ ပေါ်လာတာမဟုတ်ပါ )

..အဓိကအားဖြင့် ဂီတ လောက ရဲ့ တစ်ခေတ်ကို ပြောင်းလဲစေခဲ့တာ ဟာ Grunge band Nirvana ရဲ့ Nevermind အယ်ဘမ်ဖြစ်ပြီး Hard Rock ဂီတ ဟာ Grunge ကြီးထွားလာမှုအရှိန်အ၀ါအောက်မှာ ပပျောက်လုနီးပါးဖြစ်ခဲ့ပါတယ် ..ဒါပေမယ့်လည်း 2000 ခုနှစ်နောက်ပိုင်း Post-Grunge band တွေက သူတို့ ရဲ့ ဂီတအမျိုးအစားကို Post-Grunge ,Hard Rock , လို့ ပူးတွဲသတ်မှတ်ကြပါတယ်.

Hard Rock ဂီတဟာ ကျယ်လောင်ပြင်းထန်ကြမ်းတမ်း တဲ့ ရော့ခ်ဂီတ တစ်ခုပုံစံဖြစ်ပြီး အဓိကအားဖြင့် Electric Guitar ကို အသားပေးထားပါတယ်.မြန်ဆန်လှပတဲ့ Electric Guitar solo တွေ ,Drum solo တွေ လှပမြူးကြွပြင်းထန်တဲ့ Guitar riff တွေအပြင် Hard Rock အဆိုတော်တွေဟာ သီချင်းတွေကို ကျယ်လောက်ရှတ စူးဝါးတဲ့ အသံတွေ တစ်ချို့ နေရာတွေမှာ high range အသံတွေနဲ့ သီဆိုကြပါတယ်...Hard Rock ဂီတကို နာမည်ပြောင်အနေနဲ့ Cock Rock လို့ လည်းခေါ်ပြီး ဘာဖြစ်လို့ လည်းဆိုတော့ Hard Rock band တွေဟာ များသောအားဖြင့်Sexy ကျ.ယောက်ကျားပီသတဲ့ ဘဲကြီး တွေ ဖျော်ဖြေကြတာဖြစ်လို့ တဲ့ ...ပရိတ်သတ်တွေကလည်း အများအားဖြင့် လူဖြူ-လူငယ်တွေဖြစ်ပြီး ဆံပင်အရှည် ဂျင်းဂျက်ကတ်တွေ တက်တူးတွေနဲ့  အဲ့ခေတ်အခါရဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေ ဖြစ်ခဲ့ပါတယ် ...

1960s အလွန် 1970 အစ တွေမှာ စတင်အောင်မြင်လာတဲ့ Heavy Metal ဂီတ ကိုလည်း Hard Rock(Heavy Rock) အမျိုးအစားထဲ ထည့်သွင်းကြပါတယ် .
ဒါပေမယ့် Heavy Metal band တွေဟာ သူတို့ နဲ့ Hard Rock ဟာလုံးဝ ကွာခြားတယ်လို့ ငြင်းခဲ့ကြပါတယ် ..
Hard Rock ဟာ အဓိက တစ်ခုနဲ့ တစ်ခုချိတ်ဆက်နေတဲ့ Guitar riff တွေ , Blues အခြေခံ rock n roll ဂီတ Swing (ရစ်သမ်လွှဲတီးသလို)တီးဟန်တွေ ဖြစ်ပြီး အဆိုပိုင်းရော အတီးပိုင်းပါ Heavy Metal နဲ့ ကွာပါတယ် .Heavy Metal ဟာ တသီးတခြား Melody အလုံးတွေနဲ့ တီးခတ်တာဖြစ်ပြီး Swing တီးဟန်တွေလုံးဝမပါ ပါဘူး ..riffs တွေကလည်း Heavy Riffs တွေပါ. ဒါပေမယ့် Heavy Metal ရဲ့ ဖခင်ကြီးလို့ ပြောလို့ ရတဲ့ Black Sabbath ရဲ့ တစ်ချို့ သီချင်းတွေတောင် Hard Rock ပုံစံတွေကနေမကင်းလွတ်ပါဘူး .ဒါဟာ -ရော့ခ်ဂီတ အမျိုးအစားတွေ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်နေတဲ့ သဘာဝကိုပြပြီး ကျွန်တော်တို့က သံစဉ် - တီးခတ်ပုံတွေကွာတဲ့ ရော့ခ်ဂီတ အမျိုးတစ်ခုချင်းစီကို နာမည်ခွဲခြားထားတာဖြစ်ပြီး Band တစ်ခုကိုတော့ ဂီတအမျိုးအစားတစ်ခုထဲ သွတ်သွင်းဖို့ ဆိုတာကတော့ မဖြစ်နိုင်ပါဘူး...

