မင်္ဂလါပါ အားလုံးကိုကြိုဆိုပါတယ်။ ဥရောပရောက် မြန်မာများအတွက် ကဏ္ဍအစုံအလင်ကို တက်နိုင်သမျှ တင်ဆက်သွားမှာဖြစ်ပါတယ် ပညာရေး/စီးပွာရေး/နည်းပညာနဲ့ မာတီမီဒီယာ တိုဆွေးနွေးရာ ဘလော့တစ်ခုအဖြစ် ရည်၇ွယ်ပါတယ်။ကျေးဇူးတင်ပါသည်။

Sunday, June 8, 2014

Heavy Metal ဂီတ



Metal လို့ လူသိများတဲ့ HEAVY METAL ဂီတ ဟာ 1960 အလွန် 1970 ခုနှစ်တွေ အစမှာ စတင် ဖြစ်တည် လာတဲ့ ရော့ခ် ဂီတခွဲ အမျိုးအစား တစ်ခု ဖြစ်ပါတယ်.. အစပြုခဲ့တဲ့ နေရာဒေသကတော့ United Kingdom က ဖြစ်ပြီးသိပ်မကြာတဲ့ကာလအတွင်း မှာပဲ United States ကို ပျံ့ နှံ့ ရောက်ရှိ ခဲ့တာပါHeavy Metal ဂီတဟာ Blues Rock နဲ့ Psychedelic Rock ဂီတ အမျိုးအစားတွေ က တစ်ဆင့် အခြေတည် ပေါက်ဖွားလာတာ ဖြစ်ပြီး Hard Rock ဂီတနဲ့ သိပ်မကွာတဲ့ Rock ဂီတ အမျိုးခွဲ တစ်ခုလို့ ပထမ သတ်မှတ်ခဲ့ကြပါတယ်.


Heavy Metal ဂီတ ဟာ မြန်ဆန်ပြင်းထန်ကျယ်လောင်တဲ့ Tempo Riff တွေ , ပြင်းထန်အားပြင်းတဲ့ ဘေ့စ်လိုင်းတွေ , ပှိုရှည်ကြာ ကြမ်းတမ်းတဲ့ Lead Guitar solo တွေ , vocalist ရဲ့ high-pitched vocal range တွေ ပေါင်းစပ်
ထားတယ် လို့ သိနားလည်သလောက်လေး ရေးလိုက်ပါတယ်. .

စာသားရေးစပ်မှုပိုင်းအနေနဲ့ လည်း သမားရိုးကျ အချစ်-အလွမ်း-အကြောင်း
တွေက ခွဲထွက်ပြီး - စိတ်ကူးကွန့် မြူးတဲ့ပုံစံတွေ - အမှောင်ထုခြမ်းပိုရောက်တဲ့ ရန်လိုရိုင်းစိုင်းတဲ့အသုံးအဖွဲ့ တွေ- မူးယစ်ဆေးဝါးနဲ့ လိင်ကိစ္စအကြောင်းတွေ - အဖြူရောင်ကမ္ဘာကို အနက်ရောင်အမြင်ဘက်က ရေးဖွဲ့ တဲ့ပုံစံတွေ က Heavy Metal ရဲ့ သင်္ကေတ တစ်ခုဖြစ်လာပါတယ်.. သမားရိုးကျ အမြင်က ရုန်းထွက်ပြီး
သူတို့ ရဲ့ အမြင်အယူအဆ ခံစားမှုတွေကို ပုံစံသစ် တစ်ခုနဲ့ ဖော်ပြကြခဲ့ပါတယ်..

Heavy Metal ဂီတ ရဲ့ ပထမဆုံး တီးဝိုင်းတွေလို့ သတ်မှတ်ခံရတဲ့ Led Zeppelin Official , Deep Purple , Black Sabbath စတဲ့ အင်္ဂလိပ်
တီးဝိုင်းတွေဟာ 1960 အလွန် ဂီတ ပရိတ်သတ်တွေကို Heavy Metalဂီတ ဆီ ဆွဲခေါ် နိုင်ခဲ့ပါတယ် ..1970 အစပိုင်းမှာ British Heavy Metalband တစ်ခုပဲ ဖြစ်တဲ့ Judas Priest ဟာ Blues လွှမ်းမိုးနေတဲ့ Heavy Metalဂီတ ပုံစံကနေ Blues Style တွေကို ဖယ်ထုတ်ပြီး Heavy Metal ဂီတကိုအောင်မြင်ကျော်ကြားမှု လမ်းကြောင်းဆီ ထပ်ပို့ ပေးခဲ့ပြန်ပါတယ်..နောက်ထပ် British တီးဝိုင်း တစ်ခုဖြစ်တဲ့ Motörhead က ပိုမိုမြန်ဆန်တဲ့Speed တွေနဲ့  New Wave of British Heavy Metal ကို Iron Maidenနဲ့ အတူ အောင်မြင်စေခဲ့ပြီး 1970 အလွန် 1980 ခုနှစ်တွေရဲ့ Heavy Metalကို ဗြိတိသျှမှာသာမက တစ်ကမ္ဘာလုံးအနှံ့ ရူးသွပ်စေခဲ့ပြန်တယ်.အဲ့ဒီ ဆယ်စုနှစ် အဆုံးမှာ Heavy Metal ပရိတ်သတ်တွေဟာ Metalheads, Headbangers စတဲ့ နာမည်တွေနဲ့ စတင် လူသိများကျော်ကြားခဲ့တာပေါ့

1980 နှစ်တွေမှာ Glam Metal လို့ ခေါ်တဲ့ Heavy Metal အမျိုးခွဲတစ်ခုဟာMotley Crue , Poison စတဲ့ ၀ိုင်းတွေနဲ့ အတူ ကျော်ကြားလာပြန်ပါတယ်.ပိုမို ကြမ်းတမ်းပြင်းထန်တဲ့ Heavy Metal ဂီတခွဲတစ်ခု ဖြစ်တဲ့ Thrash Metalဟာ Slayer ,Anthrax ,Metallica ,Megadeth စတဲ့ ဆရာကြီးလေးဆူနဲMainstream ပေါ်ကို တက်ရောက်ခဲ့ပြီး အအောင်မြင် ဆုံးMetal ဂီတရဲ့ အမျိုးခွဲတစ်ခု အဖြစ် Black Metal ,Death Metal တို့ အထက်မှာ သတ်မှတ်ခံခဲ့ရပါတယ်..

1990 အလယ်ခုနှစ်တွေမှာ Groove Metal နဲ့ Nu-Metal ဆိုတဲ့ မက်တယ်အမျိုးခွဲ နှစ်ခု ထပ်ထင်ရှားလာပြီး Pantera ,Slipknot စတဲ့တီးဝိုင်းတွေက Metal အမျိုးခွဲ အသစ်ကို ထပ် ထင်ရှားစေခဲ့ပြန်ပါတယ်.

Heavy Metal စတင် ပေါ်ပေါက်တုန်းက ပရိတ်သတ်တွေဟာ ဒီဂီတကိုHard Rock ရဲ့ အမျိုးခွဲ အသစ်လို့ သတ်မှတ်ခဲ့ကြပါတယ် ..နောက်ပိုင်း ဂီတသမိုင်းဆရာတွေနဲ့ ဝေဖန်ရေးဆရာတွေကHeavy Metal ရဲ့ ကိုယ်ပိုင်စတိုင်-Blues အရိပ်နည်းတဲပုံစံ -ပိုအားပါပြင်းထန်တဲ့ ဂီတပုံစံတွေကို သတိပြုမိလာပြီး Heavy Metal ဟာ သီးခြားဂီတအမျိုးအစားအဖြစ် သတ်မှတ်ခဲ့ကြပါတယ် ..

Heavy Metal ကို ဘယ်သူစတင်ထွန်းကားစေခဲ့သလဲလို့ မေးရင် အဖြေတွေအမျိုးမျိုးကွဲမှာဖြစ်ပေမယ့် Black Sabbath ဆိုရင်တော့ အားလုံးလက်ခံကြမှာပါ...Grammy ဆုတံဆိပ်ရထားတဲ့ ဟဲဗီးမက်တယ်တီးဝိုင်း Judas Preist ရဲ့ Lead Singer -Songwriter - Rob Halford ပြောထားတာကံHeavy Metal ဂီတ ဟာ လုံးဝ Black Sabbath ဖန်တီးခဲ့တာပါတဲ့ - စစ်မှန်တဲ့
မက်တယ်ဂီတသမားတစ်ယောက်အနေနဲ့ ပြောရရင် Black Sabbath က
ဟဲဗီးမက်တယ် ပါပဲတဲ့...

ံHeavy Metal ဆိုတဲ့ အသုံးအနှုန်းကို ဂီတမှာ စတင်သုံးခဲ့တာက အမေရိကန်တီးဝိုင်း Steppenwolf ရဲ့ 1960 အစောပိုင်းက ထွက်ရှိခဲ့တဲ့ Born to beWild သီချင်းမှာ ဖြစ်ပါတယ်...နောက်ပိုင်းမှာတော့ ဟဲဗီးမက်တယ် ဆိုတဲ့အသုံးအနှုန်းကို ရော့ခ်ဂီတခွဲရဲ့ အမည်တစ်ခုအဖြစ် သုံးပြီး Heavy Metal
ဂီတ ရယ်လို့ တွင်ကျယ်ခဲ့လာတာပါ ....

ဒီဂီတ တစ်ဆင့်ချင်းပေါ်ပေါက်လာတာကတော့1960 အလယ်နှစ်တွေမှာ အမေရိကန် ဘလူးစ် တေးဂီတ ဟာ ဗြိတိသျှရော့ခ်အဖွဲ့ တွေကို လွှမ်းမိုးမှုကြီးမားခဲ့ပါတယ် ..Rolling Stones နဲ့ The Yardbirds လိုBritish နာမည်ကျော် ရော့ခ်တီးဝိုင်းတွေဟာ Classic Blues ဂီတဟန်ကနေ Blues Rock ဂီတဟန်ကို ကာဗာ သီချင်းတွေကို Tempo မြန်မြန်တွေ ပြောင်းပြီး ချပြခဲ့တယ်..

အဲ အဲ့လို အပြန်အလှန်ပဲ အမေရိကန် Blues အခြေခံရော့ခ်တီးဝိုင်းတွေကလည်း Rolling Stones တို့ ရဲ့ အရှိန်အ၀ါ ကို
့ပြန်လွှမ်းမိုးခံရရော ..အေးအေးငြိမ်ငြိမ် ဖီလင်ဖြေးဖြေးလေးနဲ့ ရော့ခ်သီချင်း
တွေခံစားနေချိန်မှာ Rolling Stones တို့ ကနဲနဲ ကြမ်းတမ်းကျယ်လောင် မြန်ဆန်တဲ့ပုံစံကို စချပြခဲ့တယ် .နောက် 1964
The Kinks ရဲ့ သီချင်း ''You Really Got Me '' က တစ်ဆင့် လူတွေနဲနဲကျယ်လောင်ကြမ်းတမ်းတာလေးကို ကြိုက်လာကြတယ်..Eric Clapton , Jimi Hendrix တို့ လို ဂီတာသမားတွေကလည်းHeavy Metal ဂီတရဲ့ အစပုံစံကို စထွင်ခဲ့တယ်လို့ ပြောလို့ ရတယ်.

ဲ1969 မှာထွက်ရှိခဲ့တဲ့ Pink Floyd ရဲ့ The Nile Song နဲ့ Ibiza Bar သီချင်းတို့ ဟာ Heavy metal ပုံစံဂီတဟန်တွေ ပါဝင်ခဲ့ပြီး 1969 မှာထွက်ရှိခဲ့ပြန်တဲ့ Led Zeppelin ရဲ့ ပွဲဦးထွက် အယ်ဘမ် - The Beatles ရဲ့ WhiteAlbum တို့ မှာလည်း ဟဲဗီးမက်တယ်ရဲ့ ကနဦး သီချင်းတွေ ပါဝင်ခဲ့ပါတယ်Led Zeppelin ရဲ့ ဂီတာသမား Jimmy Page ရဲ့ ဂီတာစတိုင်တွေvocalist Robert Plant ရဲ့ ထူးခြားတဲ့ အသံပုံစံတွေက
ဟဲဗီးမက်တယ် ကို တခြား Rock genre တွေကနေ မတူတဲ့ ပုံစံ တစ်ခုအဖြစ် လူသိများစေခဲ့တယ် ..
Led Zeppelin ထက် ပိုမိုကျယ်လောင်ပြင်းထန်တဲ့ ပုံစံ ဖြစ်တဲ့ Black Sabbath ရဲ့  ပွဲဦးထွက် Black Sabbath album နဲ့ Paranoid အယ်ဘမ်Deep Purple ရဲ့ In Rock album တို့ ထွက်လာတဲ့ အချိန် မှာတော့Heavy Metal ဂီတ ဟာ တိကျတဲ့ပုံစံအသစ်တစ်ခု ရသွားခဲ့ပါတယ်.

အရမ်းရှည်သွားတဲ့ အတွက် - နောက် တစ်ပိုင်းခွဲပြီး ထပ်ရေးပါ့မယ်..ရက် အနည်းငယ် စောင့်ပေးကြပါ...
#Angel

No comments :

Post a Comment

The lady movie

LinkWithin

Related Posts Plugin for WordPress, Blogger...