ဆိတ်သားဆီပြန်ဟင်း
Ingredients
Directions
ဆိတ်သားများကို နုပ်နုပ်စဉ်းပါ။ သံပရာရည်နှင့် နာနာနယ်ပါ။
ငရုတ်၊ ကြက်သွန်၊ ဂျင်း၊ ဇီယာ၊ သစ်ကြံပိုး၊ ငရုတ်ကောင်း၊ အားလုံးထောင်းပါ။
စဉ်းထားသောအသားနှင့် ထောင်းထားသော ငရုတ်ကြက်သွန် နည်းနည်း၊
မဆလာနည်းနည်းတို့ဖြင့် ရောနယ်ပြီး အလုံးကလေးများ လုံးထားပါ။ ဆီအိုးတည်ပြီး
၎င်းအသားလုံးကလေးများအား အနည်းငယ်အသားတင်းရုံ ကြော်ပါ။ ကရဝေးထောင်းထားသော
အမွှေးအကြိုင်များထည့်ပြီး ဆီသတ်ပါ။ အနည်းငယ်ကြော်ထားသော
ဆိတ်သားလုံးကလေးများထည့်၍ မွှေပါ။ ရေအနည်းငယ်ထည့်၍ အဖုံးအုပ်ပြီးထည့်ပါ။
ဆိတ်သားလုံးနူးနေလျှင် မဆလာဖြူး၍ ဆီကျန်ရေကျန်မီးဖိုမှ ချပါ။
စားသုံးနိုင်ပါသည်။
No comments :
Post a Comment