Hard Rock သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် အမေရိကန်- ဗြိတိန် ရော့ခ် တီးဝိုင်းတွေဟာ သမားရိုးကျ ရော့်အင်ရိုးတီးဟန်တွေကို ပြင်းထန်ကြမ်းတမ်းတဲ့ သံစဉ်တွေထည့်ဖို့ စိတ်ကူးရခဲ့ပါတယ်1950-60 လောက်က ဖြစ်ပါမယ်..နာမည်ကျော် Rock band တွေဖြစ်တဲ့ The Rolling Stones ,The Kinks , The Who တို့ ရဲ့  တစ်ချို့ သီချင်းတွေဟာ Hard Rock ဂီတ အစလို့ ပြောလို့ ရပါတယ် .

(I Can't Get No) Satisfaction ဆိုတဲ့ Rolling Stones သီချင်းဟာ Blues-Rock အခြေခံ Hard Rock ပုံစံ ပါ ..

.Hard Rock ကို စတင်မျိုးစေ့ချပေးခဲ့တာဟာ Jimi Hendrix , Eric Clapton ,့Pete Townshend ,Keith Richards ( Rolling Stones ) တို့ လို့ လက်ခံထားကြပါတယ် ..သူတို့ ဟာ ဂီတာ Effects အသစ်တွေဖြစ်တဲ့ Phaser ,Feedback,Distortion တို့ ကို စတင်အသုံးပြုခဲ့တဲ့ ဂန္တ၀င် ဘဲကြီးတွေဖြစ်ပြီး The Who band ရဲ့ Pete Townshend က တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ပါတယ် ..

The Who ကို ပထမဆုံး Hard Rock band လို့ ပြောလို့ ရပါတယ်. The Who ရဲ့ သံစဉ်အသစ်တွေထက် ပိုပြင်းထန်တာကို လုပ်ပြချင်တဲ့ The Beatles ကလည်း Hard Rock စတိုင် သီချင်းတွေစ ချပြခဲ့ပါတယ် ..Helter Skelter သီချင်းဟာ သူတို့ ရဲ့ Hard rock သီချင်းလို့ ပြောလို့ ရမယ့်တစ်ပုဒ်ဖြစ် ပါတယ် ..

ဒါပေမယ့် 60 ခုနှစ်အလွန်မှာ HardRockဆိုတဲ့ ဂီတအမျိုးအစားသက်သက် ထွက်ပေါ်လာခဲ့တာကတော့ Led Zeppelin ရဲ့ ပထမဆုံးအယ်ဘမ်နှစ်ခု Led Zeppelin 1 နဲ့ 2 မှာ ဖြစ်ပြီး ပုံမှန်ရောခ့်ဂီတသံစဉ်တွေထဲမှာ Hard-Edged သံစဉ်တွေ ထည့်သွင်းခဲ့ပါတယ် .
.နောက် Deep Purple ရဲ့ လေးခုမြောက် အအောင်မြင်ဆုံးအယ်ဘမ် In Rock (1970) မှာလည်း ပိုမိုပြင်းထန်ကြမ်းတမ်းတဲ့ရော့ခ်သံစဉ်တွေ ပါဝင်လာခဲ့ပါတယ် .

.နောက်ထပ် Black Sabbath ရဲ့ Paranoid (1970) အယ်ဘမ် ပါ. Gothic ရဲ့ အစလို လည်း ပြောလို့ ရပါတယ် ..Paranoid သီချင်းဟာ အကောင်းဆုံး Hard Rock သီချင်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်. Deep Purple ရဲ့ Smoke on the Water တို့ ကလည်း ထင်ရှားတဲ့ guitar riff တွေနဲ့ အတူ အကောင်းဆုံး Hard Rock သီချင်းတွေပါ ..ဒါပေမယ့် အဲ့သီချင်းတွေဟာ Hard Rock လုံးဝကြီးမဟုတ်သေးဘူး လို့ ထင်ပါတယ်.Hard Rock ဂီတကို စတင်ရေလောင်းပေးခဲ့တဲ့ သီချင်းတွေလို့ ပြောရင်ပိုမှန်ပါမယ်.

ှQueen ကလည်း 1970 အကျော်မှာ Hard Rock ,Heavy Metal ,Progressive Rock တို့ အပြင် Opera ကိုပါ ရောစပ်ထားတဲ့အယ်ဘမ် နှစ်ခု ဖြန့် ချိခဲ့ပြီး Queen ရဲ့ "Bohemian Rhapsody"ဟာ အကောင်းဆုံးရော့ခ်သီချင်းစာရင်းတိုင်းမှာ 1-5 ၀င်ပါတယ်..

ဗြိတိန်ရဲ့ 1970s Hard Rock ဂီတကို လွှမ်းမိုးထားမှုကို စိန်ခေါ်ဖို့  အမေရိကန် Hard Rock band တွေဟာလည်း ထွက်ပေါ်လာပါတယ်.Alice Cooper ,Kiss,Aerosmith,New York Dolls,Journey ,Boston တို့ ဟာ အမေရိကန် Hard Rock ဂီတရဲ့ အကြီးကြယ်ဆုံးအောင်မြင်မှုတွေကို ယူဆောင်လာခဲ့ပါတယ်..

အမျိုးသားများသာကြီးစိုးနေတဲ့ ရော့ခ်ဂီတ လောကမှာ အမျိုးသမီး band The Runaways ကလည်း သူတို့ရဲ့ အရည်အသွေးကို ပြသပြီး ထိပ်တန်းတစ်နေရာကို ရယူခဲ့ပါတယ် ..ဒါပေမယ့်သူတို့ဟာ punk rock ဘက်ကို ဦးတည်တဲ့ ဂီတဘက် ပိုရောက်မယ်လို့ ပြောရမလိုပဲ

.ဗြိတိန်-အမေရိကန်တို့ အပြင် ကနေဒါ တီးဝိုင်း Rush ကလည်း 1974-75 နှစ်အတွင်းမှာပဲ Hard Rock album သုံးခုကိုထုတ်ခဲ့ပြီး အိုင်းရစ်တီးဝိုင်း Thin Lizzy ကလည်း1976 ခုနှစ်မှာ သူတို့ ရဲ့ အအောင်မြင်ဆုံး အယ်ဘမ်ဖြစ်လာမယ့် Jailbreak ဆိုတဲ့ Hard Rock album ကို ဖြန့် ချိခဲ့ပြန်ပါတယ်..

နောက်ထပ် Hard rock ဂီတကို ပိုအောင်မြင်စေခဲ့တဲ့တီးဝိုင်းတစ်ခုကတော့ ဂျာမနီတီးဝိုင်း Scorpions ဖြစ်ပြီး Hard Rock ဂီတခွဲကို ကမ္ဘာ့အနှံ့ စီးဆင်းစေခဲ့ပါတယ် ..

နောက်ထပ် ဒီဂီတကို အကြီးအကျယ် ရှင်သန်စေခဲ့တဲ့ တီးဝိုင်းကတော့ Australian band - AC/DC ပါ .သူတို့ ရဲ့ ပိုပြီး heavy ဖြစ် ပိုပြီးခက်ထန်ကြမ်းတမ်းမြူးကြွတဲ့ hard rock သံစဉ် တွေ
နဲ့ အတူ Hard Rock ကို အကုန်လုံးအာရုံစိုက် နှစ်သက်စေခဲ့ပြန်ရော ...Hard Rock တီးဝိုင်းစစ်စစ်ကို ပြပါဆိုရင် AC/DC ပဲဖြစ်ပါလိမ့်မယ်..သူတို့ရဲ့ တီးဟန်တွေဟာ punk ဂီတအထိပါ .
သက်ရောက်လွှမ်းမိုးခဲ့ပါတယ်.Highway to Hell ဟာ အကောင်းဆုံး Hard rock သီချင်းတစ်ပုဒ်ဆိုရင်ဘယ်သူမှ ငြင်းချက်ထုတ်မှာမဟုတ်ပါဘူး.

နောက်ထပ် ဒီဂီတကို အောင်မြင်စေခဲ့တဲ့တစ်ယောက်ကတော့ Eddie Van Halen ဖြစ်ပြီး သူရဲ့ အကောင်းဆုံးကိုယ်ပိုင်တီးဟန်တွေနဲ့ Punk ,Disco ဂီတကြီးစိုးနေတဲ့ 1980 ခုနှစ်တွေမှာ Hard rock ကို ပြန်လည်အောင်မြင်စေခဲ့ပြီး Electric Guitar ရဲ့ မှေးမှိန်ကွယ်ပျောက်လာတဲ့ အဆင့်အတန်းကို ပြန်လည်ထိပ်တန်းရောက်စေခဲ့ပါတယ် ..

1980 အချိန်တွေမှာ Ramones တို့ လို Punk rock တီးဝိုင်းတွေ အရမ်းအောင်မြင်နေခဲ့ပြီး သူတို့သီချင်းတွေမှာ ဂီတာဆိုလို.ဒရမ်ဆိုလိုတွေမပါရှိတဲ့အပြင် သီချင်းတွေဟာလည်း 2မိနစ်ကျော်ကျော်သာကြာပါတယ်  (See also https://www.facebook.com/photo.php?fbid=464411763644221&set=pb.164635150288552.-2207520000.1375345952.&type=3&src=https%3A%2F%2Ffbcdn-sphotos-g-a.akamaihd.net%2Fhphotos-ak-ash3%2F5663_464411763644221_715708975_n.jpg&size=953%2C953)
(ပန့် ဂီတကိုမကောင်းပြောခြင်းမဟုတ်ပါ -အဲ့ခေတ်မှာ Ramones တို့ Sex Pistols တို့ကဂီတလောကကို နောက်ထပ်ပြောင်းလဲစေခဲ့သူတွေဖြစ်ပြီး သူတို့ဟာေ ရာ့ခ်ဂီတရဲ့ အစဉ်အလာတီးဟန်တွေကို ပုန်ကန်ပြီး ဂီတအသစ်တစ်ခုဖန်တီးခဲ့သူတွေပါ )

Hard Rock ဂီတကိုအောင်မြင်စေခဲ့ပြီးမှ ခဏတာ ပြန်မှေးမှိန်စေခဲ့တဲ့ အဓိကအကြောင်းအရာတွေက AC/DC ရဲ့ lead singer Bon Scott သေဆုံးခြင်းအပြင် Led Zeppelin ရဲ့ ဒရမ်မာ
John Bonham သေဆုံးခြင်းတို့ ဖြစ်ပါတယ်.ဒါပေမယ့် AC/DC ဟာ သူတို့ ရဲ့ Lead Singer အသစ် Brian Johnson နဲ့ အတူ Back in Black အယ်ဘမ် ကို ဖြန့်ချိခဲ့ပါတယ် ..
အဲဒီအယ်ဘမ်ဟာ US မှာ ဂီတသက်တမ်းတစ်လျှောက်ငါးခုမြောက်အရောင်းရဆုံးအယ်ဘမ်ဖြစ်ခဲ့ပြီး တစ်ကမ္ဘာလုံးအလိုက် နံပါတ်နှစ် တစ်သက်တာ အရောင်းရဆုံးအယ်ဘမ်ဖြစ်ခဲ့ပါတယ်.

ဒီအချိန်မှာ Metal ဂီတ ထွန်းကားလာမှုနဲ့ အတူ Hard rock band တစ်ချို့ ဟာ Hard rock genre ထဲကနေ ခွဲထွက်သွားကြပါတယ်.Kiss က သူတို့ ရဲ့ နောက်ထပ်အယ်ဘမ် Lick it Up (1983) မှာ သူတို့ ရဲ့ မိတ်ကပ်တွေကို ဖျက်ပစ်လိုက်ပြီး pop-metal လို့ ခေါ်တဲ့လိုင်းဘက် ရောက်သွားပါတယ် .Queen ကလည်း pop music ဘက် ပိုရောက်သွားပြီး .
Thrash Metal ပေါ်လာမှုနဲ့ အတူ Metallica ,Megadeth ,Anthrax, Slayer တို့ ဟာ Heavy Metal ဂီတ စစ်စစ်တွေပဲလုပ်ခဲ့ပါတယ် ..ခွဲမရခဲ့တဲ့ Hard(Heavy) Rock နဲ့ Metal ဂီတကို ပိုခြားနားအောင်လို့ Metal ဂီတထဲက Hard rock ပုံစံတွေကို လုံးဝ ဖယ်ထုတ်ပြီး Thrash metal သက်သက်လုပ်ခဲ့ပါတယ်.

သူတို့ ဟာ Glam Metal ကိုတောင် Metal လို့ မသတ်မှတ်ခဲ့ကြပါဘူး ..
ဒါပေမယ့် အမှန်အတိုင်းသုံးသပ်ကြည့်ရင်တော့ သူတို့ ရဲ့ သီချင်းတစ်ချို့ ဟာလည်း Hard rock ,ပုံစံကနေ သိပ်မကင်းလွတ်ခဲ့ပါဘူး .

ဒီအချိန်ဟာ New Wave of British Heavy Metal ကာလဖြစ်ပြီး Def Leppard လို တီးဝိုင်းတွေက Glam rock နဲ့ Heavy Metal ကိုပေါင်းစပ်ခဲ့ပြီး အမည်သတ်မှတ် ဖို့ ခက်နေတဲ့ Hard rock သမိုင်းမှာ 80 ဆယ်စုနှစ်ရဲ့ Hard Rock အမျိုးအစားကို ပီပြင်အောင် သရုပ်ဖော်ပေးခဲ့ပါတယ် .

80 ခုနှစ်အလွန်မှာ Glam Metal နဲ့ Hard Rock ပေါင်းစပ်ထားတဲ့ တီးဝိုင်းတွေ ပိုများပြားလာခဲ့ပြီး သူတို့ ဟာ သူတို့ ဆယ်စုနှစ်မှာ Hard Rock ဂီတကို ထိပ်တန်းပြန်ရောက်စေခဲ့ပြန်ပါတယ် .80-90 ခုနှစ်ဟာ Hard Rock သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးအချိန်လို့ ပြောလို့ ရပြီး Cinderella ,Europe ,Poison,White Lion,Ratt,Twisted Sister,Motley Crue,Quiet Riot,Aerosmith,Bon Jovi,,Van Halen,Def Leppard,Whitesnake စတဲ့ Hard Rock band တွေဟာ သူတို့ ရဲ့ အအောင်မြင်ဆုံးအယ်ဘမ်တွေကို 1980 တစ်ဝိုက်မှာ ထုတ်ဝေခဲ့ပါတယ် ...

Hard Rock သမိုင်းတစ်လျှောက်အအောင်မြင်ဆုံး Debut album လို့ ပြောလို့ ရတဲ့ Guns N Roses ရဲ့ debut album '' Appetite for Destruction '' ဟာ 1984 ခုနှစ်မှာ ထွက်ရှိလာပါတယ်.
Guns N Roses ဟာ အချိန်တိုအတွင်းမှာပဲ AC/DC ,Aerosmith ,စတဲ့ Band တွေနဲ့ အတူHard Rock သမိုင်းရဲ့ မရှိမဖြစ်တီးဝိုင်းတစ်ခုဖြစ်လာခဲ့တယ်.

Hard Rock အောင်မြင်မှုအထွတ်အထိပ် ရောက်နေချိန်- 1989-1990 အစမှာ Extreme,Warrant ,Slaughter, FireHouse, တို့ ဟာ သူတို့ ရဲ့ အအောင်မြင်ဆုံးအယ်ဘမ်တွေထပ်ဖြန့် ချိခဲ့ပြီး
Skidrow band ဟာလည်း သူတို့ ရဲ့ debut album -Skid Row ကို 1989 ခုနှစ်မှာ စဖြန့်ချိခဲ့ပြီး အရမ်းအောင်မြင်ခဲ့သလို - Skid Row band ဟာလည်း 1970-80-90 Hard Rock -Glam Metal
ရွှေခေတ်ရဲ့ နောက်ဆုံးပေါ်ထွက်လာခဲ့တဲ့ အကောင်းဆုံး Band လို့ သတ်မှတ်ခံရပါတယ် ..

90 ဆယ်စုနှစ် အကျော်လေးမှာ Guns N Roses ဟာ နောက်ထပ် Use Your Illusions 1 ,Use Your Illusions 2 (1991 ခုနှစ်တပြိုင်နက်) အယ်ဘမ်တို့ ကို ထုတ်ခဲ့ပြီး Hard Rock ဂီတကို
90 ခုနှစ်အကျော်တွေထိ အောင်မြင်စေခဲ့ပါသေးတယ် .1990 မှာပဲ AC/DC က The Razors Edge ကိုထုတ်ခဲ့သေးတယ်လေ.ဒါ့အပြင် Ozzy ကြီးရဲ့ No More Tears ဟာလည်း 1991 ခုနှစ်မှာ
ထုတ်ခဲ့တာပါ ..
ဒါပေမယ့် Hard Rock ဂီတ ဟာ Nirvana's Nevermind (1991) album နဲ့ ပဲဇာတ်သိမ်းခန်းကို ဆိုက်ရောက်ခဲ့ပါတယ်.. Nirvana ရဲ့ တစ်မူထူးခြားလှလွန်းတဲ့သံစဉ်တွေထဲမှာ ဂီတပရိတ်သတ်အားလုံးဟာ မိန်းမောခဲ့ပါတယ် ... Pearl Jam, Alice in Chains, Mother Love Bone , Soundgarden တို့ လို Grunge band တွေရဲ့ ခေတ်ကိုရောက်ခဲ့ပြန်ပါတယ် .

ဒါပေမယ့်လည်း အဲ့အချိန်တွေမှာ AC/DC တို့ Aerosmith ,Bon Jovi တို့ က အယ်ဘမ်တွေ ထုတ်နေပါသေးတယ် .အောင်မြင်မှုလည်းရဆဲပါ ..Hard Rock ပရိတ်သတ်တွေလည်း ခိုင်ခိုင်မာမာ ရှိနေပါသေးတယ် ...

Hard Rock ခေတ်ကုန်ဆုံးရတဲ့ နောက်အကြောင်းတစ်ခုကတော့ Band တွေ ပြိုကွဲခြင်းပါ ...Ratt ,Cinderella,White Lion ,Europe တို့ ပြိုကွဲသွားတယ်.Motley Crue ,Poison တို့ ကလူတွေ ထွက်သွားတယ်.Van Halen ခန နားလိုက်ရတယ်.

Band members အချင်းချင်း စိတ်ဝမ်းကွဲမှုတွေ မူးယစ်ဆေးပြသနာတွေကြောင့် Guns N Roses
အဖွဲ့ ဝင်တွေထွက်ကုန်ကြတယ်.ဒရမ်မာအရင်ထွက်တယ်..Guitarist Izzy ထွက်တယ်.နောက် 1993 The Spaghetti Incident? အယ်ဘမ်ထွက်ရှိအပြီးမှာ Slash ထွက်တယ် ..
တစ်ဦးတည်းကျန်ခဲ့တဲ့ Axl Rose ဟာ နောက်ထပ်အယ်ဘမ်ထွက်ရှိဖို့  ဆယ့်ငါးနှစ် အချိန်ယူလိုက်ရတယ် .
.နောက်ဆုံးအယ်ဘမ် Chinese Democracy ကို 2008 မှာထွက်ရှိခဲ့ပါတယ်.

1990 နှောင်းပိုင်းတွေမှာ Hard Rock band ကောင်းကောင်းရယ်လို့ မရှိတော့ဘဲ ဟိုတစ်ကွဲ ဒီတစ်ကွဲ မူလ (1970-80) က Hard rock ဂီတပညာရှင်တွေဟာ ပြန့် ကြဲနေပြီး Velvet Revolver
လိုစုစည်းထားတဲ့ တီးဝိုင်း ( Slash,Stone Temple Pilots singer Scott Weiland ,punk rock band Wasted Youth ) တို့ က ခန ပြန်အောင်မြင်ခဲ့ပေမယ့်  သူတို့ ဟာလည်း 2008 အရောက် မှာ ဇာတ်သိမ်းသွားပြန်ပါတယ် ..

ဆက်လက်အောင်မြင်နေသေးတာဆိုလို့ Aerosmith ,AC/DC ,Bon Jovi တို့ သာရှိတော့ပြီး .Aerosmith ရဲ့ သံစဉ်တွေကလည်း Hard Rock ကနေ သွေဖည်
သွားပြန်ပါတယ် ..Bon Jovi ကလည်း ပရိတ်သတ်အကြိုက် pop rock ပုံစံမျိုးသာလုပ်တော့ပြီး သူကတော့ ဆက်လက်အအောင်မြင်ဆုံးလို့ ပြော လို့ ရပါတယ်.2009 ခုနှစ်ကထွက်ခဲ့တဲ့ Bon Jovi album The Circle ကတော့ အရင် Hard rock,Glam rock အငွေ့ အသက်လေးတွေ နဲနဲ ပါသေးတယ်လို့ ပြောရမှာပေါ့ ..

အခုနှစ်ဆယ်ရာစုမှာတော့ Hard Rock band တွေဟာ လုံးဝရှားသွားပြီး တစ်ချို့ Band တွေဖြစ်တဲ့ Creed, Staind, Buckcherry ,Puddle of Mudd နဲ့ Nickelback တို့ ဟာ အရင် ရွှေရောင်ခေတ်ရဲ့ Hard Rock ပုံစံမျိုးတော်တော် တွေ့ ရပြီး အရင် Band တွေလိုတော့ အရမ်းကြီးမလန်းတော့ပါဘူး .နောက်ထပ် Avenged Sevenfold ကိုလည်း Hard Rock စာရင်းထဲ သွင်းလို့ ရမယ်လို့ ထင်ပါတယ် ..သူတို့  တစ်ချို့ သီချင်းတွေက Metal ထပ် Hard Rock ပိုင်း ပိုရောက်ပါတယ် ..A7X ကို Hard Rock လို့ ပြောလို့ ရမယ်ဆိုရင် A7X ကို နှစ်ဆယ်ရာစုနှစ်ရဲ့ အကောင်းဆုံး Hard Rock band လို့ သတ်မှတ်ချင်ပါတယ် ...

အခုခေတ်ဟာ ပြောရရင် Metal sub-genres တွေဘက် ပိုရောက်သွားပြီး Hard rock - Glam Rock တို့ လို ဂီတအကောင်းစားတွေဟာ တိမ်မြုပ်သွားပါပြီ .. ကျွန်တော်တို့ နိုင်ငံမှာဆိုရင် မရှိသလောက်ပါပဲ ..တစ်ချိန်တစ်ခါက ရွှေခေတ်ရဲ့ အောင်မြင်မှုတွေကို ကျွန်တော်တို့ ဟာ အွန်လိုင်း-တိပ်-စီဒီ-စာအုပ်တွေကပဲ ခံစားနိုင်တော့ပြီး နောက်ထပ် ဖြစ်လာဖို့ ဆိုတာတော့ မဖြစ်နိုင်
သလောက်ပါပဲ ..Angus Young ကြီးကို Youtube မှာသာမြင်ဖူးတော့ပြီး Slash ,Axl Rose တို့ ရဲ့ ဖျော်ဖြေမှုတွေကိုလည်း အွန်လိုင်းကသာ ခံစားနိုင်ပါတော့တယ် ..
အခုထိ လန်းနေမှာဆိုလို့ Joe နဲ့ Steven Tyler အတွဲသာ ကျန်ပါတော့မယ်... Respect Aerosmith

Hard Rock ဂီတလို နှမြောစရာ တစ်ခုကတော့ Grunge music ဟာ အခုအချိန်မှာ Grunge စစ်စစ် Band ရယ်လို့ မရှိတော့ဘဲ Post-Grunge လို နောက်ထပ် sub-genre တွေပဲ ရှိပါတော့တယ် .....
တစ်ချိန်တစ်ခါကို ပြန် တမ်းတရင်း.........................................
Credit by-#Ange

No comments :

Post a Comment

The lady movie

LinkWithin

Related Posts Plugin for WordPress, Blogger...