မင်္ဂလါပါ အားလုံးကိုကြိုဆိုပါတယ်။ ဥရောပရောက် မြန်မာများအတွက် ကဏ္ဍအစုံအလင်ကို တက်နိုင်သမျှ တင်ဆက်သွားမှာဖြစ်ပါတယ် ပညာရေး/စီးပွာရေး/နည်းပညာနဲ့ မာတီမီဒီယာ တိုဆွေးနွေးရာ ဘလော့တစ်ခုအဖြစ် ရည်၇ွယ်ပါတယ်။ကျေးဇူးတင်ပါသည်။

Sunday, June 8, 2014

မိုက်ကယ်ဂျက်ဆင် - The King Of POP





၁၉၈၀ ခုနှစ်တွေရဲ့ အကျော်ကြားဆုံး အနုပညာရှင် ကြယ်ပွင့်က ဘယ်သူလဲ လို့မေးရင် Michael Jackson ပဲဆိုတာ ငြင်းစရာ လိုမယ် မထင်ပါဘူး။ သူ့ရဲ့ စက်ရုပ်အက၊ Moonwalker အကနဲ့ Neverland ခြံကြီး၊ သွားလေရာကို ချင်ပန်ဇီ မျောက်ဝံလေး တွေခေါ်သွားတတ်တဲ့ သူ့ပုံကို အမြဲ အမှတ်ရ နေမှာပါ။ ကျော်ကြား နေစဉ်တုန်းက ငွေကိုရေလို သုံးခဲ့သလို အကြောင်းကံ မလှတဲ့ အခါကျတော့ အိမ်စရိတ်တောင် ပေးဖို့အတွက် show ပွဲတွေ လုပ်ခဲ့ရတဲ့ အထိ အတက်အကျ ခံခဲ့ရတဲ့ Michael Jackson ဟာအသက်ရှင် တုန်းကလည်း အနုပညာနဲ့ ပရိသတ်ကို ဖမ်းစားခဲ့ သလို ရုတ်တရက် ကွယ်လွန် သွားတဲ့ အခါမှာလည်း ပရိသတ်တွေ ဖြေမဆည် နိုင်ခဲ့တဲ့ အထိ ဖြစ်ခဲ့ပါတယ်။ ဒီလို ရှုပ်ထွေးမှု တွေနဲ့ ပြည့်နှက် နေတဲ့ Michael Jackson ရဲ့ဘ၀က သေဆုံးခြင်းနဲ့ ငြိမ်းချမ်းသွား ပေမယ့် ကျန်ရစ်သူတွေ မှာတော့ တရားတဘောင်နဲ့ ရင်ဆိုင်ရင်း၊ ကလေး တွေစိတ်မှာ အနာတွေနဲ့ မအေးချမ်း သေးပါဘူး။ ပေါ့ပ်ဘုရင်လို့ ဂုဏ်ပြု တင်စား ခံရတဲ့ Michael Jackson ကို၁၉၅၈ ခုနှစ် သြဂုတ်လ ၂၉ရက်နေ့မှာ Indiana ပြည်နယ် Gray မြို့မှာ မွေးဖွား ခဲ့ပါတယ်။
အာဖရိကန်- အမေရိကန် အခြေခံ လူတန်းစား မိသားစုက ဆင်းသက် လာတဲ့သူ့ရဲ့ အနုပညာ ခရီးအစကို Motown group မှာခေါင်းဆောင် အဆိုတော် အနေနဲ့ စခဲ့ပါတယ်။ ဂီတာ သမား ဖခင် Joseph Jackson ကမိသားစု အတွက် သူ့ရဲ့ ဂီတပိုးကို စွန့်လွှတ်ခဲ့ ပေမယ့် သူ့သားတွေရဲ့ ပါရမီကို ယုံကြည်ခဲ့ တဲ့သူ တစ်ယောက်ပါ။ သူ့သားတွေကို ၁၉၆၀ ခုအစောပိုင်းမှာ ဂီတရပ်ဝန်း တစ်ခုသို့ ပို့ဆောင် ခဲ့ပါ တယ်။ ပထမတော့ Jason မိသားစု အဆိုတော် တွေထဲမှာ Michael ရဲ့အကို တွေဖြစ်တဲ့ Tito, Jermaine နဲ့ Jackie တို့ပဲ ပါဝင် ခဲ့တာပါ။ Michael ပာာသူ့အသက် ၅နှစ် အရွယ်မှာ သူ့အစ်ကို တွေနဲ့ လက်တွဲ ခဲ့ပြီး lead singer အနေနဲ့ ထွက်ပေါ် လာခဲ့ ပါတယ်။ သူပာာ အဆိုတော် ပေါက်စ အနေနဲ့ မှတ်တမ်း တင်လောက်တဲ့ အသံ range တွေ၊ အနက် တွေထိ သီဆိုပြ နိုင်ခဲ့ပြီး သူ့ရဲ့ စိတ်လှုပ်ရှားဖွယ် သီဆိုပာန် တို့နဲ့ ပရိသတ်ကို ဖမ်းစား ခဲ့ပါ တယ်။ အကြီးဆုံး အကိုဖြစ်သူ Marlon ပာာလည်း အဖွဲ့ထဲ ပါဝင် လာခဲ့ပြီး Jackson 5 ဆိုပြီး ထွက်ပေါ် လာခဲ့ပါတယ်။ Joseph Jackson ရဲ့သားတွေကို အောင်မြင် စေချင်လွန်းတဲ့ စိတ်ကြောင့် Michael နဲ့သူ့အစ်ကို တွေပာာ မနားမနေ အမြဲ လေ့ကျင့် ရပါတယ်။ ပထမတော့ Jackson 5 ပာာ local gigs တွေနဲ့ စတင် ဖြေဖျော်ခဲ့ပြီး Big Boy လို့ခေါ်တဲ့ single နဲ့ b-side ဖြင့် "You've Changed" ကိုထုတ်ခဲ့ ပေမယ့် လူအများရဲ့ စိတ်ဝင် စားမှုကို မခံခဲ့ရပါဘူး။ Los Angeles ကိုပြောင်းပြီးတဲ့ နောက်မှာတော့ Michael တို့ညီအစ်ကို တစ်စုပာာ သီချင်း တွေကို စတင် ဖန်တီးခဲ့ပြီး သူတို့ အဖေကို မန်နေဂျာ အဖြစ် ထားခဲ့ ကြပါတယ်။ Gordy နဲ့ Supremes အဆိုတော် Diana Ross နဲ့တူတူ နေခဲ့ကြပြီး သူတို့ရဲ့ ပထမဆုံး album ဖြစ်တဲ့ Diana Ross Presents the Jackson 5 ပာာယင်းနှစ် ဒီဇင်ဘာမှာ charts တွေဝင်တဲ့ အထိ အောင်မြင် ခဲ့ပါတယ်။ သူတို့ရဲ့ ပထမဆုံး single "I Want You Back" ပာာ၁၉၇၀ ခုနှစ် January မှာ Billboard Hot 100 chart မှာနံပါတ် ၁ ရရှိ ခဲ့ပါတယ်။ နောက်ပိုင်း မှာတော့ "ABC", "The Love You Save", "I'll Be There" အစရှိတဲ့ chart ရဲ့ထိပ်ဆုံး နေရာ တွေမှာ ရှိခဲ့တဲ့ single တွေထွက်ရှိ လာပါတယ်။ အသက် ၁၃နှစ် အရွယ် မှာတော့ Michael ပာာသူ့အဖွဲ့ အပြင် solo career ကိုစတင် ခဲ့ပါတယ်။ သူပာာ ၁၉၇၁မှာ Got To Be There ဆိုတဲ့ Album Title သီချင်းနဲ့ ၁၉၇၂ မှာတော့ Ben လို့ခေါ်တဲ့ ကြွက် တစ်ကောင် အကြောင်း သရုပ်ဖော် ထားတဲ့ သီချင်းနဲ့ သူ့ရဲ့ပထမဆုံး နံပါတ်၁ တစ်ကိုယ်တော် single ကို ထုတ်ခဲ့ ပါတယ်။ Michael ရဲ့ တစ်ကိုယ်တော် အောင်မြင်မှု တွေနဲ့ အဖွဲ့ရဲ့ ကျော်ကြား လာမှုတွေ နောက်မှာတော့ Jackson ညီအစ်ကို တွေနဲ့ သူတို့ရဲ့ ထုတ်ဝေသူ ကုမ္ပဏီတို့ အကြားမှာ ပြဿနာတွေဖြစ် လာပါတယ်။ နောက်ပြီး Gordy နဲ့ Joseph Jackson တို့ကြား မှာလည်း သူတို့ ကလေးတွေရဲ့ ဂီတ အပေါ် ပါဝင်နိုင်ခြင်းနဲ့ အုပ်ထိန်း ပိုင်ခွင့်တို့နှင့် ပတ်သက်ပြီး တင်းမာမှုတွေ ဖြစ်လာပါတယ်။ Jackson တွေက သူတို့ရဲ့ ထုတ်ဝေရေး နဲ့ဆိုင်တဲ့ ထိန်းချုပ်မှုကို ရချင်နေပြီး ၁၉၇၅ မှာတော့ Jackson ညီအစ်ကို တစ်စုပာာ Motown နဲ့လမ်းခွဲ ခဲ့ပါတယ်။ Jermaine Jackson ကတော့ Motown နဲ့ဆက်လက်တွဲပြီး solo ဆက်သွား ခဲ့ပေမယ့် Michael ရဲ့အောင်မြင်မှုကို ဘယ်သူကမှ လိုက်မမှီ ခဲ့ပါဘူး။ Michael ရဲ့ Triumph (1980) အယ်ဘမ် အပေါ် အပြုသဘော ဆောင်တဲ့ ဝေဖန်မှုတွေ ရခဲ့တာဟာ သူကို ခွဲထွက်ဖို့ တွန်းအား ပေးခဲ့သလို ပါပဲ။ ၁၉၈၂ မှာတော့ Triller ထွက်ရှိလာပြီး ဂီတသမိုင်း တစ်လျှောက်မှာ ရောင်းအား အကောင်းဆုံး album ဖြစ်လာ ပါတယ်။ Motown ကိုဂုဏ်ပြုတဲ့ Televison အစီအစဉ် တစ်ခု မှာတော့ Billie Jean ကို သီဆိုခဲ့ပြီး နောက်ပိုင်းမှာ နာမည် ကျော်လာမယ့် "The Moonwalk" အကကိုလည်း မိတ်ဆက် ခဲ့ပါတယ်။ ယင်းအချိန်က စစ်ပြန်တစ်ယောက် ပုံစံဖျော်ဖြေတဲ့ Jackson ပာာ သူ့ရဲ့ကကွက် တွေကို သူ့ပာာသူ တီထွင် ဖန်တီး လမ်းစ ဖော်ခဲ့ပြီး နောက်ထပ် နံပါတ်၁ video "Beat It" ကိုထုတ်ခဲ့ ပါတယ်။ "Thriller" video ပာာအတိုင်းထက် အလွန် အောင်မြင်ခဲ့ပြီး အောင်မြင် ပြီးသား album ကိုရောင်းအား ထပ်မြင့်စေ ခဲ့ပါတယ်။ အဆိုပါ single ပာာ chart တွေမှာ ရက်သတ္တပတ် ၈၀ကြာ ရှိနေခဲ့ပြီး နံပါတ်၁ နေရာကို ၃၇ ပတ်ကြာ ရယူထား နိုင်ခဲ့ ပါတယ်။ သူ့ရဲ့ သူမတူနိုင်တဲ့ စီးပွားရေး ဆိုင်ရာ အောင်မြင်မှုကို ထပ်ပေါင်း ပေးခဲ့ တာ ကတော့ "Thriller" ပာာဂရမ်မီဆု ၁၂ဆု အတွက် လျာထား ခံခဲ့ရပြီး ၈ဆု ရရှိခဲ့ ပါတယ်။ Michael ရဲ့အနုပညာစန်းက ထိပ်ဆုံးကို ရောက်နေတဲ့ အချိန်မှာ Pepsi-Cola နဲ့အမေရိကန် ဒေါ်လာ သန်း၅၀ တန်ကြေး ရှိတဲ့ စီးပွားရေး ဆိုင်ရာ စာချုပ် တစ်ခုကို ချုပ်ဆို ခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်း ချင်တော့ ၁၉၈၄ ခုနှစ်မှာ Pepsi-Cola အတွက် ကြော်ငြာ ရိုက်ရင်း ဦးခေါင်း ခွံနဲ့ မျက်နှာမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ ပါတယ်။ ဒီဒဏ်ရာ တွေကို ကုသနိုင်ဖို့ အတွက် Michale ကခွဲစိတ် ကုသခံ ခဲ့ရပြီးနောက် သူ့ရဲ့ မျက်နှာ အစိတ်အပိုင်းတွေ အထူးသဖြင့် နှာခေါင်းကို plastic surgery ခွဲစိတ် ကုသမှုတွေ စတင် ပြုလုပ် ခဲ့ပါတယ်။ သူ့ရဲ့နှာခေါင်းက အဲ့နှစ် ပိုင်းတွေမှာ ပုံစံ အမျိုးမျိုး ပြောင်းနေခဲ့ ပါတယ်။ ဒါတင်မက အသားကို မဖြူ ဖြူအောင် ခွဲစိတ်မှုတွေ ပြုလုပ်ခဲ့ တဲ့အပြင် သူ့ရဲ့ သက်တမ်း ပိုရှည်အောင် ဖန်ပေါင်း ချောင်ထဲဝင် အိပ်တယ် ဆိုတဲ့ ကောလ ဟာလတွေ ပျံ့လာပါတယ်။ နောက်ပြီး ချင်ပန်ဇီ မျောက်တွေ လိုရှားပါးတဲ့ တိရိစ္ဆာန်တွေ မွေးထားပြီး ချားရဟတ် တွေပါ ထည့်သွင်း ထားတဲ့ Never- land ခြံကြီးကို ကိုယ်ပိုင် စိတ်ကူးနဲ့ တည်ဆောက် ခဲ့ပါတယ်။ တချို့ လူတွေက Michael ကသူ့ရဲ့ ဒုတိယ အရွယ် ကလေး ဘ၀ကို စမ်းသပ် ရှာဖွေ နေတယ်လို့ ထင်ကြေး ပေးခဲ့ကြ ပါတယ်။ တစ်ခါတစ်ရံ သူ့ရဲ့ မွေးမြူရေး စခန်းကြီးကို ကလေးတွေရဲ့ ပျော်ပွဲရွှင်ပွဲ တွေအတွက် ဖွင့်ပေးခဲ့ ပါတယ်။ နောက်ပိုင်းနှစ် တော်တော် များများမှာ Michael ရဲ့သီချင်း တွေက လူကြိုက်များ ကျော်ကြား ခဲ့ပါတယ်။ ၁၉၉၃ ခုနှစ် မှာတော့ Superbowl XXVII လိုအလွန် အရေးပါတဲ့ အခမ်းအနား ပွဲတွေမှာ ဖျော်ဖြေ တင်ဆက် ခဲ့ပါတယ်။ Michale က TV interview တွေကို သိပ်ဖြေလေ့ မရှိ ပါဘူး။ ရှားရှားပါးပါး ဖြေခဲ့တဲ့ TV interview တစ်ခုမှာ Oprah Winfrey ကိုသူရဲ့ အသားအရောင်ကို ပြောင်းလဲမှုတွေ လုပ်ခဲ့တာကြောင့် အခုသူ့မှာ vitiligo ရောဂါ ရနေပြီလို့ ပြောကြား ခဲ့ပါတယ်။ ဒါ့အပြင် သူငယ်စဉ် အခါက သူ့ဖခင်ရဲ့ သူ့အပေါ် ညှင်းပန်း နှိပ်စက်မှု တွေကိုလဲ ဖွင့်ပြောခဲ့ ပါတယ်။ ၁၉၉၃ ခုနှစ်မှာတော့ Michael ရဲ့ကလေးငယ် တွေကို ကိုယ်ထိ လက်ရောက် စော်ကားခဲ့တဲ့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်လာ ခဲ့ပါတယ်။ ဒါ့အပြင် Michael ကသူပိုင်တဲ့ Neverland မွေးမြုရေး စခန်းမှာ ယောက်ျားလေး တွေနဲ့ အတူတူ အိပ်စက်ခဲ့ တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် ဒီစွပ်စွဲချက် အတွက် ခိုင်မာတဲ့ သက်သေကို ရဲအရာရှိတွေ မတွေ့ရှိ ခဲ့တဲ့အတွက် သတင်းအမှား တစ်ခုဖြစ် ခဲ့ရပါ တယ်။ အလားတူ သတင်းတွေ ထပ်ထွက် လာပေမယ့် Michael ကသူ့ရဲ့ အပြစ်ကင်းစင်မှုကို ဆက်ထိန်းထား နိုင်ခဲ့ပါတယ်။ ၁၉၉၄ခုနှစ် သြဂုတ်လ မှာတော့ Elvis Presley ရဲ့သမီး Lisa Marie Presley နဲ့လက်ထပ်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ ကွာရှင်း ပြတ်စဲ ခဲ့ပါတယ်။ အဲ့ဒီနှစ်ရဲ့ နောက်ပိုင်းမှာပဲ သူနာပြု ဆရာမ Debbie Rowe နဲ့ထပ်မံ လက်ထပ် ခဲ့ပါတယ်။ သူတို့နှစ်ဦးမှာ ဖန်ပြွန်သန္ဓေနဲ့ လုပ်ယူခဲ့တဲ့ သား သမီး နှစ်ယောက် ရှိပါတယ်။ သားဖြစ်သူ "Prince" Jackson ကို၁၉၉၇ခုနှစ်မှာ မွေးဖွားခဲ့ပြီး သမီးဖြစ်သူ Paris Michael Katherine Jackson ကို၁၉၉၈ ခုနှစ်မှာ မွေးဖွား ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာတော့ Michael နဲ့ Rowe တို့ကွာရှင်း ခဲ့ကြပြီး တရားရုံးမှ Michael ကိုကလေး နှစ်ဦး အတွက် ထောက်ပံ့စရိတ် အပြည့်အ၀ ပေးစေခဲ့ ပါတယ်။ အဲ့နောက် မှာတော့ တတိယမြောက် ကလေး ဖြစ်တဲ့ Prince Michael "Blanket" ကိုထပ်မံ ယူခဲ့ပြီး ကလေးကို ကိုယ်စား မွေးခဲ့ပေးသူ ကိုတော့ မသိခဲ့ ရပါဘူး။ ၂၀၀၃ ခုနှစ်မှာ နောက်ထပ် အမှုတစ်ခုကို ရင်ဆိုင်ခဲ့ ရပါတယ်။ British journalist ဖြစ်သူ Martin Bashir က Michael ဆီမှာ ခုနှစ်လကြာ အတူတူ လာနေခဲ့ပြီး သူ့ကလေးတွေရဲ့ ဆက်ဆံရေးနဲ့ ပတ်သက် တဲ့ TV documentary တစ်ခု ထွက်ပေါ်လာ ခဲ့ပါတယ်။ ၂၀၀၄ခုနှစ် မှာတော့ Michael ကဒီထက်ပိုပြီး ဆိုးရွားတဲ့ အမှုတွေနဲ့ ရင်ဆိုင် ခဲ့ရပြီး ပြီးခဲ့တဲ့နှစ်က ၁၃နှစ်သားအား စော်ကားမှု ပြုခဲ့တဲ့ အမှုနဲ့ အဖမ်းခံ ခဲ့ရပါတယ်။ ၂၀၀၅ ခုနှစ် ဇွန်လ ၁၄ရက် နေ့မှာတော့ Michael ကအမှု အားလုံးကနေ တရားသေ လွတ်ငြိမ်းခွင့် ရခဲ့ပေမယ့် သူရဲ့ နာမည်၊ ဂုဏ်သတင်း၊ ကျော်စောခြင်း ပျက်စီး ဆုံးရှုံးခြင်း နဲ့အတူ သူ့ရဲ့ ငွေရေး ကြေးရေး ပိုင်းမှာပါ မတည်မငြိမ် ဖြစ်လာ ခဲ့ပါတယ်။ တရားဥပဒေ ဆိုင်ရာ အခကြေးငွေ တွေကြောင့် Michael ရဲ့ Bank Account မှာကုန်းကောက် စရာ မကျန်အောင် ဖြစ်ခဲ့ရပြီး သူ့ရဲ့ အခြေခံ အကျဆုံး ငွေရေး ကြေးရေးပိုင်း ကိုပါ စီမံခန့်ခွဲ နိုင်မှု မရှိတော့ ပါဘူး။ နောက်တော့ သူနဲ့ ရင်းနှီးတဲ့ ဘာရိန်းမင်းသား Prince Salman Bin Hamad Bin Isa Al-Khalifa ဆီမှာ သွားနေခဲ့ ပါတယ်။ ဘာရိန်းမင်းသားက Michael ရဲ့အသုံးစရိတ် တွေကို ထောက်ပံ့ ပေးနေရုံ သာမက သူ့တိုင်းပြည် ကိုပါအထူး ဧည့်သည်တော် အဖြစ် ဖိတ်ခေါ် ခဲ့ပါတယ်။ ကိုယ်ပိုင် စတူဒီယို၊ စိတ်ဓာတ် ရေးရာ နှစ်သိမ့် ဆွေးနွေးသူ တစ်ဦးကိုပါ ခန့်ထား ပေးပြီး မင်းသားရဲ့ လေဘယ် အတွက် အယ်ဘမ်အသစ်၊ ကိုယ်ရေးမှတ်တမ်း စာအုပ်တွေ ထုတ်ပေးဖို့ ကတိထား ခဲ့ကြပါတယ်။ ဘာအလုပ်မှ မဖြစ်မြောက် ခဲ့တဲ့အခါ ဘာရိန်းမင်းသားက တရားစွဲဆိုမှု တွေပြုလုပ် ခဲ့ပါ တယ်။ Michael ရဲ့အကြွေးက $23.5 million ထိရောက်လာ ခဲ့ပါ တယ်။ ။ သူရဲ့ ရှိုးပွဲတွေမှာ ၀တ်နေကျ crystal လက်အိတ် တွေကိုပါ ထည့်သွင်းပြီး အကြွေး ဆပ်ခဲ့ရပါတယ်။ နောက်ပိုင်း နှစ်တွေ မှာတော့ Michael ကသူ့အိမ်မှာ ရှိတဲ့ သူ့ပိုင်ဆိုင်တဲ့ အရာတွေကို လေလံ မတင်နိုင်အောင် တရားစွဲပြီး တားခဲ့ ရပါတယ်။ နောက်ဆုံးက အကြွေးတွေ ဆပ်ဖို့ တစ်ကိုယ်တော် တေးဂီတ ဖျော်ဖြေပွဲပေါင်း ၅၀ကို အင်္ဂလန် နိုင်ငံ၊ လန်ဒန်မြို့မှာ ဆက်တိုက် ပြုလုပ်မယ်လို့ ကြေညာ ခဲ့ပါတယ်။ တချို့ကတော့ ဒီပြဿနာ အမျိုးမျိုးနဲ့ Pop ဘုရင်ကို အားပေးမယ့် ပရိသတ်တွေ ရှိပါဦး မလားဆိုပြီး သံသယ ၀င်ခဲ့ကြ ပါတယ်။ ဒီလို အမှုပေါင်း များစွာ ရင်ဆိုင်နေရ ပေမယ့်လည်း Michael ရဲ့ရှိုးတွေက အောင်မြင်ခဲ့ပြီး လူအများ ကလည်း ဆက်လက် အားပေး လက်ခံခဲ့ ကြပါတယ်။ ၂၀၀၉ခုနှစ် ဇူလိုင်လ ၈ရက်နေ့ရဲ့ အစောပိုင်းမှာပဲ Michael ရဲ့ "This is it" tour အတွက် လက်မှတ် တွေကို ၄နာရီ အတွင်းမှာ အကုန် ရောင်းချနိုင် ခဲ့ပါတယ်။ ဒါပေမယ့် စိတ်မကောင်း စွာဘဲ Michael ဟာသူရဲ့ အောင်ပွဲ ခံမယ့် tour မှာမပါဝင် နိုင်ခဲ့ပါဘူး။ ၂၀၀၉ခုနှစ် ဇွန်လ ၂၅ရက်နေ့မှာ Michael ရဲ့နှလုံးရောဂါ အခြေအနေ ဆိုးဝါး လာတာကြောင့် နေအိမ်မှာ အနားယူ ခဲ့ရပါတယ်။ အဲ့နောက်မှာ တော့ သူရဲ့ နှလုံးခုန်နှုန်းနဲ့ CRR ရပ်တန့် ခဲ့တာကြောင့် ဆေးရုံကို အမြန်ပို့ခဲ့ကြ ရပါတယ်။ အဲ့မနက်ပိုင်းမှာပဲ Michael ဟာကွယ်လွန် သွားခဲ့ပြီး သေဆုံးချိန်မှာ အသက်၅၀ပဲ ရှိပါသေးတယ်။ အဲ့ဒီ ဇွန်လ ၂၅ရက်နေ့ကို မှတ်မိကြ ဦးမယ် ထင်ပါတယ်။ Michael ရဲ့ရုတ်တရက် သေဆုံးတဲ့ သတင်းက မီးတောင်လို ပေါက်ကွဲ ထွက်ခဲ့ပြီး လူတွေက အင်တာနက် ကနေ အတည်ပြု နိုင်ဖို့ ရှာဖွေရင်း traffic တွေဖြစ်ခဲ့ ပါတယ်။ လူထုကြားမှာ ဝမ်းနည်း ပူဆွေးမှုတွေနဲ့ သနားမှု တွေကို ပွင့်အန် ထွက်လာ စေပါတယ်။ သူ့အတွက် အမှတ်တရ ကျောက်တိုင်တွေ ကိုလည်း သူနောက်ဆုံး ဖျော်ဖြေဖို့ စီစဉ်ထားတဲ့ လတာပြင်နဲ့ Indiana ပြည်နယ် Gary မြို့မှာရှိတဲ့ သူ့ရဲ့ ကလေးဘဝ နေအိမ်တို့ အပါအဝင် တစ်ကမ္ဘာလုံးမှာ စိုက်ထူခဲ့ ကြပါတယ်။ ၂၀၀၉ ဇူလိုင် ၁၂ရက် နေ့မှာ Los Angeles မြို့လည် Staples Center မှာပရိသတ် တွေအတွက် "ပေါ့ပ်ဘုရင်" ရဲ့အောက်မေ့ဖွယ် အခမ်းအနားကို ကျင်းပခဲ့ပြီး ရုပ်မြင်သံကြားမှာ တိုက်ရိုက် ထုတ်လွှင့် ခဲ့ပါတယ်။ Jackson မိသားစု ကတော့ မိသားစုနဲ့ ရင်းနှီးသူ ဧည့်သည် ၂၀၀ဦးသာ တက်ရောက်တဲ့ အသုဘ အခမ်းအနားကို Los Angeles မြို့ Forest Lawn Memorial Park မှာကျင်းပ ပြုလုပ်ခဲ့ ပါတယ်။ ကလေး နှစ်ယောက်ရဲ့ ခေါင်းကိုင်ဖခင် Macaulay Culkin၊ ဇနီးဟောင်း Lisa Marie Presley၊ မင်းသမီးကြီး Elizabeth Taylor တို့တက်ရောက်ခဲ့ ကြပါတယ်။ သူ့ရဲ့ သေတမ်းစာ အရ ကလေးတွေကို အဖွား Katherine Jackson ရဲ့အုပ်ထိန်းမှု အောက်မှာ ထားရှိခဲ့ ပါတယ်။ ဖခင်ရဲ့ ဆန္ဒအရ Paris၊ Machael Joseph Jr. နဲ့ Prince Michael II တို့ဟာ သိုသိုဝှက်ဝှက် နေထိုင်ခဲ့ ကြပြီး လူမြင်ကွင်းကို သိပ်မထွက် ခဲ့ကြပါဘူး။ Michael ရဲ့နောက်ဆုံး ပွဲအတွက် ပြင်ဆင် နေမှုတွေကို ရိုက်ကူး ထားတဲ့ "This Is It" လို့အမည် ပေးထားတဲ့ ရုပ်ရှင်ကို ၂၀၀၉ခုနှစ် October လမှာ ဖြန့်ချီ ခဲ့ပါတယ်။ အင်တာဗျူးတွေ၊ အကြို လေ့ကျင့်မှုတွေ၊ Jackson ရဲ့စင်နောက်ကွယ်က ပြင်ဆင်မှု တွေကို စုစည်း တင်ဆက် ထားတဲ့ ဒီရုပ်ရှင်ဟာ စဖြန့်တဲ့ အပတ်မှာပဲ ၂၃မီလျံ ရရှိခဲ့ပြီး box office မှာနံပါတ် ၁နေရာ အထိ တဟုန်ထိုး တက်လာ ခဲ့ပါတယ်။ This Is It ဟာတစ်ကမ္ဘာလုံးမှာ ဒေါ်လာ ၂၆၀မီလျံ ရရှိခဲ့တာပါ။ Jackson မိသားစုဟာ သူတို့ချစ်တဲ့ Michael Jackson သေဆုံးမှုကို ဒီလို နောက်ဆုံး အမှတ်တရ အောင်မြင်မှု နဲ့အတူ နိဂုံးချုပ် လိုက်နိုင်မယ်လို့ မျှော်လင့်ထား ကြပါတယ်။ ဒါပေမယ့်လည်း သေဆုံးမှု ဇာတ်လမ်းဟာ ရှည်ကြာနေ ခဲ့ပါတယ်။ ၂၀၁၀ခုနှစ် ဖေဖော်ဝါရီလမှာ သေဆုံးမှုနဲ့ ပတ်သက်ပြီး မှုခင်းဆရာဝန်ရဲ့ တရားဝင် အစီရင်ခံစာ ထွက်ရှိ လာတာဟာ မိသားစု အတွက် ကြေကွဲစရာ ဖြစ်စေ ခဲ့ပါတယ်။ အစီရင်ခံစာ အရ Michael က propofol လို့ခေါ်တဲ့ မေ့ဆေးကြောင့် အဆိပ်သင့် သေဆုံး ရတာပါ။ Demerol လိုအကိုက်အခဲ ပျောက်ဆေး၊ lorazepam၊ midazolam၊ benzodiazepine၊ diazepam နဲ့ ephedrine တို့လို သေစေနိုင် လောက်တဲ့ ဆေးတွေနဲ့ အတူတူ တစ်ချိန်တည်းမှာ သောက်ခဲ့လို့ ဆေးအလွန် အကျွံဖြစ်ပြီး နှလုံး အားနည်းစေ ခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ဒီဆေးတွေ အားလုံး နီးပါးဟာ ကန့်သတ် ထိန်းချုပ် ဆေးဝါးတွေ ဖြစ်ကြပြီး Michael ဟာသူ့ပုဂ္ဂလိက ဆရာဝန် Dr. Conrad Murray ရဲ့အကူအညီနဲ့ ဒီဆေးတွေကို ညအိပ်ပျော်ဖို့ သုံးခဲ့ပါတယ်။ Michael ဟာ propofol ကိုစွဲနေပြီလို့ ထင်တယ် ဆိုတဲ့ အကြောင်းကို Murray ကရဲကို နောက်ပိုင်းမှာ ပြောပြ ခဲ့ပါတယ်။ Murray ဟာဒီဆေးကို ညနေတိုင်း ၅၀မီလီဂရမ်စီ အကြောဆေး ထိုးပေးရပြီး မသေဆုံးမီမှာ ဆေးကို မျှဉ်းဖြတ်ဖို့ ကြိုးစားခဲ့ ပါတယ်လို့ အစီ ရင်ခံခဲ့ ပါသေးတယ်။ စုံစမ်းမှု တွေအရ Dr. Murray ဟာ California ပြည်နယ်မှာ ကန့်သတ်ဆေးဝါး တော်တော် များများကို ညွန်းဖို့ လိုင်စင် မရှိဘူး ဆိုတာ ပေါ်ပေါက် လာခဲ့ပြီး သက်သေ တွေအရ propofol သုံးစွဲနိုင်ဖို့ လိုအပ်တဲ့ ကုသမှု အဆင့်အတန်း မပြည့်မီ တာကို တွေ့ရှိခဲ့ တာကြောင့် Michael ကိုကယ်တင်ဖို့ သူလုပ်ဆောင် ခဲ့တဲ့အဆင့် တွေကို သေသေချာချာ စစ်ဆေး ခဲ့ပါတယ်။ ဆေးသုံးစွဲ နေစဉ် လူနာကို စောင့်ကြည့်ဖို့၊ ဆေးပမာဏကို အတိအကျ ပေးဖို့နဲ့ အသက်ရှု ကယ်တင်ဖို့ သတ်မှတ် ထားတဲ့ လိုအပ်တဲ့ စက်ပစ္စည်း ကိရိယာတွေ မရှိခဲ့ဘူး ဆိုတာကို တွေ့ရှိခဲ့ ရပါတယ်။ ဒါကြောင့်လည်း Michael ရဲ့သေဆုံးမှုကို လူသတ်မှု အဖြစ် သတ်မှတ်ခဲ့ပြီး Murray ဟာမရည်ရွယ်ဘဲ လူသေစေမှုနဲ့ စစ်ဆေးခံ ခဲ့ရပါတယ်။ ၂၀၁၁ခုနှစ် နိုဝင်ဘာလ ၇ရက်နေ့ မှာတော့ Murray ကိုမရည်ရွယ်ဘဲ လူသေစေမှုနဲ့ တရားစွဲ ခဲ့ပြီး အများဆုံး ထောင်ဒဏ် ၄နှစ် ကျခံစေရန် အမိန့် ချမှတ်ခဲ့ ပါတယ်။ ၂၀၁၂ နှစ်ကုန်ပိုင်း မှာတော့ သေဆုံးမှုဟာ အပြီးသတ် နီးပါး ဖြစ်ခဲ့ပေ မယ့်လည်း Jackson မိသားစုဟာ အရှုပ်ထုပ် နောက်တစ်ခုနဲ့ ရင်ဆိုင်ရ ပြန်ပါတယ်။ ၂၀၀၉ ခုနှစ်က Michael ရဲ့တစ်ကျော့ပြန် တေးဂီတ ပွဲစဉ်တွေ ဖြစ်တဲ့ "This Is It" ကိုစီစဉ်တဲ့ AEG Live ကုမ္ပဏီဟာ Michael တစ်ယောက် Murray ရဲ့စောင့်ရှောက် မှုအောက် ရှိနေစဉ်မှာ ထိရောက်တဲ့ ကာကွယ်မှု တွေပေးဖို့ တာဝန် ရှိပေမယ့် မပေးခဲ့ဘူးလို့ ယုံကြည် တဲ့အတွက် Jackson မိသားစုဟာ ဒီဖျော်ဖြေရေး ကုမ္ပဏီကို တရား ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့ ကြပါတယ်။ ကုမ္ပဏီဟာ Dr. Murray ကိုမငှားရမ်းမီ သူ့နောက်ကြောင်းကို သေချာစွာ စုံစမ်းစစ်ဆေး တာမျိုး မလုပ်ခဲ့ ဘူးလို့ အဓိက စွပ်စွဲခံ နေရတာပါ။ ပြီးတော့ ပြင်းထန်တဲ့ လေ့ကျင့် ဖျော်ဖြေမှု အစီအစဉ် တွေကြောင့် Jackson ဟာစိတ်ဖိစီးမှု များပြီး ဒီလိုဆေးတွေ သုံးစွဲခဲ့ ရတယ်၊ ရက်၆၀လောက် ကောင်းကောင်း မအိပ်စက် ခဲ့ရဘူး လို့လည်း စွဲချက် များမှာ ဖော်ပြ ပါတယ်။ AEG Live ဟာသူ့ရဲ့ ကျန်းမာရေး ချို့ယွင်း လာတာကို မသိကျိုးကျွံ ပြုနေတယ် လို့လည်း စွပ်စွဲခံ နေရပါတယ်။ အကြွေးတွေ ဆပ်ချင်တဲ့ Michael ရဲ့စိတ်ဆန္ဓနဲ့ ကုမ္ပဏီရဲ့ လောဘ ကြားမှာ Michael ကအသက် ပေးခဲ့လိုက် ရတာလား။ ဘာပဲဖြစ်ဖြစ် Michael Jackson ရဲ့ပရိတ်သတ် တွေကြားထဲမှာ Michael Jackson ကတော့ လင်းလက်တဲ့ ကြယ်တစ်ပွင့် အနေနဲ့ ထွန်း တောက်နေဦး မှာပါပဲ..



Written by: Noel,May Thet Su,

No comments :

Post a Comment

The lady movie

LinkWithin

Related Posts Plugin for WordPress, Blogger